Part(36)

5.3K 438 27
                                    

Unicode

ဖေဖော်ဝါရီလ (၂၃)ရက်နေ့၊၂၀၁၈ ခုနှစ်..။
အလှမီးဆွဲများ ဆင်ယင်ထားသည့် အိမ်ရှေ့ မျက်နှာစာ ရှေ့၌...။

"ဟက်ပီးဘက်ဒေးပါ မဂ္ဂ"

"ကျေးဇူး မခ"

"ဒါက မွေးနေ့လက်ဆောင်"

"ဟာ....လုပ်ပြန်ပြီကွာ"

လက်ထဲရောက်လာသည့် သော့တွဲလေးအား မဂ္ဂ ဂရုတစိုက် ကြည့်နေမိသည်။ညောင်ရွက်ပုံ ကျောက်စိမ်းပြားလေးထက်တွင် ဒီကနေ့ ရက်စွဲလေးအား ရွှေရောင်စုတ်ချက်များဖြင့် ရေးဆွဲပုံ​ဖော်ထား၏။

"မင်းစီးနေကျ ကားတွေလောက်တော့ တန်ဖိုးမရှိဘူးပေါ့၊ဒီသော့ချိတ်လေးကတော့ ငါကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ဆိုင်မှာအပ်ထားတာမို့ မေတ္တာတွေ အပြည့်အဝပါတယ်။ကားကို မနက်ဖြန်မှ အိမ်မှာလာယူ"

"မင်းအတွေးထဲ တစ်စိတ်တစ်ဒေသလေးအဖြစ် ရှိ​နေပေးရင်ကို လုံလောက်နေပါပြီ မခရဲ့"

"ထားပါလေ၊မင်းဧည့်သည်တွေက ဘယ်မှာလဲ"

"ဧည့်သည်ရှာတာလား။ညီညီ့ကို ရှာတာလား။အဟင်း..."

"အာ...မင်းကလဲ၊ဧည့်သည် ပြောတာပါဆို"

ရှက်ကိုး ရှက်ကန်းဖြစ်သွားသည့် အမျိုးသားလေးဟာ အမှန်ကို သိမ်မွေ့လွန်းပါသည်။သို့သော် ဟိုးအရင်ကလို အကြာကြီး ငေးမကြည့်မိဖို့ မဂ္ဂ နားလည်ထား၏။

"ညီညီက အပြင် ခဏသွားတယ်။မင်းရယ်၊ ညီညီ့သူငယ်ချင်းတွေရယ် ကလွဲရင် ဘယ်ဧည့်သည်မှ မဖိတ်ထားဘူး။အင်း...အိမ်ထဲမှာတော့ လူကြီးမိတ်ဆွေတချို့ အဖေတို့ ဧည့်ခံနေတယ်။ကုမ္ပဏီနဲ့ လိမ္မော်ခြံမှာလည်း မနက်က ပါတီပွဲအကျဥ်းလေး လုပ်ပေးပြီးပေါ့"

"သြော်...အမေက လူရှင်းတဲ့အချိန်လောက်မှ လာမယ်လို့ ပြောနေတာ"

"အာ...ရပါတယ်"

သူတို့ စားသောက်ဖွယ်ရာများ စီရီစွာချထားသည့် စားပွဲအရှည်ကြီး၌ ထိုင်စကားပြောကြစဥ် ခြံထဲသို့ ကားနှစ်စီး ထိုးရပ်လာ၏။ရှေ့ကားမှ ဟိဏ်းနှင့် သုခက အရင်ထွက်လာကြပြီး နောက်ကားမှာတော့ ခွေးနှစ်ကောင်ကို တံခါး ဖွင့်ပေး​နေသည့် ဆန်းမြတ်နှင့် ကားနောက်ဖုံး လှပ်နေသည့် အနဂ္ဂပင်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now