Part(26)

6.8K 553 46
                                    

Unicode

     "အဲဒီတော့ မင်းသူ့ကို သွားမတွေ့ဘူးပေါ့"

     "အင်း"

     "အဟမ်း...ဘယ်နရက်ခံမှာမလို့လဲ"

    အနဂ္ဂတို့ လေးဦးသား အိမ်ရှေ့ခြံထဲမှာ စားရင်းသောက်ရင်း စကားပြောနေတာ ဖြစ်သည်။လဆန်းပိုင်းမို့ လအထွက်စောသည်။လပြည့်တော့မည်ဖြစ်သဖြင့် လောကတစ်ခွင် ထိန်ထိန်သာနေသည်။

      "ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ပါလားကွာ။Bourbonလေး,ငါးခွက်စာလောက်နဲ့ လည်ချောင်းတောင် မစွတ်ဘူး...အနက်ကောင်ရ"

   "ငါ့အခန်းထဲ ​ကြိုက်တာသွားယူ"

   အနဂ္ဂ၏ အခန်းထဲတွင် ဆေးခြောက်နဲ့ ဘိန်းမျိုးနွယ်ဝင်များကလွဲ၍ စီးကရက်အထွေထွေ၊ဝိုင်အမျိုးမျိုး၊ဝီစကီအစားစား မူးယစ်သေစာ အမျိုးစုံအောင် အကုန်ရှိ၏။

   ဆန်းမြတ်က သူ့ဘေးမှ ထရပ်ကာ ပြောပြောဆိုဆိုနှင့် အိမ်ထဲသို့ ပြေးဝင်သွားသည်။ကြွက်တွင်းဆိုတာ သူမှစစ်စစ်ဖြစ်၏။ မျိုသလောက်၊မော့သလောက် ဘယ်အပေါက်က ပြန်ထွက်မှန်းမသိအောင် သောက်နိုင်ပါပေသည်။

     "ဟေ့ကောင် ဒါက ဘာအထိန်းအမှတ်လဲ"

     အသားကင်နေသည့် ဟိဏ်းကမေးလာတဲ့အခါ ရှန်ပိန်လေးမော့ရင်း သူမကြားချင်ယောင်ဆောင်နေလိုက်သည်။ မျက်နှာချင်းဆိုင်မှာထိုင်နေသည့် သုခကတော့ ငါးကင်ကိုသာ တစွတ်စွတ် စားလို့နေ၏။

     "ငါမေးနေတယ် ကျွဲရဲ့"

     "နား ဘုရားဖူး,သွားတယ်"

     "သောက်ချီး(ချေး)...မတန်မရာတွေ မခိုင်းနှိုင်းစမ်းနဲ့ကွာ။'ပါးစပ်က ဘုရား ဘုရား၊လက်က ကားရား ကားရား'ကောင်ကများ.."

    အခုထိလည်း သူဂရုမစိုက်သေး​ချေ။ဟိဏ်းပြောတဲ့ တန်ရာ၊တန်ရာဆိုတာ 'ရင်ထဲဝင်အောင်းနေတဲ့ ငါ့ရဲ့လူကို ပြောတာလား'ဆိုပြီး မေးဖို့ပြင်ပြီးမှ ပါးစပ်,အပ်နှင့် ပြန်ချုပ်ထားလိုက်၏။ဆဲဆိုသံတွေကြားနာဖို့ ခရီးထွက်နေသည့် နား,က အခုထိ ပြန်မ​ရောက်သေးချေ။

     "Are you okay ?"

     "စင်တစ်ခုလုံး မ,လာခဲ့ပါတော့လား မသာ,ရယ်။မူးပြီးမှောက်ရင် ဘယ်နွားမှ အိမ်ထဲပွေ့မသယ်ပေးဘူးနော်"    

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now