ExtraFor SideCouple🖤

6.2K 328 36
                                    

Unicode

     "ဟိတ်....ဒါဘာလုပ်တာလဲ"

     "လိမ္မော်သီးခူးတာပါ"

     "ဟ....ဒီလိုရတယ်ပေါ့"

     "ရလို့ ခူးနေတာလေ"

     "ဟား ဟား လွန်ခဲ့တဲ့ (၇)နှစ်က ကောင်ငယ်လေးကို ပြန်တွေ့ရသလိုပါလား ချာတိတ်ရယ်"

     "လာ ဒီအပေါ်တက်ခဲ့"

   အ​​ပြာ​ရောင်တိုက်အိမ်နှင့် လိမ္မော်ခြံကြား အုတ်တံတိုင်းရိုးတစ်ခု ခြားထားသည်။ ထိုအပေါ်တွင် ခြေတွဲလဲချရင်း လိမ္မော်သီးစားနေသည့် (၂၄)အရွယ် ကောင်လေးရှိ​နေသည်။အင်း...လွန်ခဲ့သော ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၆)ရက်နေ့မှာ ကိုယ့်ကားဖြင့် ဝင်တိုက်မိခဲ့သည့် စက်ဘီးတစ်စီးနှင့် ကောင်ငယ်လေးပဲပေါ့။

   "တက်ခဲ့ပါဆိုဗျာ။ ခင်ဗျားတက်မလာရင် ကျွန်တော်လည်း မဆင်းဘူးနော်"

   "မင်းမိဘတွေ မြင်မှာမကြောက်ဘူးလား"

   "No ပါ။ကိုကိုကြီး ဟိုရက်ကအိမ်လာပြီး ဒယ်ဒီတို့နဲ့ စကားပြောတာ သိသားပဲ"

    "ဟာ....မင်းသိတယ်ပေါ့"

     "အင်း"

   မဂ္ဂ အုတ်တံတိုင်းပေါ်သို့ ကြား၌တစ်ထောက်ခံ ၍ ခုန်တက်ကာ သင်္ခဘေးဝင်ထိုင်လိုက်သည်။ထိုအခါ လိမ္မော်သီးခွာစားသည့် ကောင်းလေးက တစ်စိတ်မျှ ခွံ့ကျွေးလာ၏။

   "ကိုယ့်ခြံထဲ အခွံတွေ လွှင့်ထားတယ်ပေါ့"

    "ဆွေးသွားတဲ့အခါ မြေသြဇာဖြစ်သွားမှာပဲလေ။ခင်ဗျားအပင်တွေကို တစ်ဖက်တစ်လမ်းက ပျိုးထောင်ပေးတာပါ"

    "ဆော့ဝဲလ် အင်ဂျင်နီယာပေါက်စက စိုက်ပျိုးရေးအကြောင်းလည်း ပြောတယ်ပေါ့လေ"

    "(၃၅)နှစ်အရွယ် အဘိုးကြီးတောင် အချစ်အကြောင်းတွေ ပြောနေသေးတာပဲမလား"

     "ပြွတ်..."

     "အာ မာမီတို့ မြင်ကုန်တော့မှာပဲ"

   ကိုကိုကြီးက ကိုယ့်ပါးကို ဖျတ်ခနဲ လာနမ်းသည်မို့ သင်္ခနားဖျားလေးများ ရဲသွားရှာသည်။

    "မကြောက်ဘူးဆို"

    "သိသာသိစေမမြင်စေနဲ့ ဆိုတာ အလကားရှိနေတာ မဟုတ်ဘူး ခင်ဗျားရဲ့"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now