Part (16)

7.1K 644 52
                                    

Unicode

    "အမောင် သင်္ခ....မင်းလူကြီးက လာရောလာဦးမှာလား"

   "ရွှေဒင်္ဂါးမောင်မောင်စံ...မင်းပါးစပ်ပုပ်ကြီးက ကော်ရည်စိမ်ထားဖို့ပဲ ကောင်းတယ်...သိလား။ငါပြောရင်"မင်းအိမ်ကနွားမကြီး လင်နောက်လိုက်သွားပြီ"ဆိုရင်တောင် မင်းယုံလိုက်"

    "မြတ်သောသင်္ခတို့က လျှာကို အဝီစိဖောက်ဝင်မတတ် ရှည်တော်မူပြန်ပြီ...ငါ့အိမ်မှာ ဘယ်နွားက ရှိရမှာတုန်း"

   "မင်းကျတော့ရော...ပြောပုံဆိုပုံနဲ့နာမည်က လိုက်ဖက်ပါပေတယ်။မင်းတုန်းမင်းလေးဘက်ကုန်းခေတ်က ဆိုင်းသမားလိုလို၊ပြဇာတ်မင်းသားလိုလိုနဲ့...မင်းနာမည်ခေါ်ရင်း အသက်ထွက်ရတော့မယ် မောင်ရွှေဒင်္ဂါးမောင်မောင်စံရဲ့"

   "ဒီနာမည်ကို နယ်နယ်ရရထင်နေသလား။ အမေ့ဝမ်းထဲမှာကတည်းက ပုပ္ပါးမြေမှာ အုန်းပွဲငှက်ပျောပွဲကို ခုနစ်ရက်ခုနလီလုပ်ပြီးမှ တောင်းခံထားတာကွ"

    "သောက်ကျိုးနည်း...မင်းက မမွေးခင်တည်းက အကြားအမြင်ရနေလို့လား"

    "အမေပြောပြတာ​ပေါ့ မောင်သင်္ခရ"

    အဝါရောင်နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်မှန်ပြတင်းဝတွင် မှန်ပြောင်းကိုယ်စီဖြင့် ကောင်လေးနှစ်ယောက်က လိမ္မော်ခြံဘက် မျက်နှာမူလျက် ပါးစပ်တလှုပ်လှုပ်ဖြင့် စကားနိုင်လုနေကြသည်။ အကြည့်တို့ကတော့ ထိုခြံမှ မခွာကြ..။

    "ဟို...ဟိုမှာ လာနေပြီ"

    "ဘယ်မှာလဲ"

    "ဟိုမှာ​လေကွာ...ကားပေါ်က ဆင်းလာပြီ။ဆင်စွယ်ရောင်အင်္ကျီနဲ့တစ်ယောက်"

     "တယ်ချောသကိုး...အမောင် သင်္ခလေးတို့ သဘောကျရှာ​ပေမှာပေါ့လေ"

     "စကားကို အသက်နဲ့လိုက်အောင် ပြောစမ်းပါကွာ။ လေယူလေသိမ်းကိုက ဧယင်ကျူးတော့မယ့် ရွှေမင်းသမီးလိုပဲ"

    မောင်မောင်ဟာ သင်္ခနှင့် သက်တူ၊ရွယ်တူပဲ ဖြစ်သော်လည်း စကားပြောလိုက်လျှင် ကမ္ဘာ​ကြီးကို သူထမ်းပိုးတော့မလို တခမ်းတနားကြီးတွေ ဖြစ်​နေ၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now