Part(7)

7.9K 639 28
                                    

Unicode

   "ခင်ဗျားလက်တော့ ကျိုးမသွားဘူးမလား"

   "မကျိုးပါဘူး ကိုယ့်ဘာသာသိတယ်၊ဖယ်တော့ ဒီမှာအိပ်ရမှာမလား"

  "နာနေသေးလား"

  မြေမခ အနဂ္ဂထည်ကို မျက်လုံးချင်းဆုံအောင် ကြည့်လိုက်ရင်းဖြင့်...

  "ဒါက မင်းပုံစံအမှန်လား အနဂ္ဂထည်"

  "ဘာလို့လဲ"

  "မင်းက ထင်သလောက်လည်း မဆိုးလှပါဘူး"

  "ထင်လား..."

  အနဂ္ဂက သူ့အားလှောင်ထေ့ထေ့ကြည့်ပြီး ပြန်မေးသည့်အခါ မြေမခ ဘယ်လိုဖြေရမည်မသိ ဖြစ်သွားသည်။အဲဒီနောက် ခန့်မှန်းရခက်စွာ ပြုံးပြီး ရေချိုးခန်းဘက် ဦးတည်သွားသော နောက်ကျောပြင်တစ်ခုမှာ သူအဖြေရှာမိသည်။အမှန်တကယ်လည်း အနဂ္ဂထည်ဟာ မှန်းဆရခက်တဲ့ လူတစ်ယောက်ပင်။

   အချိန်​ကြည့်မိတော့ နာရီလက်တံ နှင့် မိနစ်လက်တံက (၉)ရှိရာမှာ ညွှန်ပြနေပြီ။အနဂ္ဂပြန်မရောက်လာခင်ပဲ သူအိပ်ပျော်တော့မည်ထင်၏။အတွေးများကို အိပ်မက်တွေက အစားထိုးသည်။ခေါ်သံသဲ့သဲ့ ကြားသော်လည်း သူ့မျက်လွှာတွေက ပြန်ဖွင့်ကြည့်ဖို့ အားအင်တွေ ကုန်ခမ်းနေပြီ။
 
   "အရား...ဒီလောက်ခေါ်နေတာ တကယ်မကြားတာလား မြေမခသော...အအိပ်လွယ်ပုံက ဘယ်လိုတောင်လဲ"

  အနဂ္ဂဟာ နက်စွေးစွေးမွေ့ရာပေါ်မှ ချည်သားဝမ်းဆက်မိုးပြာရောင်နှင့် ပိုးတုံးလုံးအသွင် အိပ်နေသူအား မျက်တောင်မခပ် စိုက်ကြည့်နေမိသည်။အသားအရည် ဖြူဝင်းပုံက အနက်ပေါ်မှာမို့ ပိုထင်းနေ၏။

  ရှည်ကော့ကော့ မျက်တောင်တွေက မျက်ဝန်းမို့မို့ထက် ငြိမ်သက်စွာ အိပ်စက်နေပြီ။နီညိုရောင် နှုတ်ခမ်းသားတို့က အနည်းငယ်ပွင့်ဟနေပြီး အသက်ရှူနေပုံရကာ မြင်နေရတဲ့ သူကိုယ်တိုင်တောင် အောက်ဆီဂျင် ပြတ်တော့မည့် လူတစ်ယောက်နှယ် နှလုံးခုန်နှုန်းတွေ မြန်ချင်လာသည်။

   "ခင်ဗျား အိပ်ပျော်နေတဲ့အခါ မရင့်ကျက်သေးတဲ့ လူငယ်လေးတစ်ယောက်နဲ့ သိပ်တူတယ် မြေမခသော"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now