Part(38)

5.3K 417 30
                                    

Unicode

     ဧပြီလ (၁၇) ရက်၊၂၀၁၈ ခုနှစ်၊နှစ်ဆန်း(၁)ရက်နေ့...။

     ထိမ်းမြားမင်္ဂလာ ကတိသစ္စပြုလွှာဆိုပြီး အနက်ရောင်စာလုံးလေးများ ရှိနေသည့် အဖြူထည် လက်ထပ်စာချုပ် မျက်နှာဖုံးပေါ်ဝယ် ကားတွန်သဏ္ဌာန် ရေးခြယ်ထားသည့် အမျိုးသားငယ်နှစ်ဦးက နေရာယူထား၏။

    ဂျူတီကုတ်ဝတ်ထားသည့် တစ်ဦးဟာ ကိုယ့်အား နံရံတွင်လက်ထောက်ရင်း ပိတ်ရပ်နေသူ၏ ရင်ဘတ်ကျယ်တွင် နားကြပ်လေးဖြင့် စမ်းသပ်နေသည့် အသွင်ဖြစ်သည်။၄င်း ကတိပြုလွှာလေးဘေးတွင်တော့ စိန်​ခြယ်ထားသည့် အနက်ရောင် ဘောပင်လေးနှစ်ချောင်းက နေရာယူ၏။

     "ခင်ဗျားကို ရိုးမြေကျ စောင့်ရှောက်မှာမို့ မနက်ဖြန်တွေ ပန်းခင်းလမ်းဖြစ်စေဖို့ရာ ကျွန တာဝန်ထားပါ...သော"

     "ထည်...ငါ မင်းကိုယုံတယ်"

    တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေသည့် မျက်ဝန်းတို့မှာ အရည်ကြည်လေးများ ဝဲခိုနေ​ကြသည်။နှုတ်ခမ်းတို့အား ပြုံးထားကြသည်။မေတ္တာတွေ သိပ်ခမ်းနားပါကြောင်းတော့ ကတိပြုလွှာလေးနှစ်ခုက သက်​သေပြု​ကြ၏။

    "လက်မှတ်ထိုးပြီးပြီ ဆိုတော့ နှစ်ဖက်မိဘ ကန်တော့ကြစို့ ညီညီ"

    "ဟုတ်...ကိုကြီး"

   သူ့အား ပျော်နေခဲ့သလား ဝမ်းနည်းနေခဲ့သလား မေးလျှင် ဒီပေါင်းစည်းမှုကိုကြည့်ရင်း မဂ္ဂကြည်နူးမိတာက အမှန်ပါ။ မခ,အတွက် သူဝမ်းမြောက်မိသလို ညီညီအတွက် ဂုဏ်ယူမိသည်။ တစ်စုံတစ်ယောက် အတွက်တော့ သူဘာလုပ်ပေးနိုင်မည်လဲ။   

    "သားကြီး...ဝင်ထိုင်လေ"

    "ဟာဗျာ...ကျွန်တော်ပါ ကန်တော့ခံရမှာလား"

    "အေးပေါ့ကွ"

    "အဖေကလဲဗျာ...ကျွန်တော် မခထက် တစ်လတိတိငယ်တာကို သိရက်နဲ့"

     "အဟင်း...ငါ့ထက် အမြဲတမ်း အကြီးလုပ်ချင်နေတဲ့ မင်းက အခုတော့ အမှန်ကိုလက်ခံပြီပေါ့လေ"

    "ကြီးပဲ ကြီးချင်တာ၊ကန်တော့,တော့ မခံချင်ဘူးလေကွာ"

    ရှက်ကိုးရှက်ကန်းဖြစ်နေသည့် မဂ္ဂအား မြေမခထိုင်နေရာမှ လှမ်းစက ခပ်သဲ့သဲ့ ရယ်မိပါသည်။မဂ္ဂကို လက်တွဲဖော်တစ်ယောက်လို မချစ်ခဲ့ရုံမှတစ်ပါး သူအများကြီး သဘောရတာပါ။အိုပါစေ၊ပျိုပါစေ အချိန်အခါမရွေး ဒီသူငယ်ချင်းအတွက် သူ့အသက်ကို စွန့်လွှတ်ရဲသည်။ဒါဟာ စစ်မှန်သည့် မေတ္တာပင်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now