Part(40)

5.7K 386 24
                                    

Unicode

     (၅)နှစ်ခန့် ကြာပြီးသည့်နောက်....။

  "ထည်....အခုထိ မထသေးဘူးလား"

  "အင်း....ခဏလေး သော,ရာ"

   "မင်းဆိုလိုတဲ့ ခဏလေးဆိုတာ မိနစ်လက်တံတွေ နာရီပြောင်းသွားတာကို ပြောတာလား။အသက်ပဲ (၂၈)ရှိနေပြီ။အခုထိ ကလေးလို ပေကပ်နေတုန်း...ပြောမရ၊ဆိုမရနဲ့"

     အနက်ရောင် စောင်ပုံကြား စုံးစုံးမြှုပ်အောင် ခိုအောင်းနေသူအား မြေမခ အင်္ကျီထုတ်​ပေးနေရင်းမှ ဆူပူနေရသည်။ယခုတိုင် အသုံးအဆောင်တွေ အနက်ရောင် ဖြစ်နေရခြင်းမှာ ကိုယ့်အလိုကျသာဖြစ်၏။

    ကိုယ့်ကြောင့် သူ့ပုံစံအား ပြောင်းလိုက်ရမှာကို မလိုလားပါ။အနက်ရောင်ရပ်ဝန်းမှာ ကိုယ်တိုင်ကိုယ်ကျ နေသားကျခဲ့ပြီ မဟုတ်လား။ထိုလူနှင့် ဖြတ်သန်းခဲ့သည့် ကာလများဝယ် အချစ်နဲ့မေတ္တာကို ကောင်းစွာ နားလည်ခဲ့ရသည်။အင်း....ဂျစ်ကန်ကန် စကားတွ​ကြားမှာ အချစ်ကို ရှာတွေ့ခဲ့သည်ပေါ့။

   "ထပါဆို ထည်ရာ"

   "အာ...ပွစိပွစိနဲ့ ခင်ဗျားက အဖိုးကြီးလိုပဲ"

   "ဒီအဖိုးကြီးက မင်းရဲ့ယောကျ်ားပဲလေ"

   "သော...သော....သော...သောရာ...သော,ကကွာ"
  
    နောက်ဆုံးတော့ စောင်ပုံထဲက အနဂ္ဂ ကြုံးထလိုက်ရပြီ။ဒီလူဟာ ကိုယ့်နိုင်ကွက်ကို ကောင်းကောင်း သိနေပြီ။ကိုယ်က သူ့အညှာ ကိုယ့်ယောက္ခမအား အပိုင်ချိုင်ခဲ့သမျှ သားဖြစ်သူ ကိုယ့်အမျိုးသားက ကိုယ့်အညှာကိုပြန်ကိုင်လာသည်။အင်းလေ။ဒီတော့လည်း အချစ်ပိုရတာအပြင် ဘာရှိဦးမှာလဲ။

    "ဖယ်နော်...မျက်နှာမသစ်၊သွားမတိုက်နဲ့ မင်းကိုယ်မင်း မှန်ထဲသွားကြည့်ဦး"

   "အဖက်ခံချင်လို့ နှိုးနေတာ မဟုတ်ဘူးလား"

   "ထည်...."

    လက်​တွေက ခါးကိုဖက်ရင်း နှုတ်ခမ်းတွေက လည်ကုတ်စပ်တွေကို ထိတွေ့လာသည့် လူကြောင့် မြေမခ ဗီရိုဖွင့်နေရင်းမှ ရပ်တန့်လိုက်ရသည်။မဖြစ်လို့သာ နှိုးရသည်။နိုးလာပြီးရင် ရေချိုးခန်း တန်းမဝင်ဘဲ လူကို ပွတ်သီးပွတ်သပ် လုပ်တတ်တာက သားနှစ်ကောင်ဆီက အကျင့်တွေသင်ထားသလား အောက်မေ့ရ၏။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now