Part(4)

8.4K 718 28
                                    

Unicode

     အနဂ္ဂ ဧည့်ခန်းထဲမှာထိုင်ရင်း စာအုပ်ထိုင်ဖတ်နေ​သည်။သို့သော် စိတ်ပါဝင်စားလွန်း၍ မဟုတ်​ချေ။​ သားနှစ်ကောင်ကား တခေါခေါဖြင့် စက်တော်ခေါ်နေကြပြီ ။

  "Ring...Ring.."

   ကျွန်းမြစ်များဖြင့် အလှဆင်ထားည့် စားပွဲပေါ်မှ ကိုကြီးရဲ့ဖုန်းအား သူကောက်ကိုင်လိုက်သည်။ခေါ်ဆိုသူကတော့ မြေမခသော,ပဲ ဖြစ်၏။

  "ဟယ်လို"

  "ပတ္တမမြားတစ်ဆင်လောက် လိုချင်လို့မဂ္ဂ...အဲတာ..."

  "အဟက်...ခင်ဗျားက ဒီလိုလည်း လွယ်လွယ်တောင်းတတ်တာပဲလား"

   "မင်း...အနဂ္ဂထည်"

  "ဟုတ်ပါတယ်ဗျ...ကျွန်တော် အနဂ္ဂထည်ဟုတ်ပါတယ်...အဟင်း"

   "မဂ္ဂ မရှိဘူးလား"

   "မ.."

   "ညီညီ ဘယ်သူ့ဆီကဖုန်းလဲ"

    "ကိုကြီးရဲ့ အချစ်တော်လေ"

    "မင်းကတော့လား"

    မြေမခသော,ကို လိမ်ပြောမလို့ ကြံတုန်းရှိသေး ကိုကြီးက အနားရောက်လာ၍ ဖုန်းကို လှမ်းပေးလိုက်ရ၏။

  "ဟယ်လို မခ"

  "......"

  "သြော်..ကိုယ်နိုင်ငံခြားဧည့်သည်တစ်ယောက်နဲ့ ချိန်းထားပြီးသားဖြစ်နေတယ်"

  "......"

  "ဒီလိုလုပ်လေ...ညီညီကို ပြခန်းလိုက်ပို့ခိုင်းပေးမယ်။ သူပါတော့ ပိုအဆင်ပြေတာပေါ့"

  "....."

  "ရတယ်...သူအားနေတာ...ခဏနေ ထွက်လာခဲ့လိမ့်မယ်"

  "....."

  "ဟုတ်ပါပြီ"

  သူ ကိုကြီးပြောသမျှ ကြားနေရသေယ်လည်း စာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။မျက်လုံးက ကြည့်နေစေကာမူ ဦးနှောက်ကတော့ စာထဲတွင် မရှိပေ။

  "ညီညီ...မခ,ကို ရတနာပြခန်းကို လိုက်ပို့ပေးလိုက်ပါဦး။မင်းလည်း ပြန်ရောက်ကတည်းက သွားမကြည့်ရသေးဘူးမလား"

  "ဘာအတွက်လဲ သူ့စော်ပေးဖို့တဲ့လား"

  "ပေါက်ပေါက်ရှာရှာကွာ...အဒေါ်တစ်ယောက်အတွက်ပါတဲ့။နေပါဦး...သူ့ဘာသာ ဘယ်သူ့ပေးပေး....မင်းကဘာဖြစ်ရတာလဲ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now