Part(24)

6.6K 542 24
                                    

Unicode

     "ငါ့ကြောင့်....သိလား ဆန်းမြတ်....ငါ့ကြောင့် ဖြစ်ရတာကွာ"

     "အဲလိုလည်း မဟုတ်ပါဘူး နက်ကြီးရာ။စိတ်ကိုလျှော့ထား...ဒီဆေးရုံမှာရှိတဲ့ ခွဲစိတ်ဆရာဝန်အားလုံးက အထင်ကရတွေချည်းပဲ။ဒယ်ဒီက အကောင်းဆုံးတွေကိုပဲ ဆေးရုံအတွက် ငှားထားတာ"

     'Sun Private Hospital' ဆိုတာ ဆန်းမြတ်တို့ မိသားစုပိုင် ဖြစ်သည်။ပြည်သူ့ဆေးရုံကြီးမှာဆိုလျှင် စစ်ဆေးမေးမြန်ခြင်းများဖြင့် ရှုပ်ယှက်ခတ်နေဦးမည်။ယခုလည်း မစိုးရိမ်ပါနဲ့လို့ ဘယ်လိုပဲပြောပြော သူ့စိတ်တွေဟာ လက်ရှိမှာ ခွဲစိတ်ခန်းအတွင်းက နှစ်ဦးသားတွင်သာ ရှိနေ၏။ကိုယ်က ကာကွယ်ပေးမယ်လို့ ကြွေးကြော်ခဲ့သမျှ ကိုယ့်ကြောင့်ပဲ ထိခိုက်နာကျင်ကြရတဲ့အခါ ဖြေစရာ ဗလာနတ္ထိပါပဲ။

     "အခြေအနေ ဘယ်လိုလဲ"

    ဆန်းမြတ်နဲ့ သူ့ဘေးကို ဟိဏ်းကအပြေးရောက်လာရင်း ပျာပျာသလဲ မေးသည်။

  "ခွဲခန်းဝင်နေတယ်...ဟိုကောင်တွေ ကျစ်ယ.."

     "​နေတေဇရှိန်က မင်းချိုးလိုက်တဲ့ လက်တစ်ဖက်အပါအဝင် အောက်ပိုင်းမလှုပ်နိုင်တော့ဘူး။ ကျန်တဲ့ကောင်တွေလည်း တစ်ယောက်မှ အကောင်းမကျန်ဘူး"

    ဟိဏ်းက သူ့အိမ်မှ စီးပွားရေးမှန်သမျှကို စိတ်မဝင်စားသော်လည်း ဖခင်၏တိုက်တွန်းမှုကြောင့် မဖြစ်မနေလုပ်ရသည့်အခါ နောက်ကွယ်မှာ လက်နက်ရောင်းဝယ်ရေးအတွက် 'NA'အဖွဲ့အစည်းကိုပါ တည်ထောင်ထားတာ ဖြစ်သည်။သူ့လူ၊သူ့အလုပ်ကို ထိပါးလာပါက 'ခလုတ်ထိမှ အမိတ' ကိန်း,ဆိုက်သည်အထိ အသက်မသေရုံတမယ် ပြန်လည်ချေပတတ်သည်။

    ယခုလည်း ​ဖြစ်ပျက်သမျှ ကိစ္စအဝဝကို သတင်းအစအနပါ မပေါက်ကြားစေဖို့ အားလုံးကို ဟိဏ်းကတာဝန်ယူ ထိန်းညှိနိုင်သည်။ ဒီနယ်တစ်ခွင်မှာ ဟိဏ်းက အဆိပ်ပြင်းသည့် ရှင်ဘုရင်ပင်။ အနေအထားက 'သူ့အမှားကြောင့် ကိုယ့်အလွန်'ဖြစ်ရတဲ့အခါ ဒီလောက်နဲ့ ကျေနပ်ပေး လိုက်ရတာမျိုးဖြစ်၏။ ဒါက လောက နိယာမ တရားလို ဖြစ်နေပြီ။

     "ငါ့လူတွေ အတွက်တော့ မင်းခေါင်းထဲ ထည့်မ​နေနဲ့။ဟန်နဟိဏ်းက မပိုင်ရင် 'မှက်'တောင် မရိုက်ဘူး"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now