Part(28)

7.1K 544 75
                                    

Unicode

"ထည်..."

"ခဏလေးပဲ...ခဏလေးပဲ ဖက်ထားပါရစေလား...သောရယ်"

"အာ့..."

"ဘာဖြစ်တာလဲ...ဒဏ်ရာက နာသွားလို့လား"

"အင်း...နည်းနည်း..."

"ကျစ်...ထပ်လုပ်မိပြန်ပြီကွာ။ ခင်ဗျားကိုနာကျင်အောင် ထပ်လုပ်မိပြန်ပြီ"

"သိပ်မနာပါဘူး"

အနဂ္ဂက ဖက်နေရာမှ ဖယ်ခွာလိုက်ပြီးနောက် ပျာပျာသလဲ ဂရုစိုက်နေပြန်၏။ အနဂ္ဂထည်ဆိုတာ မြေမခအတွက်တော့ အနာပေးလိုက်ဆေးလိုက်ပင် ။ သို့သော် သူဘယ်တုန်းက အပြစ်မြင်ခဲ့ဖူးပါသလဲ။

"ချစ်တယ် သောရဲ့...ရှိသမျှ အားအင်တွေ အစုပ်ယူခံလိုက်ရသလို ခံစားရတဲ့အထိ ရူးမတတ်ချစ်ရပါတယ်"

"ငါ...ဆေးရုံသွား..."

"ဘာလုပ်လဲ...ဒဏ်ရာတောင် အနာမကျက်သေးဘဲနဲ့"

"ငါခွင့်မဲ့ပျက်ကွက်တာ ကြာနေပြီလေ၊ကြာရင် ငါအလုပ်ဖြုတ်ခံရမှာပေါ့"

"အလုပ်ပြုတ်တော့ ဘာအရေးလဲကွာ...ခင်ဗျားကို ကျွန်တော် ဘာမွေးမှ မီးမလောင်အောင် ထားပေးနိုင်တယ်"

"မင်းစကားကြီးကလဲ"

"ဟုတ်တယ်လေ"

"...."

"ခင်ဗျားက ကျွန်တော့်ရဲ့ ကန့်သတ်နယ်မြေလေးမို့ ယင်ဖို၊ယင်မ တစ်ကောင်မှအစ မဝဲစေရတဲ့အထိ တယုတယ ထိန်းသိမ်းစောင့်ရှောက်ပေးမှာ..."

"အာ...အနဂ္ဂထည်"

"ကဲပြော...ဘယ်တော့ အဖြေပြန်ပေးမှာလဲ"

"ဘာလဲ...အဲတာက..."

မြေမခ ချောင်ပိတ်တဲ့ စကားတွေကြား ကျားရှေ့ မှောက်ရက်လဲရတာပင် ။ မျက်နှာများပါ ထူပူလာသည်အထိ နေရခက်လာတာမျိုး ကြုံနေရပြီ။

"ကားပေါ်တက်..."

"ဘယ်ကိုလဲ.."

"တစ်နေရာရာကို..."

"ဘာလုပ်ဖို့လဲ.."

"အချစ်တွေ ဘယ်လောက်လှပကြောင်း လိုက်ပြပေးမလို့..."

မြေမခ ကားပေါ်သို့ မလွဲသာစွာ တက်လိုက်ရသည်။ အမိန့်မဆန်သည့် စကားတို့ကိုလည်း သူနာခံချင်မိပြန်သည်။ (၂၈)ဆိုသည့် ဒီအသက်အရွယ်ရောက်မှ တည်ငြိမ်မှုတွေအားလုံးက ဒီဆင်ရိုင်း​တုံးရဲ့ ပြုစားမှုအောက်မှာ လုံးပါး,ပါးရတော့မည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now