Part(37)

5.6K 426 40
                                    

Unicode

     "မမခင်မီ...သားငယ်အစား ငြိမ်းက တကယ်ကျေးဇူးတင်ပါတယ်ရှင်"

    "မဟုတ်တာပဲ။ ကျွန်မအနေနဲ့လည်း သားအတွက် စိုးရိမ်နေခဲ့မိတာ။ တကယ်တမ်း သားမပျော်ရွှင်မှာကို ကျွန်မမျက်စိလျှမ်းနေခဲ့တယ်လေ။ ချစ်ခြင်းမေတ္တာတွေဟာ လိုရာကိုစေလိုရတဲ့ နယ်ရုပ်တွေမှ မဟုတ်ကြတာပဲ"

    အနဂ္ဂတို့ တစ်မိသားစုလုံး ဒေါ်ခင်မီခအိမ်သို့ ဆိုက်ရောက်နေကြတာ ဖြစ်သည်။မားက ဘယ်လို စည်းရုံးလိုက်သည်မသိသော်ငြား ယောက္ခမဖြစ်သူကတော့ မီးစိမ်းဘက်ကို အလေးသာပြီဖြစ်၏။ ဒေါ်သရဖီငြိမ်းဆိုတာ သားတူအမေပင်။ စကားတတ်တာ မဆန်းကျယ်လှ​ချေ။

   "ကဲ...သားငယ် မင်းသဘောကရော"

   "ကျွန်တော်က ကျွန်တော့်လူသဘောပဲ"

  "လူလည်ကောင်မှာ ချောတိုင်တက်မပြချင်နဲ့​နော်...ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ​ဖြစ်နေမယ်"

   "မားကိုလည်း လူကြား၊သူကြားဆို သားဖြစ်သူကို ငဲ့ငဲ့ညှာညှာ စာနာထောက်ထားပြီး ဒေါက်ဖြုတ်​စေချင်ပါတယ်။ မတော်တဆ မားပါ,ပစ်လဲရင် ပါး,ရင်ကျိုးရလိမ့်မယ်လေ"

   "ငါက တစ်ချက်ဆို၊ မင်းက နှစ်ချက်​လောက် ပြန်ဆော်တာပဲနော် သားငယ်"

   "စေတနာနဲ့ပါ မားရာ" 

   "အဟမ်း...မင်းတို့သားအမိကို အိမ်ပြန်ရောက်မှ "သူနိုင် ကိုယ်နိုင် အပြိုင်အဆိုင်" ဆိုတဲ့ ခေါင်းစဥ်နဲ့ စကားရည်လုပွဲ ငါဒိုင်လုပ်ပြီး ​ပြိုင်ခိုင်းရမယ် ထင်တယ်"

    "အဖေ့ဘက်က ထောက်ခံပါတယ်။လိုအပ်ရင် ကျွန်တော် ပရိသတ်လုပ်ပေးမယ်နော် အမေ"

    "ဒီသားအဖ အတိုင်အဖောက် ညီနေတယ်ပေါ့လေ"

     "မှန်တယ်လေကွာ"

     "ရှင်နော် ရှင်"

    ပါးနဲ့မားက သူတပြန် ငါတလှည့် ပြောဆိုနေခိုက် အနဂ္ဂကတော့ မျက်နှာချင်းဆိုင်က ကိုယ့်လူကိုသာ ခြေစခေါင်းဆုံး မျက်စိအစာကျွေးထားလိုက်၏။ ဘယ်အချိန်ဖြစ်ဖြစ် ဒီလူသားက အေးမြနိုင်စွမ်းသည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now