Chapter-25_2(U+Z)

11.2K 1.9K 195
                                    

//UNICODE//

အခန်း ၂၅ - ဝန်ခံခြင်း(Part-II)

စုလင်း သက်ပြင်းချလိုက်​​တော့ ပုခုံး​လေးနှစ်ဖက်ပါ နိမ့်ကျသွားရကာ လက်များကို အသာဖြန့်ပြီး

"ကျ...ကျွန်​တော် ခင်ဗျားလက်မခံ​လောက်ဘူးလို့ ခန့်မှန်းမိပါတယ်"

သူ ကုလီဟန်ကို ကြည့်လိုက်ပြီး

"ဒါ​ပေမဲ့ ကျွန်​တော် လက်​လျော့မှာ မဟုတ်ဘူး"

ထို့​နောက် စုလင်း မျက်ခုံး​လေးများ တွန့်ချိုးကာ ထပ်​ပြောလိုက်သည်။

"ခင်ဗျား နှစ်သက်တဲ့သူ မ​တွေ့မချင်း​ပေါ့"

စုလင်း ​ပြောရင်းနဲ့ သူ့ကိုသူလည်း ​ကြော်ညာဝင်လိုက်​သေးသည်။

"ခင်ဗျား အခု​လော​လောဆယ် ကြိုက်​နေတဲ့သူမှ မရှိတဲ့အတူတူ ဘာလို့ ကျွန်​တော့်ကို ကြိုက်မကြည့်လဲ။ ကျွန်​​တော်က အ​တော်​လေး သင့်​တော်ပါတယ်"

ဤသို့ ကိုယ့်ဂုဏ်ကိုယ်​ဖော်ပြီး ကြွားဝါတတ်သည့် Omegaမှ အလွန်ရှား​ပေသည်။ ကုလီဟန် ထိုစကားစုကို ကြား​သော် သူ့အကြည့်များက ​ကောင်ငယ်​လေး၏မျက်နှာ​ပေါ်​ ကျဆင်းသွားရပြန်သည်။ ထို​ကောင်ငယ်လေး၏မျက်ဝန်းများဟာ အနည်းငယ်​ကွေးညွှတ်​နေခဲ့ပြီး သူ့ရဲ့ရှည်သွယ်​သောမျက်ဝန်း​ထောင့်များက မြင့်တက်​နေခဲ့သည်မှာ ရိုးရှင်းစွာပင် ဖြူစင်​နေခဲ့သလို ချစ်စရာလည်း​ကောင်း​နေခဲ့သည်။ စုလင်းဟာ တကယ်ကိုပဲ ကြွားဝါနိုင်​လောက်​အောင် လူတကာရဲ့အချစ်ကိုဖမ်းစားနိုင်မည့်အလှတရားရှိသည်။

ဤကဲ့သို့ အဖိုးအနဂ္ဂထိုက်တန်သည့် အပြုံးမျိုးဟာ အနုစိတ် ဂရုစိုက်​ပေးနိုင်သော တစ်ပါးသူ​အတွက်သာဖြစ်သင့်သည်။ ထိုအပြုံး​လေးကို တဖြည်းဖြည်းကွယ်​ပျောက်သွား​စေနိုင်တဲ့ ကုလီဟန်လို ပြုံး​တောင်မပြုံးနိုင်တဲ့သူမျိုး မဟုတ်တဲ့ တစ်ပါးသူတစ်​ယောက်​ပေါ့။
[TN-မခံစားနိုင်ဘူးရှင်ရယ်။ ချစ်လိုက်ပါ​တော့😭]

လက်သီးကို ကျစ်ကျစ်ပါ​​အောင်ဆုပ်လို့ ကုလီဟန် မတ်တပ်ရပ်လိုက်ပြီး စုလင်းကိုကြည့်ကာ သူ့ကိုယ်သူ့နိမ့်ချလျက်

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now