Chapter-26(U+Z)

11.4K 2K 250
                                    

//UNICODE//

အခန်း ၂၆ - ရှန်းမိုယွီ

ကုလီဟန်ရဲ့စကားကို ​ကြား​​တာနဲ့ နာလူးရဲ့ အသံက သိသိသာသာကို မြင့်တက်သွားသည်။

"သူက ဘာလို့ထွက်သွားတာလဲ? မင်းနဲ့​တွေ့ဖို့ Villaကို ပြန်သွားတာ မဟုတ်လား?"

ကုလီဟန် ခဏ ငြိမ်သွားပြီး

"စိတ်ဝိညာဥ်ပင်​တွေကို ဆက်ငှားစရာ မလို​တော့ဘူး။ အဲ့ဒါ​ကြောင့် သူဒီ​နေ့ Villaက​နေ ​ပြောင်းသွားတာ"

ဆိုင်က မပြန်ခင် စုလင်း​ပြောခဲ့တဲ့ စကား​တွေကို ​တွေးမိပြီး နာလူး စိတ်မပူဘဲမ​နေနိုင်​တော့​ချေ။

"သူ့ကို ​ပြောင်းဖို့ မင်း​ပြောလိုက်တာမလား? ဟုတ်တယ်မလား? သူက မင်းကို ကြိုက်​နေတာဆို​တော့ ​သေချာ​ပေါက် သူ့ဘာသာသူ​တော့ ​ပြောင်းမှာမဟုတ်ဘူး"

"သူ....ကျွန်​တော့်ကိုကြိုက်တာ ခင်ဗျားသိတယ်?"

ကုလီဟန်နှုတ်ခမ်းကို တင်းတင်း​စေ့မိသည်။

"​သေချာ​ပေါက် သိတာ​ပေါ့ကွ! မင်းကို မကြိုက်ဖို့ သူ့ကို ငါတား​လို့ မရခဲ့ဘူး"

နာလူးဟာ စိုးရိမ်​ကြောင့်ကျ​နေဟန်နဲ့ တတွတ်တွတ်​ ရေရွတ်​​နေမိ​တော့သည်။

"သူအရမ်းဝမ်းနည်းသွားလို့များ ​တစ်​နေရာရာမှာ သွားပုန်း​နေတာလား မသိဘူး?"

နာလူး: " ​ကျေးဇူးပြုပြီး မင်းရဲ့Villaတဝိုက်က ကင်မရာ​တွေကို စစ်​ဆေးကြည့်​ပေးပါဦး။ ငါလည်း သူ့ကို ကြိုးစားပြီး ဆက်သွယ်ကြည့်မယ်"

နာလူး စကားဆုံးတာနဲ့ ဖုန်းချပြီး စုလင်းကို ဖုန်းထပ်​ခေါ်​တော့သည်။

ကုလီဟန်က ဒိုမီကို ​နေ့လည်ပိုင်းတုန်းက Villaတဝိုက်မှ ​စောင့်ကြည့်ကင်မရာ​တွေကို ပြန်ဖွင့်ပြခိုင်းခဲ့သည်။ သူက ၄ကြိမ်​လောက်ကြည့်ပြီးတဲ့​နောက် စုလင်း လက်​ကောက်ကတဆင့် တွင်း​ပေါက်​မြေပုံ ကို ကြည့်​နေတဲ့ ​နေရာမှာ Pause ခလုတ်နှိပ်ပြီး ရပ်လိုက်သည်။ စုလင်းက ​ရုပ်ဖျက်အင်္ကျီကို ဝတ်ထားခဲ့ပြီး ​မြေပုံကိုကြည့်​နေခဲ့တာ ဖြစ်ပြီး သူဘာလုပ်မလဲ ဆိုတာ သိသာလှ​ပေသည်။ ကုလီဟန်အပြင်ထွက်လာပြီး စုလင်းရဲ့ဖုန်းနံပါတ်ကို​ခေါ်လိုပ်​ပေမယ့် ပြန်ဖြေမလာခဲ့​ချေ။ သူ့​မေးရိုးမှာ တင်းမာ​သွားရကာ စုလင်းဆီမှာ မ​ကောင်းတာတစ်ခုခုဖြစ်နိုင်​ချေကို စဥ်း​တောင်း မစဥ်းစားရဲ​ခဲ့ချေ။ မဆိုင်းမတွဘဲ ကုလီဟန် ရှာ​ဖွေ​ရေးအဖွဲ့ကို ဆက်သွယ်ကာ

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now