Chapter 29(U+Z)

11.5K 2.1K 168
                                    

//UNICODE//

အခန်း ၂၉ - [အခြေအနေ]

ကုလီဟန် Villaထဲ လှည့်မဝင်ခင် တံခါး​ပေါက်မှာ ခဏကြာသည်အထိ ရပ်​နေခဲ့မိသည်။ သူ တစ်စုံတစ်​ယောက်ဆီ စာပို့လိုက်ပြီး​ ဒုတိယထပ်ကို သွားခဲ့သည်။ သူ Isolatorကို ဖြုတ်ကာ ​ရေချိုးခဲ့ပြီး​နောက် ချည်သားညအိပ်ဝတ်စုံကို လဲလိုက်သည်။ ခန္ဓာကိုယ်သက်​တောင့်သက်သာရှိမှုက သူ့အမူအယာ​ကိုလည်း ​ပြေ​လျော့သွား​စေခဲ့သည်။ ထို့​နောက် စာကြည့်ခန်းကိုသွားပြီး နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

​ခေါ်ဆိုမှုက လျှင်မြန်စွာပဲ ချိတ်ဆက်သွားခဲ့ပြီး တစ်ဖက်မှ စိတ်ကျန်းမာ​ရေးဆရာဝန်မေးလ်ရဲ့ တည်ငြိမ်ညင်သာသည့်အသံ ထွက်လာသည်။

"​ကောင်း​သော ည​နေခင်း​ပါ"

ကုလီဟန်က သူ့ကို ပြန်နှုတ်ဆက်ပြီးသည်နှင့် ​မေးလ်က​ တန်း​မေးလာသည်။

"တိုးတက်မှုရှိလား?"

ကုလီဟန် တံ​တောင်​​ကို​ကွေးပြီး လက်​တွေကို နဖူးမှာ ​ထောက်ကာ

"ဟင့်အင်း ကျွန်​တော် ခင်ဗျား အကူအညီလိုတယ်"

​မေးလ်:" ကူညီ​ပေးဖို့ ဝမ်း​မြောက်ဝမ်းသာလျက်ပါ။ မင်းရဲ့ လက်ရှိအ​ခြေအ​နေကို ​ပြောပြပါဦး။ မင်းကို ပြုံး​စေနိုင်တဲ့ တစ်​ယောက်နဲ့​ကော အဆက်သွယ်ရှိ​သေးလား?"

ကုလီဟန်:"ရှိတယ်"

​မေးလ်က ချက်ချင်းပဲ ဆက်​မေးလာသည်။

"အကျိုးသက်​ရောက်မှုက​ကော ဘယ်လိုလဲ?"

ကုလီဟန် ခဏ တိတ်ဆိတ်သွားခဲ့သည်။ သူက ​မေးခွန်းကို​ရှောင်ကာ ပြန်​မေးလိုက်သည်။

"သူ ကျွန်​​တော့်ကို ကူညီမ​ပေးနိုင်ဘူး။ တစ်ခြား နည်းလမ်း တစ်ခုခုများ ရှိဦးမလား ​မေးချင်လို့ ခင်ဗျားကို ဆက်သွယ်လိုက်တာ"

​ကောင်ငယ်​လေးရဲ့​ဘေးမှာ ​နေရတာ သက်​တောင့်သက်သာရှိပြီး ​ပျော်ရွှင်ရ​ပေမယ့် ​ကောင်ငယ်​လေး ဝန်ခံလာပြီး​တဲ့​နောက် အရာအားလုံးက ​ပြောင်းလဲသွားသည်။ မတိုင်ခင်က ကုလီဟန် ​ကောင်ငယ်​လေးအနား​ နေရတာ ကြိုက်သည်၊ ကောင်ငယ်​လေးကို ကူညီ​စောင့်​ရှောက်ရတာ သူ့အတွက် သဘာဝကျသည်ဟု ခံစားခဲ့ရသည်။ ​ကောင်ငယ်​လေး ဝန်ခံမလာခင်ထိ Alphaနဲ့Omegaကြားက ခံစားချက်​တွေကို ထည့်မစဥ်းစားမိခဲ့​ချေ။ သူ့ နှလုံးခုန်သံ​တွေက ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပြီး သူ့နှလုံးသားမှာ တစ်ခါမှ မခံစားခဲ့ရဖူးသည့် ​ပျော်ရွှင်မှုက လှိုင်းထန်​နေခဲ့သည်။ ဤ တုန့်ပြန်မှုများက ကောင်ငယ်​လေးအ​ပေါ် သူ့ခံစားချက်ဟာ ခင်မင်ရုံ မဟုတ်ဘူးဆိုတာကို သ​ဘော​ပေါက်​စေခဲ့သည်။ကုလီဟန်က တစ်ခါမှ မချစ်ဖူး​သော်ငြားလည်း အရူးတစ်​ယောက်မဟုတ်ပါ​ချေ။ သူငယ်ချင်းတစ်​ယောက်ရဲ့ ဝန်ခံမှုကို ဘယ်သူကမှ ဒီလို တုန့်ပြန်မှာ မဟုတ်​ပေ။ ဒီခံစားချက်​တွေကို နားလည်ပြီးတဲ့​နောက်မှာ ​ကောင်ငယ်​လေးရဲ့အပြုံးက သူ့အတွက် ကျိန်စာတစ်ခုလို ဖြစ်သွားခဲ့သည်။ ထိုအ​ပြုံးက ဟိုးအရင်ချိန်​တွေမှာ သူဖိအား​ပေးခံရပြီး သွားခဲ့ရသည့် ဘလိုင်းဒိတ်​တွေကို အမှတ်ရ​စေသည်။ ​ထိုလူ​တွေရဲ့ ကြောက်ရွံ့​နေကြသည့်အမူအရာ​တွေ၊တုန်လှုပ်​နေကြတဲ့အကြည့်​တွေက သူ့စိတ်ထဲမှာ ဆက်တိုက် ​ပုံရိပ်ထင်လာသည်။ ပထမဆုံး ဘလိုင်းဒိတ်မှာ အဲ့လိုမဖြစ်ခဲ့​ပေမယ့် ဒုတိယအကြိမ်၊ တတိယအကြိမ်​တွေမှာတော့ အမြဲတမ်း တူညီ​သော ရလဒ်နဲ့သာ အဆုံးသတ်ခဲ့သည်။ ​ကောင်ငယ်​လေးမှာ သိပ်ကို လှပသည့် အပြုံး​လေးရှိ​ပေသည်။ သူ(SL)သာ အမူအယာမဲ့တဲ့သူနဲ့ အတူရှိ​တော့မယ်ဆိုရင် သူ(SL)ထပ်ပြီး သည်းမခံနိုင်​တော့ တစ်ရက်​ ရောက်လာမှာဖြစ်ပြီး သူ့အပြုံး​တွေကလည်း ကုန်ဆုံးသွား​ပေလိမ့်မည်။ လူတိုင်းဟာ သူတို့နှစ်သက်သူဆီက​နေ ​​မျှော်လင့်တာ တစ်ခုရှိတတ်ကြသည်။ မျက်နှာ​သေနဲ့ လျစ်လျူရှုမှု​တွေအစား သူတို့ချစ်သူရဲ့ အပြုံးတစ်ခုကိုသာ ​မျှော်လင့်တာမျိုးဖြစ်သည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now