Chapter - 31(U+Z)

11.7K 2.1K 34
                                    

//Unicode//

အခန်း ၃၁ - [စစ်ဆေးခြင်း]

ဆေးရုံကို​ရောက်​သော် စုလင်း ​ဒေါက်တာနီအန်းနဲ့​တွေ့ဖို့ ချိန်းဆိုမှုနံပါတ်တစ်ခု ယူချင်ခဲ့​ပေမယ့်လည်း ယ​နေ့အတွက် နံပါတ်ကုန်သွားခဲ့ပြီဖြစ်သည်။ ဝန်ထမ်းများကို ​မေးမြန်းကြည့်​သည့်အခါ ​ဒေါက်တာနီအန်းဟာ အနားယူရမည့် အသက်အရွယ် ​ရောက်​နေခဲ့ပြီဖြစ်​ကြောင်း စုလင်း သိလိုက်ရသည်။ သူဟာ ​ဆေးရုံရဲ့ အထူးကုပ​ရော်ဖက်ဆာဆရာဝန် တစ်​ယောက်ဖြစ်သည်နှင့်အညီ ​နေ့တိုင်း တစ်ရက်ကို လူနာ ၁၀​​ယောက်သာလက်ခံ​တွေ့​ဆုံသည်။ ​သူဟာ သာမန် အ​ထွေ​ထွေဖျားနာခြင်းကို စစ်​ဆေး​ပေး​လေ့မရှိဘဲ Pheromone ထိန်းချုပ်မှုဆိုင်ရာ ပြသာနာရှိ​သော လူနာများသာ သူနှင့် ​တွေ့ဖို့ ​တောင်းဆိုနိုင်သည်။ စုလင်းက သာမာန် ခန္ဓာကိုယ်စစ်​​ဆေးမှု လာလုပ်တာဖြစ်​သော​ကြောင့် သူ တစ်ခြား ဘယ်အထူးကုကို ​ရွေးရမလဲသာ စတင် စဥ်းစားတော့သည်။

နာလူးက အ​လျော့မ​ပေးဘဲ ​ပြောလာသည်။

"​ဒေါက်တာနီအန်းက မင်းအ​ခြေအ​နေကို အရင်းနှီးဆုံးပဲ။ တစ်ခြားဆရာဝန်​တွေက ရှန်းမိုယွီဆိုတာ​တောင် သိမှာမဟုတ်ဘူး"

စုလင်းက အဆင်​ပြေ​ကြောင်း ပြန်​ပြော​တော့ အချိန်မှာပဲ လက်​ကောက်က မြည်လာသည်။ သူ ဖုန်းကိုင်လိုက်ချင်းပဲ ဒယ်ရီရဲ့ ​မေးမြန်းသံက တန်းထွက်လာသည်။

"မင်း အခု ​မွှေးရနံ့ဘားမှာရှိလား? ကျွန်​တော် ဆိုင်
​ရှေ့တံခါးမှာရောက်​နေပြီ။ ကျွန်​တော်လည်း အချိန်အား​လေး ခဏရတုန်း မင်းကို စိတ်​ဝိညာဥ်ပင်ကုန်ကြမ်း​တွေ ကူရိတ်သိမ်း​ပေးမလို့"

စုလင်း ခဏ ကြက်​သေ​သေသွားပြီးမှ မျက်ဝန်း​လေး​တွေ ​ကွေးညွှတ်သွားကာ

"စိတ်ဝိညာဥ်ပင်​တွေ ဆိုင်ကို​ရောက်​နေတာ ဘယ်လိုလုပ်သိလဲ?"

ဒယ်ရီ:"ဥက္ကဋ္ဌကု​ပြောတာ။ သူက ​ပြော​သေးတယ် ငါ ထွက်လို့ရရင် မင်းကို ကူညီပြီး စစ်​ဆေး​ပေးဖို့​လေ။ ဒါ​ပေမဲ့ မင်းဆီက ဘာဆက်သွယ်မှုမှ မရခဲ့ဘူး။ အဲ့​တော့ မင်း ဆက်သွယ်ရမှာ အားနာ​နေသလားလို့ ငါပဲ လက်ဦးမှု ရယူပြီး ဆက်သွယ်လိုက်တာ"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now