Chapter-33_2

10.9K 2K 105
                                    

//UNICODE//

အခန်း ၃၃ - [ဖိတ်ကြားချက် ၂ ]

စုလင်း ဧည့်ခန်းဆီ ပြန်လာတဲ့အခါ ဆိုင် စဖွင့်​နေပြီဖြစ်သည်။ သူ နာလူးကို မ​တွေ့တာ​ကြောင့် ​ရှောင်ပင်းကို ​မေးလိုက်သည်။ ​ရှောင်ပင်းက ရုံးခန်းကို ညွှန်ပြရင်း ​ပြောလာသည်။

"လူ​တွေအများကြီးပဲ စီးပွား​ရေးကိစ္စ​ဆွေး​နွေးမယ်ဆိုပြီး လာကြတာ ခုထိ နှစ်​ယောက်ကျန်​သေးတယ် မပြန်​သေးဘူး"

ထို့​နောက် သူက ​ရှေ့နားတိုးကာ အသံနှိမ့်ပြီး တီးတိုး ထပ်​ပြောလာသည်။

"ပြီး​တော့ အဲ့၂​ယောက်ရဲ့ ​နောက်ခံက မ​သေးဘူးဗျာ။ ​ရှောင်းမိသားစုရဲ့ သခင်ငယ်​လေးက လူကိုယ်တိုင်ကို ​ရောက်ချလာတာ"

စုလင်း မျက်ခုံးပင့်လိုက်မိသည်။ ​ရှောင်းမိသားစုဟူ၍ကြားလိုက်သည်နှင့် ​လင်းမန်နှင့် ဆက်ဆံ​ရေး​ကောင်း​လေးရှိသည့် ဇာတ်လိုက် Gong ​ရှောင်းရွိကို ချက်ချင်း တွေးလိုက်မိသည်။ ပုံပန်းကို​ ပြောရမယ်ဆိုရင်​တော့ စုလင်းက သူ့ကို ​ကျောင်းမှာ အ​ဝေးကသာ မြင်ဖူး​ပေသည်။ ထို့​ကြောင့် ရုံးခန်းထဲရှိလူက ​ရှောင်းရွိ ဟုတ်လား သူ မ​သေချာ​ပေမယ့် ​​ရှောင်​နေလိုက်ဖို့ပဲ စုလင်း ဆုံးဖြတ်လိုက်သည်။ စုလင်း ​ကျောင်းချီ​ပြောတာကို (သူ​ရှောင်းရွိကို လိုက်တာနဲ့ ပတ်သတ်ပြီး) အခုထိ မှတ်မိ​နေဆဲပင်။ ဘယ်လိုပဲဖြစ်ဖြစ် သူ​ ရှောင်းရွိနဲ့ကိစ္စတစ်ခုခု သက်ဆိုင်​​နေတယ်ဆိုတဲ့ အထင်လွဲမှုမျိုး အရှိမခံနိုင်​ပေ။

သို့​သော် ကိစ္စများသည် သူ့အ​တွေးအတိုင်း မဖြစ်ခဲ့​ပေ။ သူ တစ်ခြား တံခါးက​နေ အပြင်ထွက်သွားဖို့ပြင်​နေစဥ်မှာ ညာဘက်က​နေ နာလူး ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ နာလူး​နောက်ရှိလူ၂​ယောက်အနက် တစ်ဦး​မှာ ​ရှောင်းရွိ ဖြစ်ပြီး ရှပ်အင်္ကျီနဲ့ ​ဘောင်းဘီရှည်ကို တွဲဖက် ဝတ်ဆင်ထားသည်။ ဇာတ်​လိုက်ရဲ့ ဆွဲ​ဆောင်မှုက တကယ် ခိုင်မာတာကို​တော့ စုလင်း ဝန်ခံရ​ပေမည်။ အသက်၁၈နှစ်သာရှိ​သေး​သော်လည်း ​ရှောင်းရွိက အလွန် အရပ်ရှည်ပြီး ​အ​ရောင်အဝါတောက်ပကာ ချော​မောခန့်ညား​ပေသည်။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now