Chapter -34_1

10.6K 2.1K 169
                                    

//UNICODE//

အခန်း ၃၄ - [Susceptibleကာလ ၁]

စုလင်း စား​သောက်ဆိုင်ထဲသို့ ဝင်လာတဲ့အခါ စားပွဲထိုးတစ်ဦးက ချက်ချင်း နှုတ်ဆက်လာသည်။

"မင်္ဂလာပါ ခင်ဗျ ကြိုတင် မှာယူမှုရှိပါသလား?"

စုလင်း ဟုတ်​ကြောင်း​ 'အမ်း' ဟု အသံပြုကာ

"အခန်း ၁၀၈၊ ​တစ်​ယောက်​ယောက် ​ရောက်​နေပြီလား?"

စားပွဲထိုးက ​ခေါင်းယမ်းကာ

"မ​ရောက်​သေးပါဘူး"

စုလင်း အနည်းငယ် အံ့သြသွားသည်။ စား​သောက်ဆိုင်က ​မွှေးရနံ့ဘားနဲ့စာလျှင် Villa နဲ့ ပိုနီးတာ​ကြောင့် သူကသာ ​နောက်ကျ​နေလိမ့်မယ်လို့ စုလင်း ထင်​ခဲ့မိတာ ဖြစ်​ပေသည်။ သို့​သော် ခဏမျှ​တွေးလိုက်​တော့ သူ့နတ်ဘုရား မှာ ကိုင်တွယ်​ဖြေရှင်းစရာ အလုပ်ကိစ္စ​တွေ ရှိတာ​ကြောင့် သူနောက်ကျတယ်ဆိုတာ ယုတ္တိရှိပေသည်။ ​ပြောရရင် စုလင်း ဖုန်း​ခေါ်တဲ့ ၆နာရီ ၃၀ဆိုသည်မှာ ပုံမှန်​နေ့​တွေဆို သူ့နတ်ဘုရားက ညစာ စားပြီးသားအချိန်ဖြစ်သည်။ ဒါ့​ကြောင့် ကုလီဟန်ရဲ့စရိုက်အရ သူသာ စားပြီးသားဆိုရင် အဲ့ဒါ​လေးနဲ့​တော့ လိမ်​နေမှာ မဟုတ်​ပေ။ ခု ​နောက်ကျ​နေသည်မှာ ​ဖြေရှင်းစရာကိစ္စ ရှိလို့သာ ဖြစ်​ပေမည်။

စားပွဲထိုး:"ဧည့်ခန်းမှာ ​စောင့်မလား? သီးသန့်ခန်းကို အရင်သွားမလား ခင်ဗျ?"

ထို​မေးခွန်း​ကြောင့် စုလင်း ဧည့်ခန်းရဲ့ဘယ်ဘက်ရှိ ဆိုဖာကို တစ်ချက်ကြည့်လိုက်သည်။ အဲဒီမှာ လူအတော်များများအပြင် နမ်းနေတဲ့စုံတွဲတစ်တွဲပါ ထိုင်နေ​​ပေသည်။  ထို့ကြောင့် စုလင်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်​တော့သည်။

“သီးသန့်အခန်းကို သွားမယ်"

"ကျေးဇူးပြုပြီး ကျွန်​တော့်​နောက် လိုက်ခဲ့ပါ။"

စုလင်း စားပွဲထိုး​နောက်မှ ညာဘက်အခြမ်းဆီလိုက်လာခဲ့ပြီး ခဏမျှ​ လျှောက်ပြီး​နောက် ​ထောင့်​ချိုးတစ်ခုသို့ ​ရောက်လာသည်။ သီးသန့်ခန်းများဆီ ဦးတည်​သော စင်္ကြန်သည် ညာဘက်တွင် ရှိ​ပေသည်။ ထို့​နောက် စုလင်း သွား​နေရင်း ရပ်လိုက်သည်။ စားပွဲထိုးက သူ့ကို နားမလည်စွာ ကြည့်လာသည်။ ဘာ​ကြောင့်လဲဆိုတာ သူမ​မေးနိုင်ခင်မှာပင် စုလင်းက ​အခန်းထောင့်ရှိ စင်​ပေါ်မှ အလှဆင်ပန်းအိုးကို ညွှန်ပြပြီး

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now