Chapter-35 (U+Z)

12K 2.1K 105
                                    

//UNICODE//

အခန်း ၃၅ -[ မှတ်ပုံတင်ခြင်း]

စုလင်း ထိုပုံကို တစ်ချက် ကြည့်လိုက်ရုံဖြင့် မှတ်မိလိုက်သည်။ အလှဆင်ပန်းအိုး၏ပုံစံ၊ ​နောက်ခံနံရံတို့ဟာ ယမန်​နေ့က သူတို့အတူ ညစာစားခဲ့သည့် စား​သောက်ဆိုင်နှင့် အတူတူပင်။ သူ့နတ်ဘုရားကို​ပေးခဲ့သည့် ပန်းက အလှပန်းအိုးတွင် မရှိ​တော့​ချေ။ စုလင်းမျက်နှာတွင် ထူးဆန်းသည့်အမူအရာ တစ်ခု ​ပေါ်လာရသည်။

ဒီ ပို့စ်က​လေ တကယ်ကြီး သူ့ အ​ကြောင်း ​ပြော​နေကြတာ ဖြစ်နိုင်ပါ့မလား?

စုလင်း ပို့စ်ကို နှိပ်လိုက်ကာ Omega​လေးရဲ့အသွင်အပြင်ကိုချီးကျူးထား​သောစာသားများနှင့် ​လေထုအ​ကြောင်း​ရေးဖွဲ့ထားသမျှကို ​ကျော်ကာ ပို့စ်၏ဆိုလိုရင်း အဓိက အချက်ကို တန်းဖတ်လိုက်သည်။

"Omega​လေးက ပန်းကိုယူပြီး သူထိုင်တဲ့ဆိုဖာ​နောက်မှာ ဂရုတစိုက်​လေး ထားထား​ရှာတာ။ အဲ့ဒီအချိန်မှာကွာ သူ့မျက်ဝန်း​လေး​တွေက တဖျတ်ဖျတ်ကို လက်​နေခဲ့တာ"

"Alpha လည်း အခန်းထဲဝင်လာ​ရော သူက အဖမ်းစားခံလိုက်ရသလို ​ငေးကြည့်​နေခဲ့​သေးတာ"

"သူတို့ ဆိုင်က ထွက်သွားကြ​တော့ ပန်းက​လေးက ကျန်ခဲ့တယ်။ သိသိသာသာပါပဲ Omega​လေးက  အငြင်းခံလိုက်ရတာ"

"ငါ အခုထိကို Omega​လေးအတွက် စိတ်မ​ကောင်းဖြစ်မိ​နေတုန်းပဲ။ ငါအလုပ်ပြီး​တော့ သီးသန့်ခန်းကိုရှင်းရတဲ့ ငါ့လုပ်​ဖော်ကိုင်ဖက်နဲ့ စကားစမြည်​လေး​ဘာ​လေး ပြောဖြစ်ခဲ့တယ်။ သူက ဘာ​ပြောလဲသိလား? အရမ်းချမ်းသာမယ့်ပုံ​ပေါက်တဲ့ ထူးဆန်းတဲ့ Alpha တစ်​ယောက်ကတဲ့ သီးသန့်ခန်းကို ပြန်လာပြီး သာမန်နှင်းဆီပန်း​လေးတစ်ပွင့်ကိုကွာ သူ့ကိုယ်ပိုင်​နေရာလွတ်ထဲ ဂရုတစိုက် အမြတ်တနိုး ထည့်သိမ်း​နေခဲ့တာတဲ့"

ထို​နောက်ဆုံး စာပိုဒ်တွင် ပြတင်း​ဘောင်​ပေါ်မှ စပယ်ဖြူပင်​လေးရဲ့ပုံပါ တွဲတင်ထားသည်။
 
"ဆွတ်ပျံ့လွမ်း​မောစရာ ရင်ထဲထိမိ​စေတဲ့ အချစ်ဇာတ်လမ်း​လေးတစ်ပုဒ် ငါ့စိတ်ထဲ ​ပေါ်လာတယ်"

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now