ကလေးလေးမွေးလာပြီ(ကေလးေလးေမြးလာၿပီ)

3.8K 717 44
                                    

ကလေးလေးမွေးလာပြီ

မုယိဖန်သည် ကျန်းကောစုန်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နာကျင်မှုကို တောင့်ခံကာ "ရမ်းကု၊ ဘာ......ဘာကမွေးတော့မှာလဲ...? "

"......."ကျန်းကောစုန်းသည် သူ့ကိုယ်သူ ကိုယ်ဝန်ရှိနေပြီဟူသည်ကို မယုံကြည်သော အမျိူးသား တစ်ဦးအား မီးဖွားတော့မည်ကို မည်သို့ရှင်းပြရမည်မှန်း အမှန်တကယ် မသိပေ။

သူက တွေတွေကြီး စိုက်ကြည့်နေသော လုလင်းကို ကြည့်ကာ." မင်းက ဒီမှာ ဘာလို့ ကိုတွန်းနေတာလဲ ဒါမှမဟုတ် မင်း ငါပြန် တွန်းတာတော့ မလိုချင်ဘူးမလား ?"ဟုဟောက်လိုက်သည်။

လုလင်းက ကြောင်နေရာမှ သတိဝင်လာပြီး " အာ...အို....အိုး....?"

သူနာကြားမှားတာတော့ မဟုတ်ဖူးမလား?

ဒေါက်တာကျန်းက မုယိဖန်က မွေးတော့မှာတဲ့?

အဲ့ဒါဘာကိုဆိုလိုတာပါလိမ့်?

သူထင်နေသလိုတော့ မဟုတ်ဘူးမလား?

လုလင်းသည် ဘီးတပ် ကုလားထိုင်ကို သူတို့နေထိုင်ရာ ဗီလာဆီသို့ အမြန် တွန်းပြေးရသည်။

ဗီလာသို့ ပြန်သွားရာတွင် မုယိဖန်သည် သူ့ဗိုက်ကြောင့် နာကျင်မှုကို မခံမရပ်နိုင် ခံစားနေရသည်။

လုလင်းသည် အဝလွန်နေသော မုယိဖန်ကို သယ်ဆောင်ရန် အမှန်တကယ် မတတ်နိုင်ပေ။ ထို့ကြောင့် သူက အိမ်ထဲရှိ လူများကို အကူအညီ တောင်းရတော့သည်။ " စန်းဇီဟောင်..... လာကူညီပေးအုံး "

စန်းဇီဟောင်သည် လုလင်း၏ စိုးရိမ်သောအသံကို ကြားရပြီး ခြေလှမ်းကျဲကြီးများဖြင့် အိမ်ထဲမှ ပြေးထွက်လာသည်။

မောင်းယုနှင့် ရှန်းကောတို့သည်လည်း အခြေအနေကို ကြည့်ရန် ထွက်လာကြသည်။

လုလင်းက " စန်းဇီဟောင် ငါတို့ နှစ်ယောက်စလုံးက တစ်ဖက်တည်းကို အမြန် မကြမယ်။ "

"ဘာဖြစ်တာလဲ ?" စန်းဇီဟောင်က ငြီးတွားနေသော မုယိဖန်ကို ကြည်ပြီး မရင်း မေးလိုကိသည်။

" ငါမသိဘူး။"

ကျန်းကောစုန်းက စိုးရိမ်တကြီးဖြင့် " မင်းတို့ သူ့ကို မြေအောက်ခန်းက စားပွဲခုံဆီ ခေါ်သွားလိုက်။"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now