အခန်း ၁၄၃

880 221 6
                                    

အခန်း ၁၄၃:ဒီကလေးကို ကျွန်တော်ကိုယ်တိုင် မွေးထားတာ

မုယွဲ့ချန်သည် မုယိဖန်အား ဓာတ်လှေကားဖြင့် အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်သွားပြီး မုယိဖန်၏ ပခုံးပေါ်တွင် ထိုင်နေသော ကလေးငယ်ကို ကြည့်နေသည်။

ဒါက သူ့သားရဲ့သားလား?

ဒါပေမယ့် ဒီကလေးက နှစ်နှစ်သုံးနှစ်လောက်ရှိပြီလေ?

ဒီကလေးအကြောင်း မုယိဖန် ပြောတာ သူဘာလို့ မကြားမိတာလဲ?

ထို့အပြင် ကလေးအား သူ ပိုကြည့်လေလေ၊ အခြားလူနှင့် တူလေလေ၊ ကလေးသည် မည်သူနှင့်တူသည်ကို ခဏတာမျှပင် မမှတ်မိပေ။

မုချင်ထျန်းသည် မုယွဲ့ချန်က သူ့ကိုယ် မရပ်မနားကြည့်နေသည်ကို မြင်လိုက်ရပြီး သူ့မျက်လုံးများက မုယွဲ့ချန် ဆီသို့ လျင်မြန်စွာ လှည့်ကြည့်ကာ ချိုမြသော အပြုံးဖြင့် "ဖိုးဖိုး၊ မင်္ဂလာပါ။"

မုယွဲ့ချန်၏ မာကြောသောနှလုံးသားသည် ချက်ချင်း အရည်ပျော်သွားပြီး ကလေးထံသို့ အမြန် လက်လှမ်းလိုက်ပြီး "လာပါ အဘိုး ချီပရစေအုံး။"

မုချင်ထျန်းသည် မုယွဲ့ချန် ချီနိုင်စေရန် သူ့လက်များကို ဖြည်လိုက်သည်။

မုယိဖန်က ဓာတ်လှေကားထဲက မီးရောင်ကိုကြည့်ပြီး သက်ပြင်းချကာ "ကျွန်တော် ဒီမီးကို မမြင်ရတာတောင် ကြာပြီ။"

မုယွဲ့ချန်က ပြုံးပြီး "မင်း ဒီမှာနေတဲ့အချိန်မှာ မင်းကြည့်လို့ရတယ်။ ဒါနဲ့ ကလေးနာမည် ဘယ်လိုခေါ်လဲ?"

"ဖိုးဖိုး၊ ကျွန်တော့် နာမည်က မုချင်ထျန်းပါ။"

"ချင်ထျန်း ? ကောင်းလိုက်တဲ့ နာမည်လေး။ " မုယွဲ့ချန်က ဝမ်းသာအားရ ဆက်မပြောနိုင်ပေ။

ဓာတ်လှေကားမှ ဆင်းပြီးနောက် အပေါ်ထပ်ရှိ စစ်သားများအား" မင်းတို့ ဂိုဒေါင်အတွင်းရှိ အရုပ်အချို့ကို ရှာခဲ့လိုက်။"

"ဟုတ်ကဲ့။"

မုယွဲ့ချန်သည် မုယိဖန် နှင့်အတူ သူ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး ဆိုဖာပေါ်တွင် ထိုင်ကာ " မင်း B Cityကိုရောက်ဖို့ ဘယ်လောက်ကြာခဲ့လဲ?"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now