မင်းကအရမ်းကောင်းတာပဲ(Zawgyi+Uni)

1.5K 359 3
                                    

Chapter 123 : မင်းက အရမ်းကောင်းတာပဲ။



“ ဘာလို့လဲ? “

မုယိဖန်က ကျန်းကျားမင်၏ လေးနက်တဲ့ မျက်နှာကို ကြည့်ပြီး ကျန်းကျားမင်က တစ်ခုခု စီစဉ်နေသည်ဟု ခံစားမိသည်။

ကျန်းကျားမင်၏ မျက်လုံးများသည် တိမ်ဝင်နေပြီး စကားမပြောဘဲ ခေါင်းငုံ့ထားသည်။ မုယိဖန်က မျက်ခုံးပင့်ကာ သက်ပြင်းချလိုက်ပြီး “မင်း မပြောချင်ဘူးဆိုရင်တော့ ငါအများကြီးမမေးပေမယ့် မင်းကိုယ်မင်းလည်း ကာကွယ်ရမယ်။ ဆံပင်ဖြူတဲ့လူကြီးကို သူ့ရှေ့မှာ သူ့ကလေး သေးတာကို မမြင်စေနဲ။ “

ကျန်းကျားမင်သည် ပျော့ညံ့စွာ တုံ့ပြန်သည်။ “ မုယိဖန် ကျွန်တော့်အဖေကို ဂရုစိုက်ဖို့ ခင်ဗျားကို ဒုက္ခပေးရအုံမယ်။ ကိစ္စတွေ ပြီးရင် သူ့ဆီလာခဲ့မယ်။ ခင်ဗျားတို့ K City မှာ နေမှာလား? “ 

“ငါတို့မနေဘူး။ “ မုယိဖန်က သူ့စိတ်ထဲမှာ နေ့ရက်တွေကို ရေတွက်ပြီး “ဆယ်ရက်ခွဲမှာ ငါတို့ မြောက်ဘက် B City ကိုသွားမှာ။ မင်း B City မှာ လာရှာလို့ရတယ်။  “

“ ကောင်းပြီ “

ကျန်းကျားမင်က မုယိဖန် ပခုံးပေါ် လက်ကို တင်လိုက်ပြီး သူ့ကို ကျေးဇူးတင်ဖို့ အနည်းငယ် ကြာကြာလေး ဖိထားသည်။ မုယိဖန်က ထပ်မေးသည်။ “ မင်း အဖေကို တကယ် သွားမတွေ့ဘူးလား?”

ကျန်းကျားမင်က ခေါင်းခါပြပြီး “ကျွန်တော် မတွေ့ချင်တာ မဟုတ်ဘူး။ အခူ လောလောဆယ်တော့ မလုံခြုံသေးလို့ပါ။ မဟုတ်ရင် သူ့ကို မှောင်တဲ့အထိ တွေ့ဖို့ ဒီမှာ ရှိနေမှာ မဟုတ်ဘူး။ “

“မင်းကို တခြားသူတွေရှာတွေ့မှာကို ကြောက်နေတာလား?”

“ ဖြစ်ကောင်းဖြစ်နိုင်တယ်.... “ ကျန်းကျားမင်က ဒီအကြောင်းအရာကို ဆက်မပြောချင်သောကြောင့် ခေါင်းစဥ်ပြောင်းလိုက်သည်။ “ကျွန်တော် သွားတော့မယ်၊ ကျွန်တော် ဒီမှာ သိပ်ကြာကြာနေလို့မရဘူး။ “

“ ဒါဆို မင်း  ငါတို့ကိုရှာဖို့ B City ကို လာရမယ်နော်။”

ကျန်းကျားမင်က ခေါင်းညိတ်ပြပြီး လမ်းကြားဘက်သို့ လှည့်လိုက်သည်။ 

လမ်းအဝင်ဝသို့ရောက်သောအခါ ရုတ်တရက် ရပ်လိုက်သည်။

“ဘာ ဖြစ်လို့လဲ? “ မုယိဖန်က သူ့နောက်ကို ဘယ်သူလိုက်နေတာလဲဟု တွေးမိသည်။

လမ်းကြား အပြင်ဘက်မှာ အရပ်ရှည်ရှည် လူတစ်ယောက်ကို မြင်လိုက်ရသည်။ မှောင်မိုက်တဲ့ညမှာ ထို လူတစ်ယောက်ရဲ့ မျက်လုံးတွေဟာ အနက်ရောင် ကျားသစ်တစ်ကောင်လို တောက်ပနေသည်။

မုယိဖန်က တစ်ဖက်လူ၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်တာနှင့် ခေါင်းယမ်းလိုက်သည်။ 

လမ်းအဝင်ဝမှာ ရပ်နေတဲ့လူကတော့ ကျန်းပေထျန်းကြီး........

အိုး....မိုင်....ဂေါ့စ်!

သူ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ?

“ ကျန်း...... ပေ ထျန်း !”

မုယိဖန်က နောက်ပြန်လှည့်ပြီး ကျန်းကျားမင်ရှေ့မှာ မတ်တပ်ရပ်လိုက်သည်။ ကျန်းပေထျန်း၏ အကြည့်သည် ကျန်းကျားမင် ၏မျက်နှာမှ မုယိဖန် ၏ခန္ဓာကိုယ်ဆီသို့ ရွေ့သွားပြီး မျက်ခုံးများ တွန့်ကာ “မင်း ဘာလို့ ဒီကိုရောက်နေတာလဲ? “

သူက ကင်းလှည့်နေတုန်း အနီးနားက ဇွန်ဘီ အနံ့ကို သတိထားမိပြီး လာကြည့်တော့ မုယိဖန် ဒီနေရာမှာ ရှိနေမည်ဟု မမျှော်လင့်ထားပေ။ မုယိဖန်က ပေါ့ပေါ့တန်တန် ဆင်ခြေပေးသည်။ “ ငါ......ငါ အိပ်မပျော်လို့ လမ်းလျှောက်ထွက်လာတာ။ “

ကျန်းပေထျန်း ကလည်း သူ့ကို အပြစ်မတင်ပေ။ “ လာခဲ့..... “

“ ကောင်းပြီ “

မုယိဖန် လျှောက်သွားရင်း ကျန်းပေထျန်း ရှေ့ကိုရောက်လာတော့ ကျန်းပေထျန်း၏ လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်ပြီး “ကျားမင်.... ၊ မင်းသွားတော့ “

ကျန်းကျားမင်က မျက်ခုံးပင့်သွားပြီး မုယိဖန်က သူ့အတွက် ကူဆွဲထားပေးဖို့ မမျှော်လင့်ထားပေ။

“မင်း ...... “ ကျန်းပေထျန်းက သူဘာလုပ်နေလဲလို့ မေးချင်ပေမယ့် မုယိဖန်က “ ကျန်းပေထျန်း၊ စွမ်းရည်ရှိတဲ့ လူတွေရဲ့ သေဆုံးမှုက ကျန်းကျားမင်နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ငါယုံကြည်တယ်။ မင်း သူ့ကို လွှတ်လိုက်ပါ......... “

ကျန်းပေထျန်းက မျက်မှောင်ကြုတ်ပြီး ကျန်းကျားမင်ကို ကြည့်သည်။

ကျန်းကျားမင်ကလည်း သူလုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ မရှင်းပြချေ။

မုယိဖန်က ကျန်းပေထျန်း ငြိမ်နေတာကိုမြင်တော့ “ ကျန်းပေထျန်း ၊ မင်းက သူ့ဘုန်းကြီးကို ကျောရိုးမရှိတဲ့ မျက်နှာနဲ့ မကြည့်ဘဲ ဗုဒ္ဓမျက်နှာကို ကြည့်ပြီး ကောင်းမှုလုပ်ကြရအောင်။ ဒါ့အပြင် ရမ်းကုက ငါတို့သားကို ပြုစုဖို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတာ မင်းမြင်တာဘဲ။ မင်း ကျန်းကျားမင်ကို လွှတ်ပေးသင့်တယ်။ “

“ ကျန်းကျားမင်က ထိုစကားကိုကြားတော့ မုယိဖန်၏ ပြားကပ်နေသော ဗိုက်ချပ်ချပ်ကို ကြည့်ပြီးနောက် မတတ်နိုင်ဘဲ အနည်းငယ် အံ့သြသွားသည်။ “ မင်းမွေးပြီးပြီလား ?  “

အရင်က သူပြောနေတာတွေကို ကြားတော့ ယောက်ျားတစ်ယောက် ကိုယ်ဝန်ရမယ်ဆိုတာ တကယ်ကို မယုံခဲ့ဘဲ ကလေးမွေးဖို့ အဲ့လောက် အချိန်ကြာလိမ့်မည်ဟုလည်း မထင်မိချေ။ မုယိဖန်က စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေသည်။ “ကျန်းကျားမင်၊ မင်းကလည်း ဉာဏ်မရှိလိုက်တာ။  “

ဒီအချိန်မှာတောင် သူက သူ့အသက်ကို ဂရုမစိုက်ဘူး။

“ မင်း အခုလေးတင် ဘာပြောလိုက်တာလဲ?” ကျန်းပေထျန်းက မေးသည်။

မုယိဖန်က ကျန်းပေထျန်းကို လှမ်းကြည့်ပြီး “ မင်း ကျန်းကျားမင်ကို လွှတ်လိုက်လို့ ငါပြောတာလေ။  “

“ နောက် တစ်ကြောင်း။ “

“နောက် တစ်ကြောင်းလား။ “ 

မုယိဖန်က “ ဒေါက်တာ ရမ်းကုက ငါတို့သားလေးကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မင်းမြင်လား....... “

ငါတို့သားလေး.......

ဒီစကားနှစ်လုံးကို နားထောင်လိုက်ပြီး!!!!  ကျန်းပေထျန်းက ကျန်းကျားမင်ကို ကြည့်ပြီး “ မင်းသွားလို့ရပြီ။”

ကျန်းကျားမင် “ ....... “

(T/N- ဟာ့....ဟာ့...ဟား....ငါ အပေါ်က အကြောင်းကို ဘာသာပြန်ပြီး ကျန်းပေထျန်းက ဘယ်လောက်တောင်မှ ဆီလျော်မှုရှိလဲဆိုတာ ငါသိလိုက်ရတယ်..ဟာ့..ဟာ့...ဟား)

ကျန်းပေထျန်း၏ မျက်လုံးများသည် ရုတ်တရက် ပျော်ရွှင်နေပုံရသည်ဟု သူမြင်လိုက်သလားလို့ ? ကျန်းပေထျန်းသည် ခေါင်းငုံ့ကာ သူ့လက်ကို ကိုင်ဆောင်ထားသော လူအားကြည့်ပြီး “ ပြန်ကြရအောင်.... “

“ အိုကေ ! အိုကေ ! “

မုယိဖန်က ကျန်းပေထျန်း စိတ်ပြောင်းပြီး နောက်ပြန်လှည့်မည်ကို စိုးရိမ်သဖြင့် ကျန်းပေထျန်း၏ လက်ကို ကိုင်ရင်း တိုက်ခန်းရှိရာသို့ အမြန်ပြန်သွားသည်။

ယခုအချိန်တွင် လူတိုင်းအိပ်ရမည့်အချိန်ဖြစ်သောကြောင့် တိုက်ခန်းအဆောက်အအုံသည် ငြိမ်သက်နေသည်။

သူတို့နှစ်ဦးသည် အခန်းဆီသို့ တိတ်ဆိတ်ငြိမ်သက်စွာ ပြန်သွားကြသည်။

ပြတင်းပေါက်၌ တောက်ပနေသော လရောင်သည် မှောင်သွားပြီး ကုတင် အဆုံးမှာ ထိုင်လိုက်ချိန်တွင် စောင်အောက် မှာ မာကျောတဲ့ အရာ တစ်ခုခုကို ခံစားလိုက်ရသည်။

သူ မြန်မြန်ထပြီး သေနတ်ကို ကောက်ကိုင်ကာ စောင်ကို ချိန်ထားလိုက်သည်။  “မပစ်နဲ့၊ မပစ်နဲ့။” မုယိဖန်က သူ့ကို အမြန်တားလိုက်ပြီး “စောင်ကို မပစ်နဲ့၊ အင်္ကျီပေါ်ကို အပေါက်ပေါက်အောင် မဖောက်နဲ့၊ ငါ နောက် ပြန်ဝတ်ရမှာမို့လို့။”

သူက စောင်ကို အမြန်ရုတ်လိုက်ပြီး  အဝတ်အစားများအပြင်၊ ဖက်လုံးများနှင့် မုယိဖန်၏ လက်သည်းများကို ပွတ်တိုက်ရန် ကျန်းပေထျန်း အသုံးပြုခဲ့သည့် သံမဏိလှံများပါရှိနေသည်။

(Silver spear be like – Am I joke to you….-_-)

ကျန်းပေထျန်းက မျက်လုံးထောင့်ကနေ ကြည့်လိုက်ပြီး “ မင်း အပြင်ထွက်ချင်ရင် ငါ့ကို ပြောပေါ့၊ဘာလို့ ခိုးထွက်သွားရတာလဲ? “

မုယိဖန်က ပြန်ပြောသည်။ “ ငါ စောစောစီးစီး သတင်းပေးရင်တောင် မင်းက ငါ့ကို လွတ်လွတ်လပ်လပ် ပေးထွက်မှာမလို့လား?”

ကျန်းပေထျန်း “ ...... “

“ဘယ်လွှတ်မလဲ၊ မင်းငါ့ကို သွားဖို့ ခွင့်တောင်းတာတောင် မင်းငါ့ကို အပြင်မှာ ဘာလုပ်ရမလဲ မေးလိမ့်မယ်၊ ပြီးတေ့ ရှင်းရှင်းလင်းလင်း အဖြေမရရင် မင်းငါ့ကို ပေးထွက်မှာ မဟုတ်ဘူးလေ။”

ကျန်းပေထျန်း “......”

ငါ သူ့ကို တကယ် နားလည်ပါတယ်။

ကျန်းပေထျန်းသည် အလင်းရောင်ကို မုယိဖန်ဘက် ရွှေ့ရန် သူ၏ ဓာတ်မီးကို ထုတ်လိုက်ပြီး မုယိဖန်၏ ပစ္စည်းများ ဗီရိုထဲသို့ လှန်ထားသော အဝတ်အစားများ အစုအပုံကြီးကို တွေ့လိုက်ရသည်။

ဤမြင်ကွင်းသည် ကျန်းပေထျန်း ၏မျက်လုံးများကို ရှင်းရှင်းလင်းလင်း ပျက်စီးစေသည်။ သူသည် သူ့ပတ်ဝန်းကျင်၌ သပ်သပ်ရပ်ရပ်နေရသည်ကို အမြဲသဘောကျသည်။ ထို့ကြောင့် မုယိဖန်သည် သူ့အဝတ်အစားများကို ဗီရိုထဲသို့ပြန်ထည့်ခြင်းကို မည်သို့သည်းခံနိုင်မည်နည်း။ 

သူသည် အ၀တ်အစားတွေကို ပြန်ထုတ်ပြီး ကုတင်ပေါ်တင်ကာ တစ်ခုပြီးတစ်ခု ခေါက်နေသည်။ မုယိဖန်က သူ့ရဲ့ အလွန်ကျွမ်းကျင်သော အဝတ်ခေါက်စကေးကို မြင်လိုက်ရပြီး ခေါက်ထားတဲ့အဝတ်အစားတွေက ကုန်တိုက်ကြီးတစ်ခုရဲ့ ဗီရိုမှာရောင်းတဲ့ အဝတ်အစားများလို သပ်သပ်ရပ်ရပ်မို့လို့  သူ့ကို မချီးမွန်းဘဲ မနေနိုင်ချေ။ “ ကျန်းပေထျန်း ၊ မင်းက အရမ်းတော်တာပဲ “

သူ လာခဲ့သော လက်တွေ့ကမ္ဘာမှာဘည်း ကျန်းပေထျန်းသည်  သူ့အဝတ်များကို ဗီရိုထဲကို ခေါက်ထည့်ပေးတတ်သည်။

ကျန်းပေထျန်းက သူ့ကို စကားမပြောဘဲ စိုက်ကြည့်နေသည်။ မုယိဖနက် “ ကျန်းပေထျန်း ၊ မင်း တိုက်ခန်းအနီးမှာ ဘယ်လိုပေါ်လာတာလဲ ၊ မင်း တိုက်ခန်းကထွက်ပြီး လှည့်ကင်းသွားရမှာမဟုတ်ဘူးလား? “

ကျန်းပေထျန်း၏ စကားများသည် နေ့ခင်းဘက်တွင် ဘာမှ မပြောနိုင်သောကြောင့် မုယိဖန်ကို ပိတ်ဆို့ထားသောကြောင့် ကျန်းပေထျန်းက ထိုသို့ မပြောပေ။  “ဒါပေမယ့် လုလင်းတို့က ဘယ်ကို သွားတာလဲ?”

“သူတို့ အလုပ်သွားကြတယ်”

မုယိဖန်က လုလင်းတို့ ဟိုဇွန်ဘီကို သွားဖ်သည်ဆိုတာ သိသည်။ “ဒါဆို မင်းက ဘာလို့ မသွားတာလဲ?”

“တကယ်လို့  ငါသွားပါပြီ၊ အဲဒီလူကို သတ်တဲ့လူက ငါတို့တိုက်ခန်းမှာ သတ်ဖို့ရှာနေတာ ဖြစ်နိုင်တယ်”

“အိုး ..... “

ကျန်းပေထျန်းက ကုတင်ပေါ်မှာ လဲလျောင်းနေသည့် မုယိဖန်ကို ကြည့်ပြီး “မင်းက ဘာလို့ ကျန်းကျားမင်ကို ဒီလောက် အကာအကွယ် ပေးနေတာလဲ။ မင်းသိပါတယ် ၊ ကမ္ဘာကြီးရဲ့အဆုံးသတ်ကို ရောက်ပြီးကတည်းက သူ အဆက်အသွယ်မဖြတ်နိုင်သလို မင်းက ဇွန်ဘီ ဖြစ်မှာမဟုတ်ဘူး ။  “

မုယိဖန်က မျက်ခွံတွေကို ချပြီး ခေါက်ထားတဲ့ အဝတ်များကို ကြည့်ကာ “ သူက ဇွန်ဘီ ဖြစ်သွားပြီး စေတနာ့ဝန်ထမ်း မလုပ်တော့ဘူး။ လူတွေကို ကိုက်တယ်၊ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး၊ တကယ်တော့ သူဒီလိုဖြစ်လာတဲ့အခါ  သူ့ကိုယ်သူ တခြားသူထက် ပိုမုန်းတယ်”

သူ လှည့်ပြီး မျက်နှာကျက်ကို ကြည့်ရင်း “လူကို ကိုက်ပြီးရင် ရောဂါပိုးရှိတဲ့လူက တခြားလူကို ကိုက်လိမ့်မယ်၊ နောက်ဆုံးတော့ အဲဒီလူတွေကို သူ့အမေကို ကိုက်လိမ့်မယ်ဉ သူ့ရဲ့ သူငယ်ချင်း တွေနဲ့ မိသားစုတွေက သေနိုင်လောက်တဲ့ ဇွန်ဘီတွေ ဖြစ်သွားလိမ့်မယ် ၊ မင်း အဲဒါ ဆုလာဘ်လို့ ထင်နေတာလား၊  သူ့နှလုံးသား နာကျင်နေလိမ့်မယ်။  “

စာအုပ်ရေးသူအနေနဲ့ သူက ကျန်းကျားမင် စိတ်ကို နားလည်ခဲ့သည်။

ကျန်းပေထျန်း “......”

မုယိဖန်က ဒီလိုမျိုးမြင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ “ ငါသာ ဇွန်ဘီဖြစ်ရင်၊ ဘယ်သူ့ အကိုက်ခံရလို့လဲ မဟုတ်ဘူး၊ မုယိဟန်ကြောင့် အရိုးကင်ဆာရောဂါခံစားနေရပြီး အဲဒါကို စစ်ဆေးဖို့ မိသားစုဆရာဝန်လိုနေချိန် သူ့အမျိုးသား လေ့လာရေး သူငယ်ချင်းတစ်ယောက်က သူ့ကို ဗိုင်းရပ်စ်ပိုးပေးခဲ့တယ်။  ပြီးတော့ သူက လီချင်ထျန်းကို ငါ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းခိုင်းလိုက်တာ၊ ငါ့ရဲ့ ဇွန်ဘီဖြစ်လာတာ ကျားမင်နဲ့ ဘာမှမဆိုင်ဘူး။  “

ကျန်းပေထျန်းက သူ့အဝတ်အစားတွေကို ခေါက်ပြီး မလှုပ်မယှက်ပေ။ မုယိဖန်က သူ့အကြောင်းပြောနေတာ ဒါပထမဆုံးအကြိမ်ပဲ။

“ မင်းခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ပိုး ထိုးသွင်းခံထားရတာကို မင်းဘယ်တုန်းက သိလိုက်တာလဲ။  “

“သိပ်မကြာသေးခင်ကမှ သိခဲ့တာ......” မုယိဖန်က စကားသုံးခွန်းပဲပြောပြီး ရပ်တန့်လိုက်ကာ ကျန်းပေထျန်းကို သတိကြီးစွာနဲ့ ကြည့်ရင်း “မင်း ငါ့စကားကို ယုံလား ?  “

မူလပိုင်ရှင် မုယိဖန်သည် သူဇွန်ဘီ ဖြစ်လာပြီးနောက် သူ့ခန္ဓာကိုယ်တွင် ဗိုင်းရပ်စ်ပိုး ထိုးသွင်းခံထားရကြောင်း သိလိုက်ရသော်လည်း သူနှင့်မတူဘဲ မုယိဖန် သည် ၎င်းကို အစောပိုင်းကတည်းက သိရှိခဲ့သည်။  “မင်းဟာ ဇွန်ဘီ တစ်ကောင် ဆိုတာ ငါသိတယ်။ မင်းရဲ့စကားတွေကို ယုံဖို့ လိုအပ်တယ်လို့ မင်းထင်နေတာလား?”

မင်းရဲ့ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ပိုး ထိုးသွင်းခံရတယ်ဆိုတာ မင်းဘယ်လိုသိလဲဆိုတာကို သူက အံ့သြနေရုံပါပဲ။ 

ကျန်းပေထျန်းကို ကြည့်ပြီးနောက် မုယိဖန်က နှာခေါင်းရှုံ့ရင်း “ငါမင်းကို မပြောပြဘူး။ ငါအိပ်တော့မယ်။ “

ကျန်းပေထျန်း “ ...... “

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now