မု မိသားစု(မု မိသားစု)

2K 484 31
                                    


အခန်း 112 : မု မိသားစု


"မု မိသားစု?"

ကျန်းပေထျန်းက ရုတ်တရက် မျက်တောင်ခတ်လိုက်သည်။ 

မုယိဖန်ကလည်း " မု မိသားစု ? မု မိသားစုက သြဇာရှိတဲ့ သူတွေလား ?"

ကျန်းပေထျန်းက လှမ်းကြည့်လိုက်တော့ မုယိဖန်လည်း အံ့သြသွားသည်ကို တွေ့လိုက်ရသည်။

"ဒါက အမှန်လားတော့ ငါလည်း မသိဘူး။ ငါက သတင်းပဲကြားရတာ၊ အဲဒါက ဘယ် မျိုးရိုးမှန်း မသိပေမယ့် မု မိသားစုမှာ မုယွဲ့ချန် ဆိုတဲ့ ဗိုလ်ချုပ်တစ်ယောက် ရှိတယ်။  သူ့မှာ မုယိဟန်လို့ ခေါ်တဲ့သားတစ်ယောက်လည်းရှိတယ်။ "

မုယိဖန်က သူ့မျက်ခုံးတွေကို ပွတ်လိုက်သည်။

ကမ္ဘာမပျက်ခင်တုန်းက ကုမ္ပဏီရဲ့ စတော့တွေကို ပစ္စည်းတွေဝယ်ဖို့ သူတို့ကို ရောင်းခိုင်းသည်။ အခုတော့ B City မှာ အင်အားအကြီးဆုံးဖြစ်လာပြီ။ ဘာတွေဖြစ်ကုန်တာလဲ?

ဝတ္ထု၏ အကြောင်းအရာ အရ အမျိုးသား ဇာတ်လိုက တစ်ဖန် ပြန်လည် မွေးဖွားပြီး ကမ္ဘာပျက်ဿပ် ရောက်​တော့ သြဇာအရှိဆုံး မိသားစု မှာ  ကျန်း မိသားစု ဖြစ်သင့် သည် ။ မု မိသားစုက ထိပ်ဆုံး 20 သို့ ဖျစ်ညစ်ဝင်လာသော်လည်း ယခု ပထမနေရာသို့ ခုန်တက်သွားသည်။

"မု မိသားစုကလွဲရင် ဘယ်သူတွေရှိသေးလဲ ?" 

"ဒုတိယမှာ ကျန်း မိသားစု နှင့် ဟွာ မိသားစု ၊ ကျန်း မိသားစု နှင့် မိသားစု တို့က အခုမှ စတင်ပြီး စည်းတွေရှိလာပြီ။ စစ်ကော်မရှင်ဟောင်း အဘိုးကြီး ကျန်းရဲ့ ဒုတိယမြေး ကျန်းနန်ထျန်းနဲ့ မု မိသားစုကသား မုယိဟန်တို့ကြား ဘာ ပဋိပက္ခတွေ ဖြစ်ခဲ့လည်းဆိုတာ ဘယ်သူမှ မသိဘူး။ နှစ်ယောက်လုံး ရန်တွေဖြစ်ပြီး ကျန်းနန်ထျန်းပ အကြိမ်ပေါင်းများစွာ မုယိဟန်ကို ပစ်သတ်လုနီးပါး ဖြစ်နေသောကြောင့် မိသားစု နှစ်ခုရဲ့ ဆက်ဆံရေးက ပျက်စီးသွားခဲ့တာကြာပြီ။ "

မုယိဖန် "......"

ကျန်းနန်ထျန်းသည် မုယိဖန် ၏ဝမ်းကွဲဖြစ်သည်။ သူက ကျန်းပေထျန်းကို ငယ်ငယ်လေးကတည်းက လိုက်ကပ်နေရတာကို ကြိုက်သည်။ ဒါကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now