အခန်း 142

861 211 6
                                    

အခန်း 142: အဖေ့ရဲ့မြေး


မုယိဖန်သည် သူ့ကလေးကို မြို့လယ်ရှိ ကျင်ယီ အဆောက်အဦသို့ ခေါ်ဆောင်သွားခဲ့သည်။

ကျင်ယီ အဆောက်အဦသည် အထပ် 80 မြင့်ပြီး မု နည်းပညာ အဖွဲ့စည်၏ ဌာနခွဲကို ကမ္ဘာမကုန်မီတွင် ဤနေရာတွင် စခန်းချခဲ့သည်။ မုယိဖန်သညိ ဝတ္ထုဇာတ်ကွက်တွင် မု မိသားစုမှ ကျင်ယီ အဆောက်အအုံကို မု မိသားစု၏ ပင်မ အဖြစ် အသုံးပြုထားကြောင်းဖော်ပြထသည်။ ပထမထပ်မှ ပဉ္စမထပ်အထိ လူအိပ်ရန်အသုံးပြုသည်။ဆဋ္ဌမထပ်မှ 26 ထပ်အထိအိမ့သုံးပစ္စည်းများ ထားရှိရန် အသုံးပြုသည်။

အထပ် 27 မှ 74 ထပ်များသည်လည်း လူများ လက်အောက်တွင် နေထိုင်သည့်နေရာများဖြစ်သည်။ မု မိသားစု သည်75 ထပ်တွင် မု မိသားစုများနှင့် ဆက်စပ်သော သူများလည်း နေထိုင်သည်။

မြေအောက်ထပ်၏ တစ်ဝက်ကို ကားရပ်နားရန်နေရာအဖြစ် အသုံးပြုကာ ကျန်တစ်ဝက်ကို ကန်တင်းပဖြစ် အသုံးပြုသည်။

ထိုအချိန်တွင် ကျင်ယီ အဆောက်အဦး၏ ဂိတ်ပေါက်ပတ်ပတ်လည်တွင် ကင်းလှည့်နေသော စစ်သားသုံးဖွဲ့ရှိသည်။

အဆောက်အဦး၏ လုံခြုံရေးကို စောင့်ကြပ်ရန် တံခါးနားမှာ စောင့်နေသော စစ်သား ဆယ်ယောက် ရှိပြီး သူတို့က အရမ်းလေးနက်ကြသည်။ အဆောက်အဦးထဲကို လူဝင်သွားနည်ဆိုလျင် သူတို့၏ တင်းကျပ်သော စစ်ဆေးရေးတွေကနေ တဆင့် ဝင်ရောက်ရသည်။

မုယိဖနိသည် တံခါးဆီသို့ လျှောက်သွားတော့ စစ်သားများက တားလိုက်သည်။ "ကျေးဇူးပြုပြီး မင်းရဲ့ ID ကတ်ကို ပြပေးပါ"

တားလိုက်သော စစ်သားက မုယိဖန်ကို လေးလေးနက်နက် ပြောလိုက်သည်။

သတ်သေခံကတ်?

မုယိဖန်က သူ့ဘေးနားက အဆောက်အဦထဲကို ဝင်လာသည့် လူတွေကို  ကြည့်လိုက်​တော့ သူတို့ဝင်လိုက်တာနဲ့ ID ကတ်အရွယ်အစား၊ ဓာတ်ပုံနဲ့ နာမည်အပြင် နံပါတ်လိုမျိုး အထူးအမည်းရောင် ကတ်လေးတွေ ပြနေတာကို သတိထားမိသည်။

"ငါ မေးချင်တာက မင်းက ဗိုလိချုပ်ကြီး မုရဲ့ လူလား?"

စစ်သားက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဟုတ်တယ်"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now