အခန်း 128

1.6K 365 6
                                    

အခန်း 128- သူ့ကို ကာကွယ်ချင်တာ သေချာလား?

အသံသွင်းတာကို ပိုနားထောင်လေ ကျန်းပေထျန်း၏ မျက်နှာက အေးစက်လာလေလေပဲ။

ရှန်းကော အခန်းထဲက မထွက်ခင်မှာ အသံသွင်းတာကို သေချာနားထောင်ဖို့ စဉ်းစားထားပြီးသား။ ဒါပေမယ့် အသံသွင်းထားသော မှတ်တမ်းက K City အရှေ့ဘက်ခြမ်းကို ပျံ့နှံ့နေပြီလို့ သူမထင်မိပေ။

ဒါက မုယိဖန်ကို ဦးတည်နေသည်မှာ ထင်ရှားသည်။ ဒါပေမယ့် ဘယ်သူက မုယိဖန်ကို အန္တရာယ်ပြုဖို့ ကြိုးစားနေတာလဲ?

အဲ့တာ စွန်းဇီယုလား ဒါမှမဟုတ် ရုန်ယန်လား ဒါမှမဟုတ် တခြားတစ်ယောက်လား?

' ငါက ဇွန်ဘီ ´ ဟူသော နေရာမှာ အသံသွင်းမှုက ရပ်တန့်သွားသည်။ ကျန်းကောစုန်းက ကျန်းပေထျန်းကို စိုးရိမ်တကြီးကြည့်ရင်း "ဗိုလ်မှူး ကျန်း၊  မင်း ဘာဆက်လုပ်မလဲ? ပြီး​တော့ အဲ့တာက ဘယ်ကရောက်လာတာလဲ?"

စွန်းဇီယုက ဖုံးကွာ်မထားပေ။ " အဲ့တာက ရုန်ယန် ဘောင်းဘီအိတ်ထဲက ပြုတ်ကျလာတာ။ "

ကျန်းကောစုန်း၏ မျက်လုံးများသည် အံ့သြထိတ်လန့်စွာ ကြည့်နေကြပြီး "ရုန်ယန် ဘောင်းဘီအိတ်ကပ်ထဲက ပြုတ်ကျတာလား? အဲ့​တော့ သူမက  မစ္စတာ စွန်းနဲ့ မု-မုတို့ရဲ့ စကားဝိုင်းကို တိတ်တဆိတ် မှတ်တမ်းတင်ခဲ့တာလား? ဒါပေမဲ့ သူမက အဲ့လိုအရာတွေ လုပ်တဲ့ လူမျိုးနဲ့လည်း မတူဘူး။"

သူက နည်းနည်းလေးမှ မယုံချင်သလို ဖြစ်နေသည်။ "တကယ်လို့သာ သူမ လုပ်ခဲ့ရင် ဒါက တကယ်ကို ဖော်မပြနိုင်လောက်အောင်ပဲ။ ချောမောလှပတဲ့ မိသားစုက မိန်းကလေးက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ယုံတောင်မယုံနိုင်ဘူး။"

ထိုအချိန်မှာ ကျန်းကောစုန်းက "အချစ်က လူတစ်ယောက်ကို အရမ်းကြောက်ဖို့ ကောင်းလာစေတယ်။ ကိုယ်ကြိုက်တဲ့လူကို ရဖို့အတွက်က အရာအားလုံးကို တကယ်လုပ်နိုင်တယ်။ "

ကျန်းပေထျန်း၏ စိတ်ထဲတွင် ကျန်းပေထျန်း နှစ်သက်သောလူမှာ မုယိဖန် ဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် သူမက ရန်သူကို ဖယ်ရှားဖို့ နည်းလမ်းရှာနေတာ ဖြစ်သည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးHikayelerin yaşadığı yer. Şimdi keşfedin