B cityမှ မိုက်မဲသောလူများ(B Cityမွ မိုက္မဲေသာလူမ်ား)

2.1K 447 4
                                    

B Cityမှ မိုက်မဲသောလူများ


နှစ်ယောက် အခန်းထဲ ပစ္စည်းများ နေရာချပြီးနောက် သတင်းများ စုံစမ်းရန် အောက်ကိုဆင်းသွားမည်ဟု ဆိုသည်။

ရွာငယ်လေးတွင် တစ်လခွဲကျော်နေထိုင်ခဲ့သော မုယိဖန်သည် အပြင်ထွက်၍ လမ်းလျှောက်နိုင်ကြောင်း ကြားသိရပြီး တိုက်ခန်းမှ ကျန်းပေထျန်းနှင့်အတူ ထွက်လာ​တေ့ာသည်။

အပြင်ဘက် ရှုခင်းကို ကြည့်လိုက်တော့ မိုးမည်းများ ရွာပြီး​နောက် K City သည် နှစ်ပေါင်းရာနှင့်ချီပြီးသော မြို့ဟောင်းတစ်ခုလို ဖြစ်လာကြောင်း တွေ့လိုက်ရသည်။

နေရာတိုင်း မှာ အနက်ရောင်တွေဖြစ်နေပြီး အဆောက်အဦး ဖြစ်ဖြစ် ၊ တိုက်ခန်း ဖြစ်ဖြစ် ၊ မြက်ခင်း နဲ့ မြေပြင် မှာ အနက်ရောင် ရွှံ့များနှင့် ဖုံးလွှမ်းနေသည်။

ဤသို့ပင်လျှင် ဘယ်သူမှ မြေပြင်ကို သန့်ရှင်းလိုစိတ်မရှိပေ။  အခုချိန်မှာတော့ လူတိုင်းဟာ သူတို့ရဲ့ အစာအိမ်ကို ကျွေးဖို့ အစာရှာဖို့ကိုပဲ အာရုံစိုက်နေကြသည်။

ကျန်းပေထျန်း လမ်း ဘေးဘယ်ညာကို ကြည့်လိုက်ပြီးနောက် လူများစွာရှိသော လမ်းကြောင်းအတိုင်း လျှောက်သွားသည်။ 

မုယိဖန်သည် အရှိန်မြှင့်လိုက်သော်လည်း သူ့မျက်လုံးများက နိုးကြားကာ လှည့်ပတ်ကြည့်နေသည်။

သူ့ပတ်ဝန်းကျင်က လူများသည်လည်း အပြေးအလွှား လမ်းလျှောက်လာကြသည်။  သူတို့မျက်နှာမှာ ဘာအမူအယာမှ မရှိဘူး။  သူတို့က ပတ်ဝန်းကျင်မှ လူများကို စိတ်မဝင်စားကြဘဲ တစ်ယောက်နဲ့တစ်ယောက် နီးနေချိန်မှာတောင် ဝေးရာကို ရှောင်ပြေးကြလိမ့်မည်။ လူတွေက ရုတ်တရက် ဇွန်ဘီများ ဖြစ်လာပြီး သူတို့ဆီ ပြေးလာမှာကို စိုးရိမ်နေကြသည်။

ဤမြင်ကွင်းကို မြင်ပြီးနောက် မုယိဖန်ဟာ လူသားတွေ ပိုပိုပြီး ကွဲပြားလာတာကို ရုတ်တရက် ခံစားလိုက်ရပြီး ခဏတာတောင်မှ ကမ္ဘာကြီးတစ်ခုလုံးရှိ လူသားတွေ၏ ထိတွေ့မှုကို ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

ကျန်းပေထျန်းက မုယိဖန် ဆက်လိုက်မလာသည်ကိုသိ​ကာ သူရပ်လိုက်ပြီး ခေါင်းလှည့်ကြည့်လိုက်​တော့ မုယိဖန်က ဖြတ်သွားသောလူများကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။  သူ့မျက်လုံးများက ပိုင်ရှင်စွန့်ပစ်ထားသော ခွေးကလေးကဲ့သို့ ဝမ်းနည်းညိုးငယ်နေသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now