3.9K 700 41
မင်း ပြောတဲ့ စကားကိုပြန်ပြောလိုက်
ကျန်းပေထျန်းက ရုတ်တရက် လှည့်လာပြီး မုယိဖန်ကို သူ့အောက်မှာ ဖိထားလိုက်သည်။
သူက အရမ်း လေးနက်ပြီး သူ့အောက်ရှိလူကို နူးညံ့စွာ စိုက်ကြည့်ရင်း တိုးတိုးလေးပြောလိုက်သည်။ "ခုနက စကားကို ထပ်ပြောလိုက်။"
"......" မုယိဖန် သည် သူ့ဘေးမှ ခြေတစ်လှမ်းသာကွာဝေးသော လူကိုကြည့်ကာ ဘာမှမသိဘဲ ခံစားချက်တွေက ဝေဝါးနေသည်။
သူသည် ပထမဆုံးအကြိမ်အဖြစ် ကျန်းပေထျန်း၏ မျက်လုံးများသည်  နှစ်လိုဖွယ်ကောင်းပြီး ညကောင်းကင်မှာ တောက်ပနေသော အနက်ရောင်ကြယ်လေးများလို သူ့အာရုံကို တင်းတင်းကျပ်ကျပ် စွဲဆောင်ထားသည်။
မုယိဖန်သည် မတတ်နိုင်ပဲ လက်အိတ်ဝတ်ထားသောလက်၏ လက်ညိုးကို ဆန့်ထုတ်ကာ အခြားသူ၏  ယပ်တောင်အသေးလေးလို အဖျား ကောညွှတ်နေကာ ထူထဲပြီး ရှည်လျားတဲ့ အနက်ရောင် မျက်တောင်မွှေးများကို ညင်သာစွာ ပွတ်သပ်ကြည့်နေသည်။
ကျန်းပေထျန်းက ဆိုးသွမ်းသော လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး တီးတိုး အသံဖြင့် "မု-မု၊ မင်း ခုနက ပြောတဲ့အတိုင်း ပြန်ပြောကြည့်။"
မုယိဖန်က ကျန်းပေထျန်း၏ အသံသည်လည်းပဲ အက်ရှပြီး အသံတုံးက နိမ်ပြီး ကျက်သရေရှိသော အသံဖြင့် သူ့ကို အလွန်စွဲမက်ဖွယ်ကောင်းစေသည်ဟု မုယိဖန်က ထင်သည်။
သူက ဖမ်းထားသည့်လက်ကို ပြန်ဆွဲထုတ်ကာ ကျန်းအေထျန်း၏ လည်စေ့ကို ထိလိုက်သည်။
ကျန်းပေထျန်း၏ အသက်ရှူသံသည် ပို၍ပို၍ လေးလံလာကာ သူ့ခန္ဓာကိုယ်သည် မုယိဖန် ကို တုံ့ပြန်နေမှန်း သိလိုက်ရသည်။ လည်စေ့က အပေါ်အောက် ရွေ့နေပြီး အလင်းရောင်က ပိုပူလာသည်။ သူ့အောက်ကလူ၏ ဖျော့တော့သော နှုတ်ခမ်းလေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းက အောက်ကို တဖြည်းဖြည်း ငုံ့ဆင်းသွားသည်။
သူက တစ်ဖက်နှုတ်ခမ်းကို ထိတော့မဲ့ဆဲဆဲ တဖက်လူက "ပေထျန်း၊ မင်းရဲ့ ခန္ဓာကိုယ်က မွှေးနေတာပဲ။ " လို့ တီးတိုးပြောနေသည်ကို ကြားလိုက်ရတယ်။။
နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now