အဲ့တာကောင်းတာပေါ့(အဲ့တာကောင်းတာပေါ့)

1.5K 387 9
                                    

Chapter 121 : အဲ့တာကောင်းတာပေါ့

စွန်းဇီယု သူ့ဆီရောက်လာတဲ့အခါ မုယိဖန်က နေ့လယ်စာစားပြီးပြီးချင်း အစောင့်တပ်သားတွေက သတင်းယူလာပြီး စွန်း လို့ခေါ်တဲ့ လူကြီးလူကောင်းတစ်ယောက်က မုယိဖန်ကို ရှာတယ်လို့ သတင်းပေးလာသည်။

မုယိဖန်သည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ကန်တင်းမှ ပြေးထွက်လာသည်။

သူထွက်လာချင်းချင်း ကန်တင်း အတွင်းရှိ အပူချိန်သည် အေးရာကနေ ချမ်းစိမ့်စိမ့်ဖြစ်လာကာ လူတိုင်း တုန်နေကြသည်။ 

မောင်းယုသည် ကျန်းပေထျန်း၏ မျက်နှာ အေးစက်နေသည်ကို မြင်လိုက်ရပြီး သူ့လက်ထဲတွင်ရှိသော တူများပင် ရေခဲပါးပါးဖြင့် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။  "ဘော့စ်၊ ဘော့စ် K City ကို ရောက်တာ ရက်အတော်ကြာနေပြီ၊ ကလေးကို အပြင်ထွက်ဖို့ မခေါ်ရသေးဘူး၊ ဘော့စ် နှစ်ယောက်လုံး အစားစားပြီးတဲ့ အချိန် ကလေးနဲ့ လမ်းလျှောက်ဖို့  ဥယျာဉ်ကို ခေါ်သွားလိုက်တာ ပိုကောင်းတယ်။ "

ရှန်းကောက အပြင်က နေကို လှမ်းကြည့်လိုက်သည်။ " ဒီအချိန်ကြီးမှာ ကလေးနဲ့ လမ်းလျှောက်ထွက်ရင် အပူဒဏ်မိလိမ့်မယ်။ "

မောင်းယုက သူ့ကို စိတ်ဆိုးတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ 

ဒီငတုံးကတော့!

အခု ဘော့စ်က မုယိဖန်နဲ့ စွန်းဇီယုကို စစ်ဆေးဖို့ စိတ်အားထက်သန်နေတာကို မင်း မမြင်ဘူးလား ?

လုလင်းက မော်ယု၏ ရည်ရွယ်ချက်ကို မြင်ပြီး " ဟုတ်တယ် ဘော့စ်၊ ဘော့စ် ကလေးနဲ့ လမ်းလျှောက်ထွက်တာက သားအဖကြားက ဆက်ဆံရေးကို ပိုတိုးလာစေတယ်။"

ဘော့စ်သာ အပြင်မထွက်ရင် ကန်တင်း တစ်ခုလုံး ချဉ်စပ်စပ်နဲ့ ရှာလကာရည်ထဲ မြှုပ်သွားလိမ့်မယ်။ (ရှာလကာရည်= သဝန်တိုခြင်း)

ကျန်းပေထျန်းက တူကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ချလိုက်ပြီး ပါးစပ်ထဲ အနည်းငယ်သာစားရသော မုချင်ထျန်းကို ကောက်ချီပြီး ကန်တင်း ထွက်လာတော့သည်။

မုချင်ထျန်း "......"

သူဗိုက်ဝအောင်​တေင် မစားရသေးဘူးလေ။ စားစရာ စားပွဲပေါင်းများစွာ အကွာ၌ ရုန်ရွှယ်က ကျန်းပေထျန်းက သူ့လောင်မောင်းထဲမှာ ကလေးတစ်ယောက်နဲ့ ထွက်သွားတာကို တွေ့လိုက်သည်။ ရုန်ရွှယ်က သူ့အမေကို တိုးတိုးလေးပြောရင်း "မေမေ၊ ဗိုလ်မှူး ကျန်းက မွေးကင်းစ ကလေးမွေးပြီးကတည်းက ဒီကလေးကို ဘာလို့ တစ်ခါမှ မမြင်ဖူးတာလဲ၊  ဗိုလ်မှူး ကျန်းနဲ့ တူပေမယ့် မုယိဖန်ရဲ့ မျိုးရိုး နာမည် မည့်ထားတဲ့ သုံးနှစ်သားကလေးလေးကိုပဲ မြင်ဖူးတယ်။ "

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးTempat cerita menjadi hidup. Temukan sekarang