အပိုင်း ၁၃၉

1.1K 254 5
                                    

အခန်း 139- အပေါင်းအဖော်လေးတွေအများကြီးပဲ




မုယိဖန်သည် သူ့တွင် အလွန်အစွမ်းထက်သော စွမ်းရည်နှစ်ခုရှိပြီး မူလ ဇွန်ဘီဘုရင် မုယိဖန်ထက် ပိုမိုအားကောင်းသည်ကို သူသိသောအခါ အထူးစိတ်လှုပ်ရှားသွားသည်။

ဒါပေမယ့် စွန်းဇီယုနဲ့ သူ့ရဲ့ဆက်ဆံရေးကို သတိရတဲ့အခါ မပျော်နိုင်တော့ပေ။

ထိုညတွင် မုယိဖန်သည် မူလအခန်းပျက်စီးသွားသောကြောင့် ကျန်းပေထျန်းနှင့် အခန်းပြောင်းခဲ့ရသည်။

နောက်နေ့မနက်စောစောမှာ လုလင်း​က စွန်းဇီယုက တစ်ညလုံး ဗီလာဧရိယာကို ပြန်မလာကြောင်း ချန်းယန်ဟာအိမ်မှာ သေဆုံးသွားပြီး ဦးနှောက်ထဲက ကြည်လင်တဲ့ အမြူတေကို တူးထုတ်ခံထားရကြောင်း တင်ပြလာသည်။

ကျန်းပေထျန်းသည် K City ၏ လုံခြုံရေးကို စောင့်ကြပ်နေသော ဒုဗိုလ်ချုပ် ကျိုးထံ တိုက်ရိုက်သတင်းပို့ခဲ့ပြီး စွန်းဇီယုသည် မနေ့ညက ချန်းယန် ၏အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ကာ ချန်းယန်၏ အလောင်းမှ အမြူတေကို ယူသွားကြောင်း သတင်းပို့လိုက်သည်။

ထို့နောက်တွင် ဒုဗိုလ်ချုပ် ကျိုး နှင့် အတူ အခြားစွမ်းရည် ရှိသူ များသည် စွန်းဇီယုသည် သံသယရှိသူဖြစ်ကြောင်း အရှ့ဘက် တစ်ခြမ်းလုံးကို စွန်းဇီယုအား စစ်တပ်အလုံးအရင်းဖြင့် ရှာဖွေစေသည်။

ကျန်းပေထျန်းသည်လည်း စွန်းဇီယု ကိုရှာဖွေရန်အတွက်  K City တွင် နောက်ထပ်နှစ်ရက်ကြာအောင် တမင်တကာနေခဲ့ပြီး စွန်းဇီယုသည် K Cityမှာ မရှိသည်ကို သေချာအောင်လုပ်ပြီး မြောက်ဘက်သို့ သူ့အဖွဲ့များနှင့်ထွက်ခွာသွားသည်။

မနက်ကျမှ သူတို့ထွက်သွားတော့ လီထျန်ချင်းဟာ သူ၏ ခရီးဆောင်အိတ်ဖြင့် ကျန်းပထျေန်း ​ရှာရန် တိုက်ခန်းသို့ အမြန်ရောက်လာခဲ့သည်ါ "ဗိုလ်... ဗိုလ်မှူး ကျန်း၊ မကောင်း... မကောင်း​တော့ဘူး....."

လီထျန်ချင်းဟာ သူ့ဆီ ခရီးဆောင်အိတ်ဖြင့် လာနေသည်ကို မြင်တဲ့ ကျန်းပေထျန်းက လီထျန်ချင်း  သူတို့အဖွဲ့နဲ့ လိုက်လာလို့ဝမ်းသာသွားပေမယ့် 'မကောင်းတော့ဘူး.....' ဟူသော စကားကို ကြားသောအခါ လျင်မြန်စွာ မျက်မှောင်ကြုတ်သွားသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now