ဗိုလ်မှူးကျန်း၏ ချစ်သူ( ဗိုလ္မႉး က်န္း ၏ခ်စ္သူ)

3.2K 606 15
                                    

ဗိုလ်မှူး ကျန်း ၏ ချစ်သူ

"မင်္ဂလာပါ မစ္စတာမု၊ အန်တီက ရုန်ရွှယ်ရဲ့အမေပါ။"အမေ ရုန်၏ မျက်နှာသည် ကြင်နာပုံပေါ်ပြီး လေသံနှင့် မျက်နှာသွင်ပြင်တို့သည် တောင်းပန်မှုနှင့် ပြည့်နှက်နေသည်။ သူမက ရှေ့ကိုတိုးပြီး " အန်တီ့သမီး ရုန်ရွှယ်ရဲ့ အပြုအမှု အတွက် မစ္စတာမုကို အန်တီ တောင်းပန်ပါတယ်။" ဟု သူ့ကိုယ်သူ ရှင်းပြသည်။ 

သူမက ရုန်ရွှယ်ကို သူမနောက်မှ ဆွဲထုတ်လိုက်ပြီး "ဒီကလေး စပါးဒိုင်မှာ လုပ်ခဲ့တာကို ပြန်လာတဲ့အခါ သူက ငါတို့ကို ပြောခဲ့တော့ သူ့မရဲ့အကျင့်ပျက်တဲ့ အပြုအမူကို ငါတို့ သဘောမတူနိုင်ခဲ့ဘူး။ ဒါကြောင့် မစ္စတာ မုကို တောင်းပန်ဖို့ အခွင့်အရေးတစ်ခု ရှာချင်ခဲ့တယ်။  ဒါပေမယ့် ဗိုလ်ချုပ်က အန်တီတို့ကို တားထားခဲတယ်။ အန်တီတို့က မစ္စတာ မုကို မတွေ့နိုင်သလို မစ္စတာ မုရဲ့ အခြေအနေကိုလည်း မမေးနိုင်ခဲ့ဘူး။ အခုတော့ မစ္စတာ မုက နေကောင်းနေတာတွေ့တော့ အန်တီတို့ စိတ်သက်သာရာ ရပါပြီ။" 

အမေ ရုန်က ရုန်ရွှယ်ကို လှည့်ကြည့်ပြီး "ရုန်ရွှယ်၊ သမီးသွားပြီး မစ္စတာ မုကို တောင်းပန်လိုက်။" 

ရုန်ရွှယ် ၏မျက်နှာသည် တွန့်ဆုတ်နေမှုတို့ဖြင့် ပြည့်နှကိနေသော်လည်း မကြာမီမှာပင် တောင်းပန်သည့် အကြည့်တို့ဖြင့် အစားထိုးသွားသည်။ "မစ္စတာ မု၊ အဲဒီနေ့ကအတွက် ကျွန်မ တတကယ်ကို တောင်းပန်ပါတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းထိတ်လန့်သွားပြီး အဲဒီလို လူသားမဆန်တဲ့ အပြုအမှုကို လုပ်ခဲ့မိတယ်။ မစ္စတာ မု  ခွင့်လွှတ်နိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်.."

သူမပြောပြီးနောက် အမေက အမြန်ဆက်ပြောသည်။  "မစ္စတာ မု၊ အန်တီ့သမီးက အသိဉာဏ်မရှိဘူး၊ အဲဒီနေ့က ပြန်လာတော့ သူမ နေ့တိုင်း အိပ်မက်ဆိုးတွေ မက်တယ်၊ သူမက အရမ်း စိတ်မချမ်းသာ​ဖြစ်ပြီး ကိုယ်ကိုကိုယ် ပြစ်တင်ရှုံ့ချတဲ့အကျင့်ကို လုပ်ခဲ့တယ်။ ဒါ့ကြောင့် ကျေးဇူးပြုပြီး မစ္စတာမုက ဖြစ်နိုင်မယ်ဆိုရင် သူမကို ခွင့်လွှတ်ဖို့မျှော်လင့်ပါတယ်။" 

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now