2.4K 513 8
ဂျယ်လီနင်နေသော ကျန်းပေထျန်း.....
ကျန်းပေထျန်းနှင့် လုလင်းတို့ စကားပြော ပြီးသွားချိန်မှာတော့ မနက်သုံးနာရီ ထိုးနေပြီ။
အခန်းထဲပြန်သွားတော့ မုယိဖန်က မအိပ်သေးဘဲ ကုတင်ပေါ်မှာ လဲလျောင်းရင်း ကြည်လင်နေတဲ့ အမြူတေကို ထပ်ကာထပ်ကာ ကိုင်ထားရင်း သူဘာကို ကြည့်နေတာလဲ သူ မသိပေ။ 
အမြူတေသည် အထူးတောက်ပပြီး အလင်းရောင်မှိန်မှိန်ရှိသော အခန်းတစ်ခုတွင် ၎င်းသည် အခန်းကို အလင်းရောင်ပေးသည့် ရောင်စုံမီးပုံးတစ်ခုနှင့်တူသည်။ 
ကျန်းပေထျန်းသည် သူ့လက်ထဲက ဓာတ်မီးကို ပိတ်လိုက်ပြီး ကြည်လင်နေတဲ့ အမြူတေ အလင်းရောင်ကြောင့် ကုတင်ပေါ်ကို လျှောက်သွားပြီး " မင်းဘာလို့ မအိပ်သေးတာလဲ?" လို့ မေးသည်။
"ငါ လူတစ်ယောက်အကြောင်း စဉ်းစားနေတာ။ "မုယိဖန်က သူ့လက်ထဲက အမြူတေကို ချလိုုက်သည်။ 
ကျန်းပေထျန်းက သူ့အဝတ်တွေကို ချွတ်ပြီး ညအိပ်ဝတ်စုံကို လဲလိုက်သည်။  " မင်းဘယ်သူ့ အကြောင်းကို စဥ်းစားနေတာလဲ။ "
" ယောက်ျား တစ်ယောက်အကြောင်း "
ကျန်းပေထျန်းက ခဏ တန့်သွားပြီး သူညအိပ်ဝတ်စုံကို ဝတ်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ ပြီး​တေ့ သူ့ အသံက အေးစက်သွားသည်။ "မင်း ယောက်ျားတစ်ယောက်အကြောင်းကို ဘယ်လို းဥ်းစားနေတာလဲ? "
"အနာဂတ်မှာ သူ့ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားနေတာ။ " မုယိဖန်က အလယ်မှာ အိပ်ပျော်နေတဲ့ကလေးကို ဘေးဘက်ကို အမြန်ရွှေ့လိုက်ပြီး ကျန်းပေထျန်း၏ ဘေးမှာ လှဲလိုက်သည်။  "ဒီကိစ္စက ငါ့ကို အရမ်းစိတ်မကောင်းဖြစ်စေတယ်။ မင်း အဲ့အကြောင်းကို ငါ့ကိုယ်စား စဥ်းစားကြည့်ပေးပါလား? ကိစ္စတစ်ခုလုံးက ဒီလို......"
"လူတစ်ယောက်က ကောင်းတယ်ကွာ။ သူကအရမ်းကိုမှ ထူးခြားတယ်။ ဒါပေမဲ့ အဲ့လူက ငါ့ကို ရန်သူအဖြစ် သတ်မှတ်ထားတယ်။ သူက ငါ့ကို သတ်ပစ်ချင်လောက်အောင်ကို မုန်းနေတာ။ အဲ့ဒါက ငါ့ကို အရမ်းကိုမှ ဝမ်းနည်းစေတယ်။ ဒါပေမဲ့လည်း....သူက ​နောက်ပိုင်းမှာ ရုတ်တရက်ကြီး ငါ့ကို ဂရုစိုက်လာတယ်။ သူ အရမ်းထိခိုက်သွားတော့ ငါစိတ်ရှုပ်ထွေးသွားတယ်။ အနာဂတ်မှာ သူ့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ငါမသိဘူး။  အဲ့နေရာမှာသာ မင်းဆိုရင်ရော....ဘာလုပ်မလဲ? "
နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now