ဒါမင်းကလေး(ဒါမင္းကေလး)

3.5K 629 30
                                    

ဒါမင်းကလေး

ကျန်းကောစုန်းက နေရာတွင်း မုယိဖန်ကို ရယ်မောလိုက်ပြီး "တစ်ချိန်လုံး မင်းဘာဖြစ်လို့ အဖြစ်မှန်ကို မသိနိုင်ရတာလဲ?"

သူက ကလေးကို ရှေ့ကိုလွှဲပေးလိုက်ပြီး "ဟေး၊ ဒါက မင်းကိုယ်ဝန်ရဲ့ သက်သေပဲကွ၊ ​ပြီးတော့လည်း ဒါက လွန်ခဲ့တဲ့ တစ်လကျော်က ငါမှားပြီး စစ်ဆေးတွေ့ရှိခဲ့တာ မဟုတ်​ကြောင်း သက်သေပဲ။ ဟေး မင်း ငါ့ကို ရမ်းကုလို့ ပြောရဲပြောကြည့်။"

"......."မုယိဖန်သည် ကလေးလေးကို ဖျတ်ခနဲ့ ခိုး ကြည့်လိုက်ပြီး ရုတ်တရက် ငိုချင်စိတ် ပေါက်လာသည်။

သူက သားတစ်ယောက်ကို ဘာမှ မသိပဲနဲ့တောင် မွေးဖွားခဲတယ်။ ပြီးတော့ ကလေးက ဘာလို့ သူနဲ့ မတူရတာလဲ?

"ကြည့်စမ်း၊ သည်ကလေးက အရပ်ရှည်မဲ့ပုံပဲး။ ဗိုလ်ချုပ်က ကလေးရဲ့ အရွယ်ရောက်ပုံစံနဲ့ တူတယ်။" ကျန်းကောစုန်းက ဝမ်းသာအားရ ရယ်မောလိုက်သည်။

ကျန်းပေထျန်းသည် ကလေးအား လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့မျက်နှာသည် ရှုံ့တွနေပြီး သူက ကလေးနှင့် တူသည့် ဘယ်နေရာမှ မမြင်ပေ။

မုယိဖန်သည် ကျန်းကောစုန်းကို အံ့သြစွာ ကြည့်လိုက်သည်။"ဟေ့! ဒီကလေးက ကျွန်တော့်ဆီက မွေးလာတာ မဟုတ်ဘူးလား? အဲ့တာ ကျန်းပေထျန်းနဲ့ ဘာဆိုင်လို့လဲ?"

"ကလေးကို မွေးပေးတိုင်း ကလေးကမင်းနဲ့တူရမယ်လို့ မဆိုလိုဘူး။ အဲ့တာက မင်းကိုယ်ထဲကို မျိုးစေ့ချတဲ့ လူနဲ့ဆိုင်တယ်။"

ကျန်းပေထျန်း "....."

မုယိဖန်က ပြောသည်။ "ဒေါက်တာ၊ ခင်ဗျား......"

သေစမ်း၊ ဒါက ဘာလဲ?

သူပြောချင်တာက ကျန်းပေထျန်းက သူ့ကိုယ်မှာ မျိုးစေ့ထားခဲ့တယ်လို့ ဆိုလိုချင်တာမလား။

-င်းအ​ေ-ဘောပဲ!

သူက ဘယ်အချိန်တုန်းက ကျန်းပေထျန်းနဲ့ ကလေးရအောင် လုပ်လိုက်တာလဲ?

ပြီးတော့ ရှိသေးတယ်

သူက ကလေးမွေးတာကို လက်ခံနိုင်တာ မမြန်လွန်းလား?

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now