ဒီခံစားချက်ကဘာလဲ?(ဒီခံစားခ်က္က ဘာလဲ?)

2K 440 5
                                    

Chapter 118 : ဒီခံစားချက်က ဘာလဲ?

ကျန်းပေထျန်းသည် ကုလားထိုင်၏ လက်မောင်းပေါ်တွင် ထိုင်လိုက်ပြီး သူအလုံးစုံကို တွေးနေသကဲ့သို့ သူ့မျက်ခွံများ ငိုက်စိုက်ကျ​နေသည်။ 

ရှန်းကောက "သာမန်လူတွေကို သံသယတွေအဖြစ် တိုက်ရိုက် ဖယ်ထုတ်ပစ်နိုင်သင့်ပါတယ်။ အခု သာမန်လူတွေက စွမ်းရည်ရှိတဲ့လူတွေကို သတ်နိုင်တဲ့ စွမ်းရည်ရှိဖို့က ခဲယဉ်းနေပြီ။ ဒါပေမယ့် အခုအချိန်မှာ စွမ်းရည်ရှိတဲ့လူတွေ လိုအပ်နေတာကို ဘာလို့ အဲ့လူတွေက စွမ်းရည်ရှိတဲ့ လူတွေကို သတ်ပစ်ချင်နေတာလဲ?  လူသတ်သမားက ကျော်ကြားချင်တာကြောင့် စွမ်းရည်ရှိတဲ့လူတွေကို သတ်ချင်နေတာလား ဒါမှမဟုတ် တခြားရည်ရွယ်ချက်အတွက်လား? ”

ကျန်းပေထျန်း၏ မျက်နှာဟာ အနည်းငယ် မမှောင်မည်းနေသည်။ "စွမ်းရည်ရှိတဲ့လူတွေကို  စွမ်းရည်ရှိတဲ့လူတွေက သတ်ပစ်တာမဟုတ်ဘူး။"

" အဲ့ဒါက ဘာလဲ? "

ကျန်းပေထျန်းက တရားထိုင်နေသည့် မုယိဖန် ကိုကြည့်လိုက်သည်။  "ဇွန်ဘီ တစ်ကောင်ပဲ၊ စွမ်းရည်ရှိတဲ့ လူတွေကို သတ်နေတာ ဇွန်ဘီပဲဖြစ်လောက်တယ်။ "

မုယိဖန်က ခေါင်းကို မော့ပြီး ကျန်း​ထျေန်းကို ချက်ချင်းကြည့်လိုက်သည်။

အကယ်၍ ကိစ္စတွေက ကျန်းပေထျန်းပြောသလိုသာဆိုရင် အဲ့တာ ကျနကျားမင် ဖြစ်လောက်နည်။

ဝတ္ထု၏ဇာတ်လမ်းအရဆိုရင် ကျန်းကျားမင် သည် ယခုအချိန်တွင် ဝတ္ထုထဲတွင် K City တွင်ရှိနေပြီး လူသားများကို အလွန်ရွံရှာသောကြောင့် သူသည် အသများကို မစားလောက်ပေ။ ဒါပေမယ့် သူ၏ စွမ်းအားအဆင့်ကို မြှင့်တင်ရန် စွမ်းရည်ရှိသော လူများ၏ ကြည်လင်သော အမြူတေကို​တော့ တူးပေလိမ့်မည်။

"ဇွန်ဘီ တစ်ကောင်လား? " ရှန်းကောသည် လိပ်ကဲ့သို့ နှေးကွေးပြီး လှုပ်ရှားနေသော ဇွန်ဘီ များအကြောင်း ချက်ချင်း တွေးလိုက်မိသည်။ စွမ်းရည်ရှိတဲ့ လူတွေကို ဘယ်လိုသတ်နိုင်မလဲဆိုတာ စိတ်ကူးကြည့်ဖို့ခက်ခဲသည်။ "ဒါက...... ဒါက မဖြစ်နိုင်လောက်ဘူး။ "

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now