Gosh! သူ့အမြင်ကို မပြောင်းနိုင်သေးဘူး
မုယိဖန် လှည့်ကြည့်လိုက်တော့ စန်းဇီဟောင်က သူ့ကို ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်မနေပေ။  မုယိဖန်က သူ ဇွန်ဘီဖြစ်ကြောင်း သူတို့တွေ မသိသေးဘူးဟု ခန့်မှန်းမိလိုက်သည်။ ဒါ​ကြောင့်သာ သူတို့ကားထဲတွင် စိတ်အေးအေးချမ်းချမ်း ထိုင်နေတာပေါ့။
အဖွဲ့က ထွက်ခွာပြီးနောက် မောင်းနှင်သည့်အရှိန်သည် မြန်သည် သို့မဟုတ် နှေးသည်မဟုတ်ပေ။
လမ်းခုလတ်တွေမှာ ကျန်းပေထျန်းက စွမ်းရည်ရှိတဲ့ သူတွေကို ထရပ်ကားပေါ်ကနေ ဆင်းစေပြီး ဇွန်ဘီတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ သူတို့ရဲ့စွမ်းရည်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ လေ့လာစေသည်။ လေ့ကျင့်ခန်းပြီးသွားသောအခါ သူတို့ဟာ ဇွန်ဘီတွေ၏ ပြဿနာကို ဖြေရှင်းဖို့ လက်နက်တွေကို အားကိုးစရာ မလိုတော့ပေ။
ယင်းက စွမ်းအားမရှိသူများ အထူးသဖြင့် မုယိဖန်ကို မနာလိုဖြစ်စေသည်။ 
ထင်ရှားသော ခြားချက်မှာ ဇွန်ဘီဘုရင် မုယိဖန်သည် တောက်ပတေသာ အမြူတေကို စုပ်ယူပြီးနောက် အစွမ်းထက်သော စွမ်းရည် နှစ်ခုကို ရရှိခဲ့သည်။ သူ  စုပ်ယူလိုက်ပြီးနောက် ဘာလို့ စွမ်းရည်တွေ သူ့မှာ မရှိရတာလဲ?
သူမသုံးတတ်တာလား?  ဒါမှမဟုတ် သူ့ခန္ဓာကိုယ်မှကိုက စွမ်းရည်မရှိတာလား?
ဒါမှမဟုတ် ဝိဉာဏ် ပြောင်းသွားလို့ ခန္ဓာကိုယ်က စွမ်းရည် မထုတ်နိုင်တော့တာလား?
မုယိဖန်က သူ့လက်တွေကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
ဘေးနားတွင် ထိုင်နေသော ကျန်းကောစုန်းက ဇွန်ဘီများနှင့် စွမ်းရည်ရှိသူများကို ကြည့်နေစဥ် သက်ပြင်းချသံကို ကြားတော့ လှည့်ကြည့်လိုက်သည်။ " ညည်းတွားတာက ဘာအတွက်လဲ? ဗိုလ်မှူးကျန်းက သူ့လက်နဲ့ မင်းသနားမှုကို သတ်လိုက်တာ မင်းကို စိတ်မသက်မသာဖြစ်စေလို့လား?"
မုယိဖန်က သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး " မဟုတ်ဘူး။ "
တခြားလူတွေက အခု သူ့ခံစားချက်ကို ဘယ်လိုနားလည်မှာတုန်း? 
နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now