သားရဲ့ကျွန်(သားရဲ႕ကြၽန္)

3.5K 635 31
                                    

သားရဲ့ကျွန်

မုယိဖန်နှင့် ကျန်းကောစုန်းတို့သည် ကျန်းပေထျန်း၏ စကားကို ကြားတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ညီညီညွှတ်ညွှတ်ဖြင့် ကျန်းပေထျန်းကို ကြည့်ပြီး တိုးတိုးလေးပြောသည်။ "သူက သန္ဓေပြောင်းသွားတယတော့ မဟုတ်ဘူးမလား?"

"ကလေးက အသက်ဆယ့်ရှစ်နှစ်တော့ ရောက်မသွားဘူးမလား?"

ကျန်းပေထျန်း"......"

လူနှစ်ယောက်၏ လက်ခံနှုန်းမှာ အတော်လေး အားကောင်းနေသည်ကို တွေ့ရှိခဲ့ပြီး သူ့စိုးရိမ်မှုမှာ မလိုအပ်တော့ပေ။

ကျန်းကောစုန်းက မုယိဖန်ကို စိတ်မစိုးခဲ့ဘူး။" မင်းရဲ့ကလေးက ဒီလိုမွေးဖို့ ကျိန်စာတွေဘာတွေရှိလား? ကိုယ့်ကလေးကို သန္ဓေပြောင်းသွားပြီလို့ မင်းဘယ်လိုတောင် ပြောရက်ရတာလဲ?"

" ......"မုယိဖန်က သူ့ကို စိုက်ကြည့်နေတယ်လို့ ခံစားရသည်။

ချင်ထျန်းပုတီးစေ့သည် သေးငယ်သောပုတီးစေ့မှ သူ့ဗိုက်ထဲတွင် သေးငယ်သော  ကလေးလေး အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုကလေးကနေ တစ်စုံတစ်ခုအဖြစ်သို့ ပြောင်းလဲမည်ဆိုသည်ကို မည်သူသိနိုင်မည်နည်း။ ထိုကြောင့် အဲ့လိုစဥ်းစားမိလို့ သူ့ကို အပြစ်မတင်နိုင်ပေ။

တံခါးနားမှရှိနေတဲ့ ကျန်းပေထျန်းက ဖယ်ပေးလိုက်ပြီး သူတို့ကို ကလေးကို လာကြည့် ခိုင်းသည်။

နှစ်ယောက်သား အခန်းထဲကို လှမ်းကြည့်လိုက်တော့ ကျန်းပေထျန်းကဲ့သို့ တစ်ပုံစံတည်း နှစ်နှစ် သို့မဟုတ် သုံးနှစ်အရွယ် ကလေးတစ်ဦး ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူတို့ကိုကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းကောစုန်းက အံ့သြ သွားသည်။ "ဒါ....ဒါ....အခုမှမွေးတဲ့ ကလေးလား?ဒါက..... မြန်လွန်းတယ်။"

မဝင်လာခင် သူပြောတဲ့စကားတွေက ပေါ့ပေါ့ပါးပါး စကားတွေချည်းပါပဲ။ ကလေးက ဒီလောက်မြန်မြန်ကြီးလာမယ်လို့ သူမထင်မိဘူး။ "ကလေးက အနာဂတ်မှာ အချိန်တိုအတွင်း မြန်မြန်ကြီးလားမှာလား?"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now