မင်းကဇွန်ဘီလား?(မင္းက ဇြန္ဘီလား? )

1.7K 429 2
                                    

အခန်း 116 : မင်းက ဇွန်ဘီလား?

မုယိဖန်သည် ကားပေါ်ကဆင်းလာတဲ့လူကိုကြည့်ရင်း "ဇီ ယု ? စွန်း ဇီ ယု ?"

သူဒီမှာ စွန်းဇီယုကို တွေ့တယ်ဆိုတာ မယုံနိုင်စရာပဲ။

သူဟာ စွန်းဇီယုကို နှစ်ကြိမ်တိုင်တိုင် ရှာဖွေခဲ့ပြီး စိတ်ပျက်စွာနဲ့ပဲ အဆုံးသတ်ခဲ့သည်။  ကြီးကြီးမားမား မီးရှို့ဖျက်ဆီးပြီးနောက် သူ G City ဂျီစီးတီးမှ ထွက်ခွာခဲ့ရသည်။ စွန်းဇီယုကို ရှာတွေ့ရန် အခွင့်အလမ်းကလည်း အလွန်နည်းပါးသည်ဟုလည်း သူ ခံစားခဲ့ရသည်။ 

စွန်းဇီယုလို့ ခေါ်တဲ့ လူတစ်ယောက်အကြောင်း မနေ့က အဘိုးအို ပြောသွားတာကို ကြားလိုက်ရပေမယ့် စွန်းဇီယုနဲ့ တူသည့် လူဖြစ်နိုင်ခြေက အလွန်နည်းတယ်လို့ သူထင်ခဲ့သည်။

တကယ်ပဲ စွန်းဇီယု ဖြစ်နေလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။

မုယိဖန်သည် တွေးနေသော အခိုက်အတန့်မှ လျင်မြန်စွာ သတိ ပြန်ဝင်လာပြီး ထရပ်ကားပေါ်မှ စိတ်လှုပ်ရှားစွာခုန်ဆင်းပြီး စွန်းဇီယုကို ပွေ့ဖက်လိုက်သည်။ "ဇီယု ၊ ဒါ တကယ် မင်းပဲ။ တကယ် မင်းပဲ။ "

"အွင်း.... ငါပဲ၊ ငါပါကွာ"စွန်းဇီယုက ပြုံးပြီး  သူ့ကိုပြန်ကြည့်ကာ "ငါပြောမယ်.... မင်းငါ့ကို မြင်ပြီး ဘယ်လိုလုပ် အရမ်းစိတ်လှုပ်ရှားနေရတာလဲ? "

မုယိဖန်က သူ့လက်ကိုပြန်ဆွဲယူပြီး ပုခုံးပေါ်ပြောင်းတင်းကာ " နောက်ဆုံးရက်တွေတုန်းက မင်းကိုရှာဖို့ မင်းအိမ်ကို ငါနှစ်ကြိမ်​တောင် သွားခဲ့တယ်..... မင်းအိမ်က မွစာကြဲနေတော့ ငါမင်းကို နောက်တစ်ခါ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ။ "

စွန်းဇီယုက "ဟုတ်တာပေါ့.... မင်းငါ့ကို ဘာ်ရှာတွေ့မလဲ.....ကမ္ဘာပျက်ကပ်စတော့ ငါတို့မှာ ဗီလာ ဧရိယာထဲမှာ ဇွန်ဘီတွေ ရှိနေလို့ ငါထွက်သွားခဲ့တာလေ။ " "

" ဦးလေး နဲ့ အန်တီရော ဘာ်လိုနေလဲ? ?" မုယိဖန်က မေးသည် ။ 

စွန်းဇီယု၏ မျက်လုံးများက ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး "ငါ သူတို့ကို လုံခြုံတဲ့ နေရာမှာ ပုန်းအောင်းထားခိုင်းလိုက်တယ်၊ အဲဒီမှာ ဘယ် ဇွန်ဘီမှရှိမှာ မဟုတ်ဘူး။""

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now