အခန်း 135

1.6K 314 8
                                    

အခန်း 135: ကျွန်မ တောင်းပန်ပါတယ်



ထိုအမျိုးသမီးသည် ဤနေရာတွင် အသံသွင်းဘောပင်နှင့် ခိုးနားထောင်နေသည်။

ချန်ယန် မျက်နှာ ပျက်သွားသည်။

ရုန်ရွှယ် မျက်နှာသည်လည အထူးသဖြင့် ရုပ်ဆိုးသွားပြီး သူမနှင့် ချန်းယန် တိုက်ခန်းအပြင်ဘက်တွင် စကားပြောဆိုနေသည်ကို တွေးမိသောအခါတွင် သူမ၏မျက်နှာသည်ဖြူဖျော့လုနီးပါး ဖြစ်သွားသည်။ သူမပြန်ကြည့်တော့ မျက်နှာက ရှုံ့မဲ့သွားပြီး မိန်းမကို ဒေါသတကြီးစိုက်ကြည့်ရင်း "မင်းက ဒီပစ္စည်းကို ငါ့ဆီကခိုးလာတာ!"

အမျိုးသမီးက စကားမပြောဘဲ သူမကို အမူရာမဲ့ ကြည့်လိုက်သည်။ "ငါ နင့်ထဲကို မထည့်ထားခဲ့ပါဘူး။"

ဝမ်ကျူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ရုန်ရွှယ်၏ ဒေါသထွက်နေသော မျက်နှာသည် ဝမ်ကျူ ဘက်သို့ လှည့်သွားသည်။

"ငါမင်းကို လှမ်းဆဲဲပြီး နောက်ဆုံးစကားကိုပြောတဲ့အခါတုန်းက မင်း အာရုံမစိုက်ခင် မင်းထဲကို ထည့်ထားခဲ့တာ။"

"ရှင်......"

မောင်းယုသည် အမျိုးသမီးထံမှ အသံဖမ်းဘောလ်ပင်ကိုယူကာ " မိန်းကလေး ရုန်ရွှယ်၊ ဒီဘောပင်က ရင်းနှီးတယ်လို့ ထင်လား?"

ချန်းယန်နှင့် ရုန်ရွှယ်သည် မောင်းယူကိုင်ဆောင်ထားသော အသံသွင်းဘောပင်ကို ကြည့်လိုက်သည်။

အဲဒါကို သူတို့ ဘယ်လို မရင်းနှီးဘဲနေမလဲ? အဲ့ ဒါက ရုန်ယန်ရဲ့ ဘောင်းဘီထဲ ထည့်ထားတဲ့ အသံသွင်းဘောပင်ပဲ။

မောင်းယုသည်' PLAY 'ကို နှိပ်လိုက်သည်။

ထို့နောက် အခန်းတစ်ခန်းလုံးက ဝမ်ကျူ၏ အသံကို ကြားလိုက်ရသည်။ " ရုန်ယန်ကို အဖွဲ့ထဲက ကန်ထုတ်ခံရတာ မြင်ရတာ ဝမ်းသာစရာ မဟုတ်လား?"

ဒီအသံကိုကြားတော့ ရုန်ယန်၏ မျက်လုံးများက ထိတ်လန့်သွားသည်။

ဤသည်မှာ လှေကားထစ်တွင် ဝမ်ကျူ နှင့် သူမ၏ စကားဝိုင်းဖြစ်သည်။

အသံသွင်းတဲ့ အသံက သိပ်မကျယ်ပေမယ့် အနီးနားက သူတွေကြားရပါတယ်။ သိပ်မကြာခင်မှာဘဲ တစ်ယောက်ယောက် အော်ခေါ်သံကို ကြားလိုက်ရသည်။ " ရုန်ရွှယ်၊ ချန်း မျိုးရိုးအမည်ရှိတဲ့ မိန်းကလေး တစ်ယောက် မင်းဆီကုလာတယ်။"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now