မင်းကနလပိန်းတုံးလား(မင်းက နလပိန်းတုန်းလား)

2.3K 493 15
                                    

မင်းက နလပိန်းတုံးလား

မုယိဖန်က အင်အား အလွန်အကျွံမသုံးရဲပေ။  သူသည် ညင်သာစွာ ညည်းတွားပြီး သတိကြီးစွာ မေးသည်။ "အဲ့တာက မင်းအတွက် အရေးမကြီးဘူးလား? "

အမျိုးသား ဇာတ်လိုက်က နာကျင်မှုကို ခံစားနေရပြီး၊  သူ အမျိုးသား ဇာတ်လိုက်၏ ညီလေး အပေါ်မှာ ဘယ်လောက်တောင် ဖိအားသုံးလိုက်လဲ ဆိုတာ ဉာဏ်ကြီးရှင်က သိသည်။

" မင်းရဲ့ အနာဂတ် လိင်ပိုင်းဆိုင်ရာ သာယာမှုကို ထိခိုက်စေမှာလား?"

အမျိုးသား ဇာတ်လိုက်က မထောင်မတ်နိုင်တဲ့ အခြေအနေရောက်သွားရင် သူ့အသက်ကို တောင်းမှာလား?

မုယိဖန်က အကြံပေးသည်။ "ဒါမှမဟုတ် မင်းညီလေးကို ဒေါက်တာ ကျန်း ဆီကို သွားပြပါလား?"

"မင်း အဲ့ပါးစပ်ကို ပိတ်ထားလိုက်တော့! "

ကျန်းပေထျန်းသည် နာကျင်မှုကို သက်တောင့်သက်သာရှိစေရန် တရားခံ၏ ပါးစပ်ကို အလျင်အမြန် ပိတ်ခိုင်းလိုက်သည်။

မုယိဖန်က သူ့အနားကို အလျင်အမြန် ပြေးလာပြီး "ငါ ပါးစပ်မပိတ်ခင် စကားတစ်ခွန်းလောက် ပြောလို့ရမလား။ "

ကျန်းပေထျန်းက သူ့မျက်နှာကို လှည့်ကြည့်လိုက်သည်။

" စာကြောင်းလေးတစ်ကြောင်းတည်းပါ။ "

ကျန်းပေထျန်း "....."

သူက အခုလေးတင် ပိုပြောနေတာ မဟုတ်ဖူးလား။

မုယိဖန်သည် ကျန်းပေထျန်း၏ မျက်နှာ ပိုပိုပြီး မှောင်လာသည်ကို မြင်လိုက်ရသည်။ သူက မြန်မြန်ပဲ  "မင်း ဒေါက်တာကျန်းကို ကြည့်ခွင့်ပေးသင့်သေးတယ်လို့တော့ ငါထင်တယ်။ အနာဂတ်မှာ မင်းလှံ🌚က မထောင်နိုင်တော့ရင် ဘယ်လိုလုပ်မလဲ? ဘာပြောပြော မင်းမှာ သားတစ်ယောက်ရှိပြီးသားမို့ မပြောနိုင်ဘူးဆိုပေမယ့် ဘိုးဘေးလေးက နေမကောင်းဖြစ်ရင် ဘယ်လိုဖြစ်မလဲ ပြီးတော့ မင်း........"

" ဒီစာကြောင်းက နည်းနည်းရှည်မနေဘူးလား !" ကျန်းပေထျန်းက သူ့သွားတွေကို ကြိတ်ပြီး ပြောသည်။

  "ဒါပေမယ့် ... "

ကျန်းပေထျန်းက သူ့ကိုယ်သူ သက်သေမပြရင်မုယိဖန်က စကားပြောတာကို ရပ်သွားမှာ သေချာသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now