အံသြစရာ​တော့မဟုတ်ပါဘူး(Zawgyi+Uni)

1.4K 341 0
                                    

Chapter 124 : အံ့သြစရာတော့ မဟုတ်ပါဘူး



မုယိဖန် မနက်စောစော အိပ်ရာက နိုးလာတဲ့အခါ ကျန်းပေထျန်းက အခန်းထဲမှာ မရှိတော့ပေ။

သူ အမြန်ရေချိုးပြီး တစ်ဖက်အခန်းက ကျန်းကောစုန်းကို ရှာဖို့သွားသည် ။ 

အခန်းထဲမှာ ကလေးကို အဝတ်ဝတ်ပေးနေတဲ့ ကျန်းကောစုန်းက တံခါးခေါက်သံကြားလို့ တံခါးလာခေါက်တဲ့လူကို ဝင်ခွင့်ပြုဖို့ တံခါးကိုဖွင့်လိုက်တော့ မုယိဖန် အခန်းထဲ ဝင်လိုက်တော့ “ဒေါက်တာ၊ ကျွန်တော် ခင်ဗျား သားကိုတွေ့ပြီ “

“တကယ်လား? “ ကျန်းကောစုန်းက မုယိဖန်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည်။  “ဘယ်တုန်းကလဲ၊ သူ့ကိုဘယ်မှာတွေ့တာလဲ?”

မုယိဖန်က မျက်စံလှည့်လိုက်ပြီး ဘာလို့ဒီလိုလုပ်ရတာလဲ? “ကျွန်တော်တို့ တိုက်ခန်းရဲ့ အနောက်လမ်းကြားထဲမှာ မနေ့ညက တွေ့ခဲ့တာ။ ခင်ဗျား မယုံရင် သူ့ကိုမြင်ခဲ့တဲ့ ကျန်းပေထျန်းကို မေးလို့ရတယ်။”

အခုပြန်ကြည့်လိုက်ရင် သူ ကျန်းပေထျန်းနဲ့ မနေ့ညက အခက်အခဲဖြစ်ခဲ့တယ်လို့ ခံစားလိုက်ရသည်။

အရင်တုန်းက ကျန်းကျားမင်သည်လည်း ကျန်းပေထျန်း၏ ရန်သူဖြစ်သည်။ သို့သော် မနေ့ညက ကျန်းကျားမင်းကို စကားတစ်ခွန်းမှ မပြောဘဲ လွတ်ပေးခဲ့ပြီး အဲ့တာက အကြီးမားဆုံး လိုက်လျောမှုကိုပင်။ “အခု မင်းသူ့ကိုတွေ့ပြီးပြီ၊ ငါကို မခေါ်ဘဲ မင်းဘာသာ ဘာလို့သွားတွေ့တာလဲ?”ကျန်းကောစုန်းက မေးသည်။ 

“ကျွန်တော်က အထဲမှာရှိနေလို့ပေါ့။ သူက အထဲ လာကြည့်ရတာ အဆင်မပြေဘူးဆိုတော့ သူနဲ့ အပြင်မှာသာ သွားတွေ့တာပေါ့။ “

“ ဒီအကြောင်းကြောင့်မဟုတ်ဘူး ၊ သူပေါ်လာဖို့ ခဏတာ အဆင်မပြေဘူး ၊ ဘာကြောင့်လဲ အတိအကျတော့ မသိဘူး ၊ သူက ကျွန်တော့်ကို  မပြောဘူး ၊ ဒါပေမယ့် နောက်ကျ ကျွန်တော်တို့ သူ့ကို တွေ့ရင် မသိဘူးလို့ ဟန်ဆောင်ရမယ်။  “

“ သူ့ကို မသိချင်ယောင်ဆောင်ရမယ် ?  “ ကျန်းကောစုန်းက သူ့အသံကို မထိန်းနိုင်ဘဲ အော်ပြောလိုက်မိသည်။ “ သူ့အဖေက သူ့သားကို မသိချင်ယောင်ဆောင်ရမယ်၊ သူ ဘာတွေ လုပ်နေတာလဲ ?  “

“ ကျွန်တော်လည်း သိချင်ပေမယ့် သူကတော့ မပြောဘူး။  “

ကျန်းကောစုန်းသည် သံသယမျက်နှာဖြင့် မုယိဖန်ကို ရုတ်တရက် ကြည့်လိုက်သည်။ “မနေ့ညက တိုက်ခန်းနဲ့ ဆန့်ကျင်ဘက်လမ်းကြားမှာကျားမင်နဲ့ တွေ့ခဲ့တယ်လို့ မင်းပြောတာလား?။ ဒါဆို မင်း မနေ့ညက အပြင် ခိုးထွက်သွားတာလား?”

မုယိဖန်က ကျန်းကျားမင်ကို တွေ့ဖို့ သွားတယ်ဆိုတာ အတိအကျကြီး မပြောနိုင်ပေ။ “ကျွန်တော် ကင်းလှည့်သွားရင်း သူ့ကို တွေ့ခဲ့တာ။ တိုတိုပြောရရင် ကျားမင်က အခိုင်အမာ ပြောခဲ့ပြီး ၊ သူပြောတဲ့ အတိုင်း လုပ်ရမှာပေါ့။ သူ့အတွက် ဆိုးတာတွေ မကြုံရအောင်လေ.... ဟုတ်တယ်မလား။”

ကျန်းကောစုန်းက နှာခေါင်းရှုံ့ပြီး “မွေးရကျိူးမနပ်တဲ့သား..... ဒီကောင်လေး ပြန်လာရင် ငါ သူ့ကို ကောင်းကောင်း ရိုက်ပလိုက်မယ်။ “

“ ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ အဲဒါက သူ ပြန်လာတဲ့အခါ ရိုက်တော့။ အခု အရေးကြီးဆုံးက အောက်ထပ်ကိုဆင်းပြီး မနက်စာစားရမယ်။ ပြီးတော့ ခင်ဗျား မစ်ရှင်လုပ်ဖို့ အရှေ့အခြမ်းတံခါးကို သွားရမှာမလား။”

ကျန်းကောစုန်းက သက်ပြင်းတစ်ချက်ချကာ လှည့်ကြည့်လိုက်ပြီး ကလေးကို အဝတ်ဆက်ဝတ်ပေးလိုက်သည်။  “ငါ လာခဲ့မယ် ၊ငါ လာခဲ့မယ် “

မုယိဖန်က သူ့သားအဝတ်အစားတွေ ယူဖို့ဘအမြန်လှုပ်ရှားလိုက်သည်။

ပြောရမည်ဆိုရင် ကလေးမွေးပြီးကတည်းက သူ ကလေးနဲ့ သိပ်မရင်းနှီးသေးဘူး။ ကလေးကို အဝတ်ဝတ်ပေးတဲ့ ဒီလိုအသေးအဖွဲလေးတွေကစ သူလုပ်ရတာ ရှားသည်။ “ပါးပါး..... “

မုချင်ထျန်းက မုယိဖန်၏ မျက်နှာကို ရွှင်မြူးစွာ နမ်းလိုက်သည်။

ဤရွှဲရွှဲစိုသောအသံလေးက မုယိဖန်၏ နှလုံးသားကို ပြောင်းလဲသွားစေပြီး ကလေးကို ချောမောစွာ ၀တ်ဆင်ပေးပြီး မနက်စာစားရန် အောက်ထပ်သို့ အမြန်ခေါ်သွားသည်။ 

မနက်စာစားပြီးနောက် မုယိဖန်သည် ရိက္ခာရှာဖွေရန် စန်းဇီဟောင်နှင့်အတူ ကားပေါ်တက်လိုက်သော်လည်း ကျန်းပေထျန်းက သူ့ကို ရပ်တန့်လိုက်သည်။ မုယိဖန်က အံ့သြရင်း “ဘာကိစ္စရှိလို့လဲ? “

“မင်း စွန်းဇီယုကို ပြောထားတဲ့ အရာကို မှတ်မိသေးလား.....ဆန်တစ်အိတ်လား?”

ကျန်းပေထျန်းက မေးလိုက်တဲ့အခါ မုယိဖန်က သူ စွန်းဇီယုကို အကြွေးတင်နေ သေးတာကို သတိရလိုက်သည်။ 

ဟုတ်တယ် ဆန်တစ်အိတ်.....  နောက်နေ့ သူ ရိက္ခာရှာဖို့ အပြင်ထွက်ရမှာဆိုတော့ မေ့နေသည်။ မုယိဖန် ကိုယ်ခေါင်းကို ပုတ်လိုက်ပြီး “ ဒါကို ငါ ဘယ်လိုလုပ် မေ့နိုင်ရတာလဲ? ဇီယုကတော့ ငါ့ကို ယုံကြည်ရတဲ့လူလို့ မြင်တော့မှာမဟုတ်ဘူး။ “

ကျန်းပေထျန်းက ပြောသည်။ “ ဒီဆန်တစ်ထုပ်ကို ပြန်ပေးဖို့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်။”

“မင်း ငါနဲ့ တကယ် လိုက်ခဲ့မှာလား? “ မုယိဖန်က သူ့ကို မယုံနိုင်စွာ ကြည့်ရင်း “ မင်း အဲဒီကို ရောက်ရင် မင်း သူနဲ့ ရန်ဖြစ်မှာတော့ မဟုတ်ဘူးမလား? “

သူတို့ တကယ် ရန်ဖြစ်ရင် သူတို့ကို ဘယ်လိုတားရမလဲ သူမသိပေ။ အဲ့တာက မကောင်းပေ။ နှစ်ယောက်စလုံးက ထက်မြက်တဲ့ တိုက်ခိုက်ရေးသမား တွေဖြစ်ပြီး သူက သူတို့ကို မတားနိုင်ပေ။  အဲတာက သေမင်းကို လိုက်ရှာနေသလိုမျိုးပဲ။ ကျန်းပေထျန်းက သူ့ကို ဘာမှမပြောဘဲ တျုက်ရိုက်တွန်းလိုက်သည်။ “ကားထဲဝင်တော့။”

မုယိဖန်က SUV ပေါ်တက်ပြီး ကျန်းပေထျန်း နဲ့ တိုက်ခန်းထဲက ထွက်သွားတော့သည်။ လမ်းတစ်လျှောက်မှာ မုယိဖန်က မနေ့ညကအကြောင်း မေးသည်။ “ မနေ့ညက လုလင်း လူသတ်သမားကို ဖမ်းမိလား? “

“ လုလင်းက လူသတ်သမားကို ဖမ်းတော့မယ်ဆိုတာ မင်းဘယ်လိုသိလဲ? “

“ K City မှာ ဒုဗိုလ်ချုပ် ကျိုးက မင်းကိုလိုက်ရှာနေတာတွေ့တော့ အဲဒီလူကို ကူညီဖမ်းဖို့ မင်းဆီလာခဲ့တာလို့ ငါထင်လိုက်တာ။ အဲ့တော့ သူတို့ လူသတ်သမားကို ဖမ်းမိကြပြီလား?  “

မုယိဖန်က ဘယ်ဇွန်ဘီက စွမ်းရည်ရှိတဲ့ လူအများကြီး သတ်ပစ်လိုက်တော့ ဘယ်လောက်တောင် အစွမ်းထက်တယ် ဆိုတာကို သိချင်နေသည်။” မဖမ်းမိဘူး။ ဒါပေမယ့် အဲဒီလူက ဒဏ်ရာရပြီး ထွက်ပြေးသွားတယ်။ “

မုယိဖန်က အနည်းငယ်စိတ်ပျက်သွားကာ လူအများကြီးကို တစ်ဖက်လူကို ဖမ်းကို လွှတ်လိုက်ပေမယ့် ဖမ်းမမိခဲ့ဘူး။ “အဲဒီလူရဲ့မျက်နှာကို မင်းမြင်လိုက်သေးလား?”

“မမြင်လိုက်ဘူး။ အဲဒီလူက သူ့မျက်နှာမှာ အနက်ရောင်မျက်နှာဖုံးနဲ့ညကာထားတာ။ ပြီးတော့ အဲဒီလူက အရမ်းမြန်လွန်းတော့ လုလင်းနဲ့ အဖွဲ့က လိုက်မမီဘူး။  “

“ မထူးဆန်းပါဘူ။”

မုယိဖန်က အဲဒီလူကို ဖမ်းမမိသေးတာကို မြင်တော့ ထပ်ပြောမပြတော့ပေ။

သူ အရှေ့ဘက်အဆုံးစွန်က ဗီလာကို ရောက်လာတော့ စပ်စုချင်စိတ်ဖြင့် ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်လိုက်သည်။

ဗီလာက အရမ်းကိုမှ အသက်ဝင်နေပြီး ယာယီ လဲလှယ်ရေးနေရာတောင်မှ ဘာမှမဟုတ်ပေ။ လမ်းမှာ စကားပြောနေကြသော လူများက အကုန်လုံး ပြုံးနေကြပြီး ဝတ်ထားသော အဝတ်များက တောက်ပြောင်နေပြီး ကမ္ဘာပျက်ကပ်မှာ ရှိနေတဲ့လူတွေလို မဟုတ်ပေ။

ကားတစ်စီး ဝင်လာသည်ကို မြင်လိုက်ကြပြီး စပ်စုကြည့်ကာ မကြာမီ အဝေးကို လှမ်းကြည့်ကြသည်။ “ဒီကလူတွေအားလုံးက စွမ်းရည်ရှိတဲ့ လူတွေမဟုတ်ဘူးမလား?”

မုယိဖန်က ပြတင်းပေါက်ကနေ ကြည့်ရင်း မေးတော့ ကျန်းပေထျန်းကလည်း ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပြီး “အားလုံးတော့ မဟုတ်ဘူး။ မင်းကြည့်......  သူတို့ရဲ့အဝတ်အစားနဲ့ မျက်နှာတွေကို ကြည့်ပြီး ဘယ်သူက စွမ်းရည်ရှိပြီး သာမန်လူတွေက ဘယ်သူလဲဆိုတာ မင်းသိလိမ့်မယ်။”

မုယိဖန်က သေသေချာချာ လေ့လာလိုက်တော့ တချို့လူတွေက မတူကြပေ။ တစ်ချို့က ပါးလွှာတယ်၊ အဝတ်အစားက သာမန်ဖြစ်နေကြတာကို တွေ့ရတယ်။  သူတို့ဘဝတွေက သိပ်မလွယ်ဘူးဆိုတာ သိရလိမ့်မည်။

တစ်နည်းဆိုရသော် ဤလူများသည် စွမ်းရည်ရှိသူများ မဟုတ်ကြသောကြောင့် ဆိုးရွားပြီး အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင် အစားအစာနှင့် အဝတ်အစားများကို မတွေ့နိုင်ကြပေ။ “အဲ့တာက ကွဲပြားသွားစေသည်။”

မုယိဖန် ဒီကိုကြည့်ရင်း သူတို့၏ တိုက်ခန်း အဆောက်အဦးက ပိုကောင်းနေသေးတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ အရောင်တောက်တောက်တွေ ၀တ်ထားခြင်းမရှိသလို စုတ်ပြတ်သတ်နေတဲ့ ၀တ်စားဆင်ယင်မှုလည်းမရှိ၊ အားလုံးက ခွဲခြားမှုမရှိဘဲ အတူတူပဲ။

အာ့ ! 

အဲ့တာက ဘယ်မှန်မလဲ။

သူ့သားက အရမ်းထူးခြားတယ်၊ သူက နေ့တိုင်းအဝတ်အစားအသစ်တွေဝတ်ပြီး အရမ်းကိုမှ ချစ်စရာကောင်းတယ်။ 

ထိုအချိန်တွင် သူ့ရှေ့က စစ်သားသည် မောင်းနှင်နေသော သူ့ကားကို တားလိုက်တော့ စွန်းဇီယု၏ နေအိမ်အကြောင်း မေးမြန်းပြီး လမ်းသွားလမ်းလာကို ခေါ်ကာ မောင်းသွားခဲ့သည်။ 

စွန်းဇီယု နေထိုင်သည့် ဗီလာအနီးတွင် မုယိဖန်သည် ဥယျာဉ်ကြီးတွင် အာရုံစိုက်ကာ စွမ်းရည်များကို လေ့ကျင့်နေကြသော လူအများအပြားကို မြင်ခဲ့ရပြီး ကာယလေ့ကျင့်ခန်း မလုပ်ဆောင်နိုင်သူများလည်း ရှိနေသည်။

ယေဘူယျအားဖြင့် လူတိုင်း၏လေ့ကျင့်မှုမှာ အတူတူပင်ဖြစ်သော်လည်း အလေးအနက်ထားကြည့်လျှင် ဤနေရာတွင် လူတော်တော်များများသည် ပျင်းရိကြပြီး ရုပ်ရည်သွင်ပြင်မရှိကြပေ။ တင်းကြပ်စွာ လေ့ကျင့်ခိုင်းသည် လုလင်းနှင့်မတူဘဲ ဘာမှမလှုပ်မရှား အရိပ်အယောင်လုံးဝမတွေ့ရပေ။ 

မဟုတ်ရင် လေ့ကျင့်မှု နှစ်ဆတိုးတာ ဒါမှမဟုတ် အစာမစားတာလိုမျိုး အပြစ်ပေးခံရလိမ့်မည်။

စွန်းဇီယု နေထိုင်သည့် ဗီလာသည် ဗီလာဧရိယာတွင် အကြီးဆုံးဖြစ်ပြီး ထိုနေရာသို့ရောက်လျှင် မည်သည့်အိမ်သည် စွန်းဇီယုအိမ် ဖြစ်သည်ကို သိရှိနိုင်သည်။  ကားက ဗီလာတံခါးမှာ ရပ်လိုက်ပြီး မုယိဖန်က ကားပေါ်ကနေ စိတ်လှုပ်ရှားစွာ ထွက်သွားပြီး “ ဇီယု၊ စွန်းဇီယု..... “

ဤအသံသည် လူအများ၏ အာရုံကို စွဲဆောင်နိုင်သည်။ ယေဘူယျအားဖြင့် ဤနေရာတွင် နေထိုင်သော လူများသည် စွန်းဇီယုကို ဘော့စ် စွန်း ဟုသာ ခေါ်ကြသည်။ တစ်ယောက်မှ သူ့အမည်ကို လုံးဝခေါ်ဆိုမည်မဟုတ်သောကြောင့် လူတိုင်းသည် ဤနေရာတွင် တည်ရှိနေသည်မှာ အလွန်သိချင်လှသည်။ “ဘယ်သူလဲ? ငါတို့ ဘော့စ်ရဲ နာမည်ကို ဘယ်သူခေါ်တာလဲ ? “

အပြင်မှာ အော်သံကြားလို့ တံခါးဖွင့်လိုက်တာနှင့် မုယိဖန်၏ မရင်းနှီးသော မျက်နှာကို မြင်လိုက်ရတော့ မျက်ခုံးပင့်လိုက်ပြီး “ မင်း ဘယ်သူလဲ ?”

မုယိဖန်က ရှင်းပြသည်။ “ ငါက စွန်းဇီယုရဲ့ သူငယ်ချင်း မုယိဖန် ၊ ငါ စွန်းဇီယု နဲ့ တွေ့ဖို့ လာတာ။”

အခြားလူက မုယိဖန်လို့ ကြားလိုက်သည်နှင့် ဘော့စ်မှားထားတဲ့ မုယိဖန်ဆိုတဲ့ လူလာလို့ရှိရင် သူ့ဆီလာလာခွင့်ပေးခိုင်းသည့် အမိန့်ကို ချက်ခြင်းသတိရပြီး ဝင်ခွင့်ပြုလိုက်သည်။” မစ္စတာ မု ပါလား၊ ဝင်ပါ ၊ ဝင်ပါ  “

နောက်မှဆင်းလာသည့် ကျန်းပေထျန်းသည် စစ်သားအုး ဆန်တစ်ထုပ်နှင့် သစ်သီးအိတ်အနည်းငယ်ကို နောက်ကနေ ယူသွားရန် အချက်ပြလိုက်သည်။ မုယိဖန်က ၄င်းကို မြင်ပြီး  ထင်ယောင်ထင်မှား ဖြစ်နေသည်။ “ မင်းက အသီးအနှံတွေ ယူလာရသေးတယ်လား အာ ?”

ကျန်းပေထျန်း ဒီကိုလာရတဲ့ရည်ရွယ်ချက်ကို ရုတ်တရက် သူ နားမလည်တော့ပေ။ ဆန်တစ်အိတ်ပြန်ပေးဖို့ ရှင်းရှင်းလင်းလင်းသိရင် သူယူလာပေးမယ့်လူကို လိုက်ပို့ပေးစရာ မလိုပါဘူး။ 

သို့သော် သူတို့နှစ်ဦး လူကိုယ်တိုင်လာရောက်၍ အသီးအနှံများ ယူဆောင်လာရသဖြင့် မုယိဖန်က အလည်အပတ်ခရီးသည် အလွန်ဆိုးရွားသည်ဟု ခံစားမိသောကြောင့် ကျန်းပေထျန်းက အဘယ်ကြောင့် လုပ်ချင်သည်ကို အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။  “စွန်းဇီယုက မင်းကို အသီးတွေ အများကြီး ပေးလိုက်လို့ ပြန်ပေးတာ” ကျန်းပေထျန်းက ပြောသည်။

မုယိဖန်က အဓိပ္ပါယ်ရှိတယ်လို့ ထင်ပေမယ့် ယဉ်ကျေးတဲ့ ဘုရင်၏ နှုတ်ဆက်ခြင်းကတော့ လွန်သွားပြီ။ 

စွန်းဇီယု၏ လူများသည် မုယိဖန်နှင့်အတူလာသော လူသည် ယူနီဖောင်းဝတ်ထားသော စစ်သားဖြစ်သည်ကိုတွေ့လိုက်ကြပြီး အချိန်မဆွဲဝံ့ဘဲ ဘော့စ်ကို အကြောင်းကြားရန် ခန်းမထဲသို့ ပြေးသွားကြသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now