သူလာနေပြီ (သူလာေနၿပီ)

2.4K 537 37
                                    

သူလာနေပြီ

မုယိဖန်သည် အကြိမ်ကြိမ်ကြိုးစားပြီး နှိုးပေမဲ့ ကားစက်ကမနှိုးပေ။ သူသည် ကလေးထိုင်ခုံခါးပတ်ကို အမြန်ဖြုတ်လိုက်ပြီး ကားပေါ်မှ ကလေးနှင့်အတူ ဆင်းပြေးခဲ့သည်။

နှစ်လှမ်းပင် မပြေးရသေးဘဲ သူသည် အဆင့်မြင့်ဇွန်ဘီ၏ လိုက်ခြင်းကို ခံခဲ့ရပြီး သူ့လမ်းသည် ပိတ်ဆို့ထားခံလိုက်ရသည်။

  ရုတ်တရက် 'ဘန့်၊ ဘန့် ' ဟူသော သေနတ်သံ ထွက်ပေါ်လာပြီး မုယိဖန်၏ ရှေ့တွင် ရပ်နေသော အဆင့်မြင့် ဇွန်ဘီသည် ဘေးဘက်သို့ လျှပ်တပြက်ထွက်ကာ သူ့ခေါင်းထက်မှ ပစ်ခတ်မှုကို ရှောင်ရှားလိုက်သည်။

ကျည်ဆန်သည် မုယိဖန်၏ ခြေချောင်းများရှေ့သို့ ပျံသွားသဖြင့် ကြောက်လန့်ကာ ကလေးကို အမြန်ဆွဲယူပြီး ပွေ့ဖက်လိုက်သည်။ "ဝိုး ! အိုး ! အိုး !" သူ ကမန်းကတန်း မော့ကြည့်လိုက်ပြီး "ရဲဘော်၊ မင်းရဲ့ ပစ်ချက်တွေက နည်းနည်းလောက် ပိုပြီး တိကျလို့မရဘူးလား? "

ရဟတ်ယာဉ်ပေါ်က စစ်သားတွေက သူ့ကို တောင်းပန်သည့် အမူအရာကို အလျင်အမြန် ပြပြီးနောက် အဆင့်မြင်​့ ဇွန်ဘီကို ထပ်မံ ပစ်ခတ်ကြသည်။

မုယိဖန်သည် ကလေးနှင့်အတူ ပြေးရန်အခွင့်အရေးကို ရခဲ့သော်လည်း သူသည် ဇွန်ဘီအရှိန်နှင့် မပြေးခဲ့ပေ။

အဆင့်မြင့် ဇွန်ဘီသည် စတိုးဆိုင်ထဲသို့ လျှပ်တပြက်ဝင်လာပြီး သူ့ခေါင်းထိပ်မှ ပစ်နေသော ကျည်ဆန်များကို ရှောင်ရှားကာ မူရီဖန်၏လမ်းကို ပိတ်ဆို့လိုက်သည်။

မုယိဖန်သည် အဆင့်မြင့် ဇွန်ဘီကို မြင်သောအခါ ချက်ချင်း နောက်ကို နှစ်လှမ်းဆုတ်လိုက်မိသည်။ သူ့မျက်လုံးများကို ကျဥ်းမြောင်းပြီး ဘယ်၊ ညာကြည့်လိုက်သည်။ လွတ်လမ်းမရှိသောကြောင်​့ သူကသေပြီဟု ထင်လိုက်သည်။

"ချင်ထျန်း၊ မင်း နေရာလွတ်ထဲမှာ ပုန်နေလိုက်၊ ထွက်မလာနဲ့အုံး။ " ဟု တိုးတိုးပြောလိုက်သည်။

မုချင်ထျန်းသည် လက်မောင်းအတွင်းမှ မုယိဖန်ကို မော့ကြည့်ပြီး အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ နို့ခဲလေးက " သူလာနေပြီ "ဟုပြောလိုက်သည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now