မင်းက အရမ်းရက်စက်တာပဲ( မင္းက အရမ္းရက္စက္တာပဲ )

2.2K 484 6
                                    

Chapter 115 : မင်းက အရမ်းရက်စက်တာပဲ

"......"

ကျန်းပေထျန်း​က မုယိဖန်၏ အိမ်မက်ကို မသိပေမယ့် သူ့စကားကြောင့် အိပ်မက်ထဲက အကြောင်းအရာက သူနဲ့ အနည်းနဲ့အများ ဆက်စပ်နေတယ်လို့ ခန့်မှန်းလို့ရသည်။

မုယိဖန်က သူ့အကြောင်း အိပ်မက်မက်တယ်ဆိုတာ သိတော့ သူ့ ပါးစပ်ထောင့်က နည်းနည်းလေး အပေါ်ကြွသွားသည်။ သူက လက်ကိုမြှောက်ပြီး လက်ကောက်ဝတ်ပေါ်က နာရီကို ကြည့်လိုက်တော့ "ငါးနာရီခွဲနေပြီ၊ မင်းအိပ်ချင်သေးလား? မင်းအိပ်မက်ကို ပြောင်းပြန်လှည့်ပြီး ဆက်ကြိုးစားဦးမလား? "

မုယိဖန်က သူ့ကို စိုက်ကြည့်ပြီး " မအိပ်တော့ဘူး။ "

သူသာ ဇာတ်လမ်းကို နောက်တစ်ကြိမ် ပြန်လှည့်လိုက်ရင် ကျန်းပေထျန်း မင်္ဂလာခန်းမက ထွက်လာလိမ့်မည်ကို သူကြောက်မိသည်။ နောက်တော့ နှစ်ယောက်သား ဟိုတယ်ထဲကို ခိုးပြေးပြီး ထမင်း ချက်ကြလိမ့်မည်။

A/N- ထမင်းချက်သည် = လုပ်ကြလိမ့်မည်။

" မင်း ဘာသာမင်း တစ်ယောက်တည်း အိပ်တော့။ "

မုယိဖန်က ပြတင်းပေါက်ဆီသို့ ထ လျှောက်သွားကာ ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး မနက်ခင်းရဲ့ အေးမြတဲ့လေကို ရှူရှိုက်ရင်း သူ့ကိုယ်သူ နိုးထစေသည်။

ပြတင်းပေါက်အပြင်ဘက်တွင် ကောင်းကင်တဖြည်းဖြည်းလင်းလာသည်နှင့်အမျှ အိပ်ယာမှထလာသော လူများ၏အသံများ ထွက်ပေါ်လာပြီး ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့သည် ပထမထပ်ရှိ ထမင်းစားခန်းရှိ လူတိုင်းအတွက် နံနက်စာချက်ပြုတ်ပေးနေပြီဖြစ်သည်။ 

ကျန်းပေထျန်းက သူ မအိပ်တေည့တာကို မြင်တော့ သူလည်း အိပ်မပျော်သည်နှင့် ထလိုက်ပြီး  ကျောပိုးအိတ်ကိုယူကာ မုယိဖန်၏ ရှေ့မှာ ထိုင်လိုက်သည်။  "ဒီနေ့မစ်ရှင်အဖွဲ့က ၊ မင်း ရှန်းကော၊ စန်းဇီဟောင်တို့နဲ့ အတူသွားရလိမ့်မယ်။ "

မုယိဖန်က စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်ရင်း " အခု သူတို့အားလုံးက စွမ်းရည်ရှိတဲ့ လူတွေလေ။  ငါ့က ဇွန်ဘီဆိုတာ တွေ့သွားမှာလား?"

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now