မင်းအဖေက မင်းပါးပါးနဲ့ တွဲနေကြတာ
တံခါးအပြင်ဘက် စင်္ကြံမှာ ဘယ်သူမှမရှိဘူး။ အောက်ထပ်က စင်္ကြံမှာလည်း ဘယ်သူမှမတွေ့ဘူး။
မုယိဖနက် လူက အခန်းက ခုန်ချသွားတာဖြစ်မယ်ထင်သည်။ သူက အခန်းထဲက ကလေးကို အမြန်ပြန်ခေါ်ပြီး ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်သည်။
လမ်းပေါ်တွင် ရပ်နေကြသော ကြီးမားသည့် လူအုပ်ကြီး ရှိနေသည်။ လူက လူအုပ်ကြီးထဲ ဝင်သွားလောက်ပြီ ဖြစ်သည်။ ကောက်ရိုးပုံထဲမှာ အပ်တစ်ချောင်းကို ရှာနေရသလိုပင်။
မုယိဖန်၏ မျက်လုံးများက လူအုပ်ထဲကို လှည့်ပတ်ကြည့်ရင်း နောက်ဆုံးတော့ လူအုပ်ထဲမှာ ရပ်နေသော ကျန်းပေထျန်း ခန္ဓာကိုယ်ပေါ်မှာ ရပ်နေသည်။
ခုနကလူက ကျန်းပေထျန်းလို့ သူထင်မိလိုက်သည်။
သို့သော်လည်း သူကြည့်လိုက်တော့ ကျန်းပေထျန်းဟာ လူစုလူဝေးမှာ ရပ်နေပြီး မောင်းယုနဲ့ စကားပြောနေတာကြောင့် အခုလေးတင် အလျင်စလို ဆင်းသွားသူနဲ့ မတူပေ။
မုယိဖန်က သူကလေးကို မေးနေတဲ့ အချိန်မှာ တံခါး မပိတ်မိလို့ စိတ်ရှုပ်ထွေးနေသည်။
သို့သော်လည်း အလျင်စလို ထွက်ခွာသွားသော လူ၏ခြေသံကိုသာ သူကြားလိုက်ရသည်။  တခြားလူက သူ့ကလေးအခန်းတံခါးမှာ ရပ်ပြီး သူ့ကို ခိုးနားထောင်နေစရာမလိုပေ။ အဲ့တာက
တခြားအခန်းက ထွက်လာပြီး အောက်ထပ်ကို ဆင်းလာသည့် သူတစ်ယောက် ဖြစ်နိုင်ချေများသည်။
ဤကဲ့သို့တွေးကာ မုယိဖန်သည် သူပြောသောစကားကို တစ်စုံတစ်ယောက်မှ ခိုးနားထောင်မိမည်ကို မစိုးရိမ်တော့ပေ။ တကယ်လို့ ခိုးနားထောင်ရင်တောင် သူတို့ပြောတာကို သူကနားလည်မည်မဟုတ်ပေ။
အောက်ထပ်မှ လေထုသည် အလွန်လေးလံပြီး ဝမ်းနည်းစရာပင်။
လူတိုင်း အထိတ်တလန့်ဖြစ်ပြီးနောက် သူတို့အဖွဲ့ထဲရှိ လူအများအပြားသည် ဇွန်ဘီများ ဖြစ်လာကြောင်း သိလိုက်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့အဖွဲ့ထဲတွင် လူများစွာ သေဆုံးခဲ့ရခြင်းဖြစ်သည်။
နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now