သူကအဲ့လူမဟုတ်ဘူး( သူက အဲ့လူမဟုတ္ဘူး)

3.8K 647 21
                                    

သူက အဲ့လူမဟုတ်ဘူး

ကျန်းပေထျန်း "......"

မုယိဖန် "......"

ကျန်းကောစုန်းက အော်ဟစ်ရယ်မောလိုက်သည်။

"သားအကြီးဆုံးလား?" မသိနားမလည်သော သူများက မှင်သက်နေကြသည်။ "ဘော့စ်မှာ သား နောက်တစ်ယောက်ရှိနေတာလား ဒါမှမဟုတ် နှစ်ယောက်မကဘူးလား?" 

"​သေစမ်း၊ ဘော့စ်ရဲ့သားက ဘယ်တုန်းက မွေးလိုက်တာလဲ?" 

"ဟုတ်​တယ်​ ဘော့စ် လက်​ထပ်​တုန်းက ငါ ဘာ​ကြောင့်​မကြားတာလဲ?" 

"ဘော့စ်မှာ သားတစ်ယောက်ရှိတယ်ဆိုရင် ဇနီးက ဘယ်မှာလဲ?၊ ဇနီးက ထမင်းစားဖို့ ဆင်းလာတာကို ငါ ဘယ်မှာမှ မတွေ့ပါလား?" 

လူတိုင်းက လှောင်ရယ်နေကြသည်။

မုယိဖန် "....."

မောင်းယု "....."

ကျန်းကောစုန်းက သူတို့စကားကြားတော့ ပိုလို့တောင် ပြုံးလာသည် ။

ကျန်းပေထျန်းက သူတို့ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် စန်းဇီဟောင်ပေါ်သို့ ကျရောက်သွားသည်။ "ကလေးက အရင်က တစ်ယောက်ပဲ။ "

စန်းဇီဟောင်နှင့် မောင်းယုတို့သည် ကြောင်သွားကြပြီး  မုယိဖန် ၏ ရင်ခွင်ထဲမှ ကလေးကို မနေနိုင်မထိုင်နိုင် စိုက်ကြည့်နေကြသည်။

ဒီကလေးက ဘယ်လိုလုပ် နှစ်နှစ်၊ သုံးနှစ် ဖြစ်လာတာလဲ။ တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် ကလေးလေး ဖြစ်လာတာလဲ? 

စန်းဇီ​ဟောင်သည် သံသယများ ပြည့်နှက်နေသော်လည်း လူအများရှေ့တွင် မေးရန်မလွယ်ကူသောကြောင့် သူ၏ သိချင်စိတ်ကို ဗိုက်ထဲသို့သာ  ပြန်​ပြီးမြို့ချနေရသည်။ 

ကျန်းပေထျန်းက အခြားလူတွေကို ကြည့်ပြီး "စားပါ။" ဟုပြောလိုက်သည်။

ကျန်းပေထျန်း သည် ဇနီးနှင့်ပတ်သက်သည့်မေးခွန်းကို မဖြေချင်သောကြောင့် တခြား အကြောင်းအရာကို ပြောင်းလိုက်ကြသည်။ "ဘော့စ်ဉ ကလေးနာမည် ဘယ်လိုခေါ်လဲ?"

ကျန်းပေထျန်း၏ မျက်လုံးများသည် ရှုပ်ထွေးမှုဖြင့် မျက်မှောင်ကြုတ်သွားသည်။ 

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now