တော်သေးတာပေါ့ငါကဇွန်ဘီဖြစ်နေလို့
အဆင့်မြင့် ဇွန်ဘီက အမြူတေကို တွေ့သွားတော့ မုယိဖန်က သူ့ရင်တွေ ကွဲသွားသလို ခံစားလိုက်ရသည်။  
အဆင့်မြင့်သော ဇွန်ဘီများသည် အမြူတေ၏ စွမ်းအင်ကို စုပ်ယူပြီးနောက်၊ ၎င်းသည် အမှန်တကယ် အဆင့်အတန်းမြင့်သော ဇွန်ဘီတစ်ကောင် ဖြစ်လာပေလိမ့်မည်။
၄င်းက လူ့အသားကို မစားနိုင်တော့တဲ့ ဝေဒနာကို ကြံ့ကြံ့ခံပြီး ဝမ်းနည်းတဲ့နေ့ကို ဆက်ပြီး အသက်ရှင်နေရလိမ့်မည်။
ကြီးမားသော ဗီဇပြောင်းလဲမှုမရှိလျှင် ၄င်းက စွမ်းရည်အားဖြင့် အမြင့်သို့ တက်လှမ်းနိုင်စွမ်းရှိသည်။ 
မုယိဖန် က အမြူတေကို အဆင့်မြင့် ဇွန်ဘီက တွေ့သွားပြီဖြစ်သောကြောင့် သူက ဒီမှာ နေစရာမလိုတော့ဘူးဟု ထင်ခဲ့သည်။ အဆင့်မြင့် ဇွန်ဘီက သူ့ကိုမတွေ့ခင် ကလေးကို ခေါ်သွားလိုက်တာ ပိုကောင်းပါတယ်။ 
"ချင်ထျန်း ဒီကနေ အရင် ထွက်ကြရအောင်။ "
သူက ခေါင်းကိုလှည့်ကြည့်တော့ "ဘယ်မှာလဲ၊ သူ့ပတ်ဝန်းကျင်မှာ ကလေးလေးက မရှိတော့ဘူး။"
မုယိဖန်က ထိတ်လန့် တကြား အော်လိုက်ပြီး " ချင်ထျန်း ? ချင်ထျန်း ? မင်း ဘယ်မှာလဲ   . . . ”
သူ အကြိမ်ကြိမ် အော်ခေါ်တာတောင် ကလေး ရဲ့ တုံ့ပြန်သံ ကို မကြားရပေ။
မုယိဖန်က စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်သည်။
ထူးဆန်းလိုက်တာ!
အခုလေးတင် ကလေးက သူ့ဘေးမှာရှိနေတာပါ။
ဘာ်လိုဖြစ်လို့ မျက်လုံးတစ်မှိတ်အတွင်းမှာ ဘယ်သူမှ မရှိတော့တာလဲ? 
သူက နေရာလွတ်ထဲကို ပြေးသွားတာလား ? 
မုယိဖန် က ကလေးထွက်လာတာကို စောင့်နေလိုက်သည်။
သူက အဆင့်မြင့်ဇွန်ဘီ၏ နံဘေးကို ကြည့်ရန် ခေါင်းကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သော်လည်း အဆင့်မြင့် ဇွန်ဘီသည် သေးငယ်သော အရုပ်လေး၏ ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုရုပ်သေးသေးလေးက သူ့ကို အလွန်ရင်းနှီးသွားစေသည်။
နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now