ငါ မင်းကို ကိုက်မှာ မဟုတ်ဘူး
ကျန့်လဲ့က ပြုံးပြီးပြောသည်။ "မစ္စတာ မု၊ အဲ့ညက တစ်ယောက်ကို တစ်ယောက် မမြင်နိုင်လောက်အောက် အရမ်းမှောင်နေတယ် လို့ ကျွန်တော်ပြောခဲ့တယ်လေ။ ကျွန်တော် ပေးလိုက်တဲ့ ဆာရှီမိက ဗိုလ်မှူးက ခင်ဗျားကို ပေးတယ်လို့ ဘာလို့ထင်တာလဲ? အဲ့ဆာရှီမိက ဗိုလ်မှူးက ခင်ဗျားအတွက် ပို့ခိုင်းလိုက်တာဆိုရင် ကျွန်တော်က မမှတ်မိပဲနေမလား? "
မုယိဖန်က စကားမပြောပဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မျက်လုံးများကိုသာ စိုက်ကြည့်နေသည်။
ကျန့်လဲ့က မုယိဖန်၏ စိုက်ကြည့်နေသောကြောင့် စိတ်မသက်မသာ ဖြစ်နေသည်။ သူထွက်သွားဖို့ အကြောင်းပြချက်ကို အမြန်ရှာတွေ့ခဲ့သည်။ "ဦးလေး ကျန်း၊ အဖေနဲ့ အမေက ကျွန်တော် ပြန်လာတာကို စောင့်နေတုန်းပဲ။ နောက်မှပြောကြတာပေါ့နော်။"
ကျန်းကောစုန်းက ခေါင်းညိတ်ပြသည်။ "ကောင်းပြီ၊ ငါတို့ အခြေချဖို့ကို စောင့်လိုက်အုံး၊ မင်းရဲ့မိဘတွေနဲ့ အတူတူနေဖို့ကို ဦးလေး လာခေါ်မယ်။" ကျန့်လဲ့က ထွက်သွားတော့ ကျန်းကောစုန်းက မုယိဖန်ဘက်ကို ချက်ချင်းလှည့်ပြီး ပြောသည်။ "အဲ့ကလေးက မင်းကို ဆာရှိမိကို ဘယ်သူပို့လိုက်တာလဲဆိုတာ သေချာပေါက်သိတယ်။"
မုယိဖန်က ကျန်းပေထျန်းရှိရာ အရပ်ကိုကြည့်ပြီး စိတ်တွေ အရမ်းရှုပ်ထွေးနေသည်။ " အဲ့တာက ကျန်းပေထျန်းဆီက ဖြစ်သင့်တာ။ "
သူက အမျိုးသား ဇာတ်လိုက်အကြောင်း သိတာ နည်းသထက်နည်းလာတယ်လို့ ခံစားနေရတယ်။ သူက အမျိုးသားဇာတ်လိုက်ကို သတ်ချင်တဲ့ အချိန်တိုင်း ဘာ့ကြောင့် သူက ထူးဆန်းနေတာလဲဆိုတာ နားမလည်နိုင်ဘူး?
ကျန်းကောစုန်းက ပြုံးပြီးပြောသည်။ "ဗိုလ်မှူး ကျန်းက မင်းကို ဂရုစိုက်တယ်လို့ ငါပြောသာစပဲ။ သူက မင်းကို ရန်သူအဖြစ် မှတ်ယူတယ်လို့ အမြဲပြောဖူးပေမယ့် သူက အခုထက်ထိ မင်းကို ရန်သူလို ဆက်ဆံတာ မတွေ့ဖူးသေးဘူး။ ဒါပေမဲ့သူက မင်းကို ဗီလာထဲကို လွတ်လွတ်လပ်လပ် ဝင်ခွင့်၊ ထွက်ခွင့် ပေးထားတယ်။"
YOU ARE READING
နံပါဝမ်း ဇွန်ဘီဇနီးလေး
Romanceအရင် Acc ကဝင်မရလို့ Book ခွဲလိုက်ပါပြီနော် Book 1 ကို Boရဲ့ Reading list ထဲမှာ ဝင်ကြည့်ပေးကြပါရှင့်