အခန်း - ၁၄၁

920 218 10
                                    

အခန်း 141: ငါ မြစ် ?

ဇွန်ဘီ အုပ်စုသည် ယခင်ကကဲ့သို့ မတိုက်ခိုက်ဘဲ အပြန်ပြန်အလှန်လှန် လျှောက်သွားကာ၊ ဤတစ်ကြိမ်တွင် သူတို့အားလုံးသည် အလယ်လမ်းမကြီးကနေ ကျောခိုင်းကာ ယခင်နေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြန်သွားခဲ့ကြသည်။

မုယိဖန်သည် စတီယာရင်ပေါ်ကို ငုံ့ပြီး အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများကို ပွတ်သပ်လိုက်သည်။

စန်းဇီဟောင်၊ လုလင်းနှင့် ကျန်းပေထျန်း တို့က ဒုဗိုလ် ကျိုး မောင်းလာတာတွေ့တော့ အားလုံး ကားထဲက ထွက်လာကြသည်။ ဒုဗိုလ် ကျိုးက သူတို့ကိုမြင်ပြီး သက်ပြင်းတစ်ချက်ချရင်း "ဒါဟာ ကြီးကျယ်တဲ့အန္တရာယ်တစ်ခုပဲ၊ အရင်ကတော့ ဒီန့ ဇွန်ဘီလှိုင်းမှာ ငါတို့ အမြှုပ်ခံရပြီထင်တာ။ ဇွန်ဘီတွေက ရုတ်တရက် ​ပြန်လှည့်သားလိမ့်မယ်လို့ ဘယ်သူမှမမျှော်လင့်ထားဘူး၊ ထူးဆန်းတယ်နော်။ !"

"ဒါက ဒုဗိုလ် ကျိုး၊ ခင်ဗျားက ကံကောင်းတာ" ကျန်းပေထျန်းက ထရပ်ကားပေါ်မှ မုယိဖန်ကို ကြည့်နေရင်းပြောလိုက်သည်။

ဒုဗိုလ်ကျိုးက ရီလိုက်ပြီး "မင်းတို့ မြောက်ဘက် B Cityကို သွားမလား? ဒါဆို အတူတူ သွားကြရအောင်။"

သူတို့ စကားစမြည်ပြောနေကြစဉ် မုယိဖန်သည် ကားထဲကထွက်လာပြီး အဝေးက တောင်တန်းတွေကို မျှော်ကြည့်ရင်း အလယ်အလတ်အဆင့် ဇွန်ဘီအုပ်စုက သူတို့ကို စိုက်ကြည့်နေတယ်လို့ ခံစားရသည်။

မှန်းဆရလျှင် ၎င်းတို့သည် ဤဇွန်ဘီလှိုင်းကို ဦးဆောင်နေသူများဖြစ်နိုင်သည်။ သို့သော် ဝေးလွန်းသောကြောင့် ဇွန်ဘီများ၏ ပုံသဏ္ဍာန်ကို မမြင်ရပေ။

ထို့အပြင် ၄င်းတို့သည် မိုက်မဲပြီး တိုက်ခိုက်လိုသည်ဟု သူခံစားရသည်။

မုယိဖန်သည် တောင်ကြီးဆီသို့ ပြင်းပြင်းထန်ထန်စိုက် ကြည့်လိုက်ပြီးနောက်  တောင်တန်းပေါ်မှ ဇွန်ဘီများကို အောက်က ဇွန်ဘီအုပ်စုကို မောင်းထုတ်ရန် အတွေးတစ်ခု ပေးပို့လိုက်သည်။

တောင်ပေါ်ရှိ ဇွန်ဘီများသည် ၎င်းတို့ထက် အဆင့်မြင့်မားသော ဖိအားကို ခံစားမိကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားခဲ့သည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now