အခန်း 132

1.4K 303 9
                                    


အခန်း 132- မြန်မြန် ပြန်ပျော့စမ်း

ထိုညနေခင်းတွင် မုယိဖန်နှင့် ကျန်းပေထျန်း တို့ ညစာစားပြီးနောက် မုယိဖန်က ကျန်းကောစုန်းအခန်းထဲသို့ လှစ်ခနဲ ဝင်သွားသည်။

ကျန်းကောစုန်းက မုယိဖန် ဝင်လာတာကိုတွေ့တော့ ချက်ချင်းလှောင်ပြောင်ပြီး "မင်း ဗိုလ်မှူး ကျန်း နောက်ထပ် အနေခက်တဲ့အခြေနေဖြစ်လို့ မင်း သူ့ကို ပုန်းဖို့ ဒီကိုလာတာလား။ "

" မဟုတ်ဘူး။ " မုယိဖန်က ပြုံးပြီး ကျန်းကောစုန်း ဘေးနားမှာ ထိုင်ပြီး " ချင်ထျန်း ဘယ်မှာလဲ? "

"သူ မောင်းယုနဲ့ လုလင်းတို့ အခန်းမှာ ကစားနေတယ်။ ခဏနေမှ ပြန်လာလိမ့်မယ်။ "

ကျန်းကောစုန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း ငါ့ကို မေးစရာရှိလို့လား? " မုယိဖန်က ခေါင်းကို ကိုးရိုးကားယား ကုတ်ခြစ်ကာ ချောင်းဆိုးလိုက်ပြီး "အဲဒါ...ခင်ဗျား ကျွန်တော့်ကို နောက်ဆုံးအကြိမ် ပြောဖူးတယ်။ နမ်းလိုက်တော့....ကျွန်တော့် ရင်ဘတ်တွေ အရမ်းခုန်သွားတယ်၊ နမ်းပြီးရင် အတွေးပေါင်းစုံနဲ့ ပျော်သွားတယ်၊ ဆိုလိုတာက ကျွန်တော် တစ်စုံတစ်ယောက်ကို သဘောကျနေတာ... မဟုတ်လား?"

"ဟုတ်တယ်။ " ကျန်းကောစုန်းက သူ့ကို ပြုံးပြလိုက်ပြီး "ဘာလဲ၊ ဗိုလ်မှူး ကျန်း ကို မင်း သဘောကျနေတာလား? မင်း သူ့ကို သဘောကျတာ မသေချာရင် မင်း အနမ်းထဲက လူတစ်ယောက်ကို တခြားလူကို ပြောင်းပစ်ဖို့စိတ်ကူးကြည့်လိုက်၊ မင်း ဒီလို ခံစားရသေးလား?"

မုယိဖန်က ရုန်ယန်ကို နမ်းဖို့ ချက်ခြင်းတွေးလိုက်ပေမယ့် ဘာမှမခံစားရဘူး။

ကျန်းကောစုန်းက သူ တိတ်တိတ်ဆိတ်ဆိတ်နေနေတာကို မြင်တော့ စိတ်ကူးမယဉ်နိုင်ဘူးလို့ထင်ပြီး "ကောင်းပြီ၊ မင်းငါ့ကိုကြည့်.... မင်း ငါ့ကိုတွေးလိုက်....."

မုယိဖန်က ကြားလိုက်တာနဲ့ သူ့ခေါင်းထဲကစိတ်ကူးယဉ်အရာက ကျန်းကောစုန်း ဖြစ်သွားပြီး ချက်ချင်းဆိုသလို တုန်လှုပ်သွားကာ "ရပ်တော့....ရပ်တော့....ရပ်လိုက်တော့... ကျွန်တော့်ကို အန်ချင်အောင် မလုပ်ပါနဲ့တော့။ "

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now