အခန်း - 136

2.4K 320 12
                                    


အခန်း 136:အဲ့တာကတကယ်လာတာပဲ



ရုန်ရွှယ်က ကျန်းပေထျန်းကို သတိနဲ့ကြည့်နေပြီး သူမကို B City ကို ပို့ပေးမယ်ဆိုတာ မယုံကြည်ခဲ့ဘူး။

ကျန်းပေထျန်းက သူမကို အများကြီး မပြောပေ။သူမက မတတ်လာဘူးဆို​တော့ သူကတံခါးကို ပိတ်ပြီး စတင်စက်နိုးလိုက်သည်။

ရုန်ရွှယ်သည် ကျန်းပေထျန်း ထွက်ခွာသွားသည်ကိုမြင်သောအခါ စိုးရွံ့သွားပြီး "ခဏ......ခဏစောင့်ပါအုံး။"

ကားမရပ်ခင် ဆယ့်ငါးမီတာအကွာအထိ သူမက သေတ္တာကို ဆွဲယူသွားသည်။

ကျန်းပေထျန်းသည် မှန်ပြတင်းပေါက်ကို ချလိုက်ပြီး သူမကို စိုက်ကြည့်နေသည်။

"ရှင် ကျွန်မကို B City ကို တကယ်ခေါ်သွားပေးမှာလား? "

တကယ်တော့ သူမဆံပင်ကို မီးရှို့ခဲ့တဲ့လူကို သူမတကယ်မယုံပေမယ့် B City ရဲ့ ဆွဲဆောင်မှုက ကြီးမားလွန်းသည်။

B City သည် မြို့တော်ဖြစ်သောကြောင့် အခြားမြို့များထက် ရှုထောင့်တိုင်းက ပိုကောင်းသည်။ B City သည် ဘဝ လုံခြုံရေး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက ကျန်းပေထျန်းသည် သည် အဖွဲ့များကို မြောက်ဘက်ရှိ B Cityသို့ သွားခိုင်းမည် မဟုတ်ပေ။

ကျန်းပေထျန်းက စိတ်မရှည်စွာ ပြောလိုက်သည်။  "မင်း ကားပေါ် တက်မှာလား မတက်ဖူးလား?"

ရုန်ရွှယ်သည် သေတ္တာကြီးနှစ်လုံးကို နောက်ထိုင်ခုံ၏ဘယ်ဘက်သို့ အလျင်အမြန်ပစ်ချပြီးနောက် နောက်ထိုင်ခုံ၏ ညာဘက်သို့ပြေးကာ ထိုင်လိုက်သည်။

ရှေ့ခုံမှာ ကျန်းပေထျန်းနဲ့ တစ်တန်းတည်းထိုင်ရတာက သူမကို စိတ်မလုံခြုံစေသလို ခံစားရစေသည်။ ကျန်းပေထျန်းက သူမကို ဘာလုပ်မှာလဲဆိုတာ တကယ်ကို စိုးရိမ်နေမိသည်။

ကျန်းပေထျန်းသည် ကားကိုစတင်လိုက်ပြီး အနောက်စွန်းသို့ ဦးတည်ထွက်ခွာသွားခဲ့သည်။

ရုန်ရွှာသည် ကားကအနောက်ဘက်သို့ ဦးတည်သွားသည်ကို မြင်လိုက်ရတော့ သူမ၏ နှလုံးသားသည် တဖန်စိုးရိမ်လာကာ ကျန်းပေထျန်းသည် သူမအား ဇွန်ဘီ အမှိုက်ပုံထဲသို့ ပစ်ချမည်ကို အလွန်စိုးရိမ်နေသည်။

နံပါ​ဝမ်း ဇွန်ဘီဇနီးလေးWhere stories live. Discover now