Chapter - 42.1(U+Z)

10.9K 2K 54
                                    

//UNICODE//

အခန်း 42 - နားလည်မှုလွဲမှားခြင်း 1

အဆင်​ပြေပါတယ်?

စုလင်း သက်ပြင်းချလိုက်မိပြီး

"ခင်ဗျား ကိုယ့်အသံကိုယ်လည်း နား​ထောင်ကြည့်ပါဦး။ အဲ့ဒါက အဆင်​ပြေတာလား? ခုက​ရော အပြင်ထွက်မလို့လား?"

ကုလီဟန်က ဝတ်စားပြင်ဆင်ထားပုံက အိမ်မှာပဲ ​နေမည့်ဟန်မ​ပေါ်​ချေ။

ကုလီဟန် ​ချောင်းအနည်းငယ် ဟန့်လိုက်သည်။ သို့​သော် သူ့အသံကို​ ပိုပြီး သဘာဝကျမလာ​စေ​ပေ။

"အမ်း ခဏ​နေမှ သွားမှာပါ ဒါ​ပေမဲ့ အထဲဝင် ဧည့်ခန်းထဲမှာ ခဏနား​ဦး"

စုလင်း ဧည့်ခန်းထဲ​လျှောက်လာကာ တစ်ချက်ကြည့်လိုက်သည်။ သူ ပန်းအိုးထဲမှာ ယမန်​နေ့က ထိုးထားခဲ့သည့် နှင်းဆီတို့ ​ခြေရာလက်ရာပင်မ​တွေ့။ သို့​သော် စုလင်း ဘာမှ မ​မေးဘဲ ယ​​နေ့ယူလာသည့် ပန်းတို့ကိုသာ ပန်းအိုးထဲ ထိုးလိုက်သည်။ ထို့​နောက် ကုလီဟန်ရဲ့မျက်နှာကိုကြည့်ကာ

"ကျွန်​တော်​တော့ ခင်​ဗျား နည်းနည်း​လောက်ပိုအိပ်သင့်တယ်ထင်တယ်။ အပြင်ထွက်တာ ​ကောင်းတဲ့ရွေးချယ်မှု မဟုတ်ဘူး"

ကုလီဟန် စုလင်းကို ပြန်ကြည့်ကာ နှုတ်ခမ်းပါးတို့ကို တင်းတင်း​စေ့မိလျက် အသံနိမ်နိမ့်ဖြင့်

"ရပါတယ်"

စုလင်း နူးညံ့စွာ ​မေးလိုက်သည်။

"ကိစ္စတစ်ခုခု ရှိလို့လား?"

ယေဘူယျအားဖြင့် ကောင်းကောင်းအိပ်မ​ပျော်နိုင်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နိုင်သည်။

အဲ့ဒါကို ဘာလို့ သူက အခု အပြင်ထွက်ဖို့လုပ်​နေရတာလဲ?

ကုလီဟန်ရဲ့​လေသံတွင် ခံစားချက်တစ်စုံတစ်ရာမရှိဘဲ ပြန်​ဖြေသည်။

"ဘာမှ မရှိဘူး"

စုလင်းအလွန် အကူအညီမဲ့သလို ခံစားရသည်။ တစ်ဖက်လူက သူ့ချစ်သူဖြစ်နေရင် သူက လက်ကမ်း၍ ပွေ့ဖက်ပေးလို့ရသည်။ ယခုမူ သူ(GLH)က ဘာမှ ထပ်မပြောချင်တာသိသာလှသည့်အပြင် တစ်ခုခု​ပြောမိမှာကိုပင် ​ရှောင်ကြဥ်​နေသလိုဖြစ်ရာ စုလင်းလည်း ဘာမှမတတ်နိုင်ပေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now