အပိုင်း ၁ - ကူးပြောင်းသွားခြင်း

10.4K 582 5
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁ - ကူးပြောင်းသွားခြင်း


ရှည်လျားသော အမှောင်ထုထဲတွင် အချိန်အတော်ကြာ လျှောက်သွားရင်း အဆုံးမသိသည့်အချိန်မှာ အဖြူရောင်အလင်းတန်းတစ်ခုက သူမရှေ့တွင် တောက်ပလာခဲ့သည် ။ နောက်တစ်စက္ကန့်တွင် အိပ်ယာပေါ်တွင် လဲလျောင်းနေသော လူတစ်ယောက်၏ မျက်တောင်များ တုန်ခါကာ ဖြည်းညှင်းစွာ မှိတ်ထားသော မျက်လုံးများက ဖွင့်လာသည်။

စုယွဲ့က နောက်ဆုံးတွင် သူမနိုးလာကြောင်း သေချာအောင် မျက်တောင်ခတ်လိုက်သည်၊ သူမ၏ မျက်လုံးများ လှုပ်ရှားသွားကာ ငြိမ်သက်နေတဲ့ သူမပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက်ကြည့်နေသည်။

ကြမ်းတမ်းတဲ့ကြမ်းပြင်နဲ့ အက်ကွဲနေသော မြေသားနံရံတွင် အပေါက်ဖောက်ထားပြီး ပုံတစ်ပုံချိတ်ထားသည် ။  ပုံအောက်မှာ စားပွဲတစ်လုံးရှိပြီး  စားပွဲဘေးတွင် မှောင်မဲနေသော ဗီရိုဟောင်းတစ်ခုရှိသည်။

ဒါအပြင် အခန်းထဲမှာ ဘာမှ မရှိတော့ဘူး။

စကားလုံးတစ်လုံးသာရှိသည်။ တစ်ခန်းလုံးက အကျိုးအပဲ့တွေ ။

စုယွဲ့က သူမရှေ့က အဖြစ်မှန်များကို လုံးလုံးချေဖျက်ပြီးသည်အထိ စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး “စနစ်၊ မင်းရှိသေးတယ်မလား ?”

အသံထွက်သွားသည်နှင့် တပြိုင်နက် ယောက်ျားသံ ၊မိန်းမသံ ခွဲခြားမရသော အသံက သူမခေါင်းထဲတွင် ပဲ့တင်ထပ်လာသည်- "host  မင်းရဲ့ အောင်မြင်တဲ့ခရီးအတွက် ဂုဏ်ယူပါတယ် ၇၀ ခုနှစ်မှ ကြိုဆိုပါတယ်"

သူမ တကယ်ကို ကူးပြောင်းလာတယ် ။ ဒါက တကယ်ကို စိတ်ကူးယဉ်ဆန်တာမဟုတ်ဘူး၊ သူမက သေပြီးတော့ ကူးပြောင်းရမယ့် ကိစ္စတစ်ခုကို တကယ်ကြုံတွေ့ခဲ့ရပြီး စနစ်တစ်ခုလည်း ရရှိခဲ့ပါတယ်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now