အပိုင်း ၆၅ - လှေကားထက်မှ အကြောက်တရား

2.2K 281 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၆၅ - လှေကားထက်မှ အကြောက်တရား

အပ်ချုပ်စက် ၀ယ်၍မရသည်ကို ဟန်အိုက်ကော သိသွားသည့်အခါ အပ်နှင့်အပ်ချည်ကိုယူကာ သူ့ဘာသာပဲ အ၀တ်များကို ချုပ်တော့သည်။ စုယွဲ့ကို နှစ်သိမ့်ပေးဖို့လည်း မ​မေ့ခဲ့ပေ။ " ရပါတယ်၊ ကိုယ်ချုပ်ပေးမယ်လေ။ ကလေးလေး မမွေးခင်အထိ ညတိုင်းချုပ်ပေးမယ်။ ကိုယ်ကောင်းကောင်းချုပ်တက်ပါတယ်။ "

စုယွဲ့သည် ကျေနပ်သွားကာ ဟန်အိုက်ကော လည်ပင်းကိုဖက်ပြီး ပြင်းရှရှအနမ်းတစ်ပွင့် ပေးလိုက်ပြီးနောက် ချွဲ့နွဲ့ကာ ပြောခဲ့သည်။ " ယောက်ျား၊ ရှင်က ဘာလို့ အဲ့လောက် စိတ်ထားကောင်းရတာလဲ။ ချစ်လွန်းလို့ သေတော့မှာပဲ ~ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးခင်ပွန်းပဲ၊ ပြန်ငြင်းခွင့် မပေးဘူး။ "

ဇနီးချောလေးရဲ့ ချွဲနွဲ့မှုအောက်တွင် မထိန်းချုပ်နိုင်သော ဟန်အိုက်ကောသည် ဒီနတ်သမ်ီးလေးအား သူ့အောက်တွင် ဖိထားကာ စားပစ်လိုက်ချင်သော်လည်း ဗိုက်ထဲရှိကလေးလေးအား တွေးပြီး သည်းခံနေရသည်။ ကိုယ်၀န်ရှိကာစ သုံးလကို အတော်လေးဆင်ခြင်ရမည်ဖြစ်၍ ဟန်အိုက်ကောမှာ အပ်ချုပ်ခြင်းကိုသာ အာရုံစိုက်နေရကာ စိတ်ထဲမှလည်း စစ်တပ်ရေးရာ စည်းမျဥ်းဥပဒေသများကို တွေးရင်း အတွေးညစ်များကို ချိူးနှိမ်နေရတော့သည်။

စုယွဲ့လည်း သတိထားမိကာ ထိုလူ၏ အောက်တစ်နေရာအား ကြည့်လိုက်မိသော်လည်း ပြဿနာမရှာရဲပေ။ တကယ်ကြီး မထိန်းနိုင်တော့ပါက ကိုယ်၀န်ဆောင်သည်လေး သူမမှာ ဒုက္ခများရလိမ့်မည်။ သို့ဖြစ်၍ စကားလမ်းကြောင်းလွှဲတော့သည်။ " ကလေးရေ ကြည့်ပါဦး။ ဖေဖေက အင်္ကျီတွေကို သေချာအာရုံစိုက်ပြီး ချုပ်ပေးနေတာ။ မေမေက အသုံးမကျတော့ ကလေးလေးရဲ့ အ၀တ်တွေက ဖေဖေ့ကိုပဲ အားကိုးနေရတာပေါ့။ ဒါကြောင့် အပြင်ကို ထွက်လာရင် ဖေဖေ့ကို အာဘွာကြီးကြီး ပေးရမယ်နော်။ ဖေဖေ့ကို ကျေးဇူးတင်ကြောင်း ပြရမယ် ဟုတ်ပြီလား။ " ဗိုက်ချပ်ချပ်လေးကို ကိုင်ပြီး စုယွဲ့က ပြောလိုက်သည်။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now